နိုင်ငံရေး

မြဝတီမှာ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံတသောင်းဝန်းကျင်စစ်ရှောင်နေရ

ဧပြီ၊ ၈   ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးတဝိုက်ဒေသအတွင်းမှာ လက်ရှိအချိန်ထိ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဘက်စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ရှောင်တွေလည်း နေ့စဉ်တိုးနေကာ ဒေသခံတသောင်းဝန်းကျင်လောက် ထိုင်းနိုင်ငံဘက်နဲ့ မြန်မာဘက် သောင်ရင်းမြစ်ကမ်းမှာ စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လားရှိုးမှာ တိုက်ပွဲမဖြစ်ဘဲ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုလုပ်လို့ မိသားစုဝင်သုံးဦးဒဏ်ရာရ

ဧပြီ၊ ၈   ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နားမခေါ်ကျေးရွာအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က တပ်ဖွဲ့တခု လှုပ်ရှားနေချိန် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသုံးဦး ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေး လမ်းလျှောက်သင်္ကြန်မှာ မဖြစ်မနေပါဝင်ဖို့ စစ်အုပ်စုက Non – CDM ဝန်ထမ်းတွေကို ဖိအားပေးနေ

ဧပြီ၊ ၈   မန္တလေးတိုင်း စစ်ကောင်စီက လာမယ့်သင်္ကြန်ပွဲတော်ကို အရင်အစိုးရလက်ထက်တွေကလို ပြန်လည်စည်ကားစေဖို့ ကြိုးပမ်းနေသလို ကျူံးတောင်ဖက်မှာလုပ်မယ့် လမ်းလျှောက်သင်္ကြန်အတွက်လည်း Non-CDM ဝန်ထမ်းတွေကို ဖိအားပေးတာတွေ ရှိနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။   စစ်အုပ်စုက သူတို့လက်အောက်ခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာမြို့မှာဓားပြမှု တလလေးကြိမ်နီးပါးအထိရှိပြီး ပျမ်းမျှတနေ့မှုခင်းဖြစ်ရပ်နှစ်ခု ပုံမှန်ရှိနေ

ဧပြီ၊ ၈ စစ်ကိုင်းတိုင်းထဲမှာ အခုနှစ်ဇန်နဝါရီလကုန်အထိ ခြောက်လအတွင်း မှုခင်းဖြစ်စဉ်ပေါင်း ငါးရာကျော်ဖြစ်ခဲ့ပြီး ဒီထဲက ထက်ဝက်ကျော်ဟာ မုံရွာမြို့နယ်ထဲ မှာဖြစ်ခဲ့တယ်လို့ ဥပဒေရေးရာနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တခုဖြစ်တဲ့ ပဥ္စမမဏ္ဍိုင်အဖွဲ့ရဲ့ လေ့လာစောင့်ကြည့်မှုမှတ်တမ်းတွေအရ သိရပါတယ်။ လက်ရှိပဋိပက္ခအခြေအနေတွေမြင့်တက်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟုမ္မလင်းမြို့ သပိတ်ခေါင်းဆောင်ကို စစ်ကောင်စီက ထောင်ဒဏ်ဆယ်နှစ်ကျော်ချမှတ်

ဧပြီ၊ ၈   စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်း အာဏာသိမ်းမှုဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကိုကျော်ဝင်းစိန်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၁၁)နှစ်ကျော် ချမှတ်လိုက်သလို တခြားဒေသခံကိုးဦးကိုလည်း တရက်တည်းထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို ဟုမ္မလင်းမြို့နယ်တရားရုံးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်သာဒီချုပ်ရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီး

ဧပြီ၊ ၇ မန္တလေးတိုင်း၊တောင်သာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်တွေက ဧပြီလ ၇ ရက် ဒီကနေ့ည ကိုးနာရီဝန်းကျင်မှာ လာရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပါတီနဲ့ နီးစပ်သူ တွေက DNA ကို ပြောပါတယ်။  “မီးပျက်နေတုန်းမှာ လုပ်သွားတာ၊မှန်တွေရိုက်ခွဲပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သတိပေးမှုတွေရှိနေပေမယ့် ရန်ကုန်မှာ ပုဂ္ဂလိက သင်္ကြန်ရေကစားမဏ္ဍပ်တွေဆောက်နေ

ဧပြီ၊ ၇ စစ်ကောင်စီကျင်းပမယ့် သင်္ကြန်မှာ ပူးပေါင်းပါဝင်မှုမလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေး ထုတ် ပြန်ပြောဆိုမှုတွေရှိနေပေမယ့် သင်္ကြန်ကာလနီးကပ်လာတာနဲ့အမျှရန်ကုန်မြို့အနှံ့မှာပုဂ္ဂလိကရေကစားမဏ္ဍပ် တွေဆောက်လုပ်လာနေကြပါတယ်။ မူလက စစ်ကောင်စီရဲ့မြို့တော်ဝန်မဏ္ဍပ်၊ရန်ကုန်တိုင်းအစိုးရနဲ့ဌာနဆိုင်ရာမဏ္ဍပ်တချို့သာ ဆောက်လုပ်မှု ရှိရာ ကနေ ဒီရက်ပိုင်းမှာ ပုဂ္ဂလိကရေကစားမဏ္ဍပ်တွေလည်း ဆောက်လုပ်တာတွေ့လာရတယ်လို့ ရန်ကုန်မြို့ခံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းပြည်တက်တဲ့ စစ်ကောင်စီယာဉ်တန်း အထိနာလို့ ရွာတွေကို မီးပိုရှို့

ဧပြီ ၊ ၇ ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့ စစ်ဗျူဟာသို့ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်အင်အားပို့လာတဲ့ စစ်ကောင်စီ ယာဉ်တန်းဟာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အထိနာပြီး စစ်ကြောင်းတလျှောက်က ကျေးရွာတွေကို ပိုမိုမီးရှို့မှုတွေ လုပ်လာတယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲနယ်က M7 PDF စခန်းစီးနင်းခံရမှုမှာတပ်ဖွဲ့ဝင်ခုနစ်ဦးကျဆုံး

ဧပြီ ၊ ၇ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် တောင်ပိုင်းက ပန်းရွာအနီးမှာရှိတဲ့ M7 PDF ရဲ့ စခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေစီးနင်းတိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်ခုနစ်ဦးကျဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့က ဒုတပ်ရင်းမှူး ဗိုလ်မြတ်က DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်က အဲ့ဒီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေပြည်တော်က အင်န်အယ်လ်ဒီအမတ် ဦးကျော်မင်းလှိုင် အိုးဘိုထောင်က ပြန်လည်လွတ်မြောက်လာ

ဧပြီ ၊ ၇ နေပြည်တော် ဥတ္တရသီရိမြို့နယ်က ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီအမတ် ဦးကျော်မင်းလှိုင်ဟာ ဒီကနေ့ မန္တလေးအိုးဘိုထောင်ကနေပြန်လည်လွတ်မြောက်လာတယ်လို့ ပါတီနဲ့ မိသားစုနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ ‘’ဒီနေ့ မနက်လွတ်တယ်။ နေပြည်တော်ကို ပြန်သွားပါတယ်’’ လို့ [ဆက်လက်ဖတ်ရှုရန်]