မြန်မာစစ်တပ်ကို အိုင်စီစီကအရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ တောင်းဆို

အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ မြန်မာ စစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ( ICC ) က အရေးယူပေးဖို့ ကုလသမဂ္ဂ အရာရှိ ဟောင်းတွေနဲ့ ဖွဲစည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ ( SAC – M) က ဒီဇင်ဘာ ၁၅ ရက်မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ 

“တရားမျှတမှုရရှိနိုင်တဲ့လမ်းကြောင်းတွေ အခု ရှိနေတာတောင် ပြည်သူတွေအပေါ် ရိုင်းရိုင်း စိုင်းစိုင်းပြုမူနေတဲ့ စစ်တပ်ကိုအရေးယူဖို့ ဘာ ကြောင့်နှောင့်နေးနေရတာလဲလို့” အကြံပေး ကောင်စီ အဖွဲ့ဝင် Marzki Darusman ကမေး ခွန်းထုတ်လိုက်ပါတယ်။

 မြန်မာစစ်တပ်ခေါင်းဆာင်တွေကို အခုအရေး ယူမှုမလုပ်နိုင်ဘူးဆိုရင် ICC ကိုဖွဲ့စည်းတည် ထောင်ခဲ့တဲ့ရည်ရွယ်ချက်တွေ ရေစုံမျောသွား မှာ ဖြစ်တယ်လို့ လည်းသူကဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခု နှစ်ကစလို့  အခုအချိန်ထိ ကာလ တလျောက် လုံး လူ့အခွင့် အရေးချိုး ဖောက်မှုတွေကို ရက် ရက်စက်စက်ကျူး လွန်နေတယ်လို့  ကုလအ ရာရှိဟောင်းတွေကဝေဖန်ပါတယ်။

မြန်မာနိုင်ငံကလူ့အခွင့်အရးအခြေအနေတွေဟာ ဒီနှစ်ထဲမှာ ပိုပြီးတောင်ဆိုးဝါးလာခဲ့တယ်လို့ (SAC-M) အဖွဲ့ဝင် ယန်ဟီးလီကပြောပါတယ်။ 

လူ့အခွင့်အရေးတွေကို ကာလတ လျောက် လုံးချိုးဖောက်နေတဲ့ မြန်မာစစ်တပ် ခေါင်း ဆာင်တွေကို ICC တရားရုံးအနေနဲ့ အရေးယူ နိုင်တဲ့အခွင့်အရေးရှိပြီး အရေးယူရမှာ လည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

 မြန်မာစစ်ခေါင်းဆောင်တွေကို သူတို့လုပ်ရပ် တွေအတွက် တာဝန်ခံမူ၊ တာဝန်ယူမူ ရှိအောင် လုပ်နိုင်မှသာ စစ်တပ်ကအကြမ်းဖက်မှုတွေ ရပ်တန့်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်း ဖက်မှုတွေကျူးလွန်နေတာကိုရပ်တန့် အောင် မလုပ်နိုင်မချင်းဆက်လက်ကျူးလွန်မှာဖြစ်တဲ့အတွက် ICC တရားရုံမှာ မင်းအောင်လှိုင် နဲ့သူ့ ဗိုလ်ချုပ်တွေကို တရားစွဲဆိုနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဖြစ်နိုင်သမျှအ ရာအား လုံး လုပ်ဆာင်ရမှာဖြစ်တယ်လို့ ယန်ဟီးလီက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုတွေအ တွက် ၂၀၁၉ ခုနှစ်မှာ ICCတရားရုံးက စုံစမ်း စစ် ဆေးမှုစတင်ခဲ့ပြီး စစ်ရာဇဝတ်မှု အ ထောက်အထားတွေ အများအပြားရှိတယ်လို့ ပြောဆိုနေပေမယ့်မြန်မာစစ်ခေါင်းဆောင်တွေကိုလက်တွေ့ရေးယူဆောင်ရွက်နိုင်တာမျိုးမရှိသေးပါဘူး။