နိုင်ငံရေး

ဖလမ်းမြို့နယ် ဗာရ်းရွာကစစ်ကောင်စီစခန်း စီးနင်းတိုက်ခိုက်ခံရ၊ စစ်အုပ်စုက လေကြောင်းကဗုံးကြဲ

ဧပြီ၊ ၁၀   ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မဏိပူရမြစ်ဘေးက ဗားရ်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၆၈)လက်အောက်ခံတပ်စခန်းကို ဧပြီ ၁၀ ရက် ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ် CNDF က စီးနင်းတိုက်ခိုက်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်မှာ ပီဒီအက်ဖ်က ရဲကင်းစခန်းနဲ့ စစ်ဆေးရေးဂိတ်ဝင်စီး၊ စစ်ကောင်စီဆယ်ဦးထက်မနည်းသေဆုံး

ဧပြီ၊ ၁၀   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ မနေ့က တရက်တည်း စစ်ကောင်စီရဲကင်းစခန်းနဲ့ စစ်ဆေးရေးဂိတ်တခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF)တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုံရန်သူစစ်ကောင်စီကို အပြီးသတ်ချေမှုန်းရေး အတူတကွကြိုးစားသွားဖို့ NUG က AA ဆီသဝဏ်လွှာပို့

ဧပြီ၊ ၁၀   နိုင်ငံရဲ့ လက်ရှိအချိန်အခါအရ ဘုံရန်သူစစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ အတူတကွစုစည်းညီညွတ်စွာ ကြိုးစားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ရခိုင့်တပ်တော် (AA) တည်ထောင်ခြင်း (၁၄)နှစ်မြောက်နှစ်ပတ်လည်အတွက် သဝဏ်လွှာပေးပို့လိုက်ပါတယ်။ အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတော်လှန်စစ်ဆင်ရာမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လဲချားမှာ ရှမ်းတပ်နှစ်တပ်တိုက်ပွဲဖြစ် ကျဆုံး၊ ဖမ်းဆီးခံရသူတွေရှိ

ဧပြီ၊ ၉ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)နဲ့ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် RCSS/ SSA တို့ ဒီကနေ့ ဧပြီလ ၉ ရက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့စစ်ရေးအခြေအနေသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မွန်ပြည်နယ်က သင်္ကြန်မဏ္ဍပ်တွေမှာလုံခြုံရေးယူပေးဖို့ ပျူစောထီးတွေကို တရက်ငါးသောင်းနဲ့ခေါ်နေ

ဧပြီ၊ ၉ မွန်ပြည်နယ်အတွင်းက သင်္ကြန်မဏ္ဍပ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ လုံခြုံရေးယူပေးဖို့ တစ်ရက် ငါးသောင်းကျပ်ပေးပြီး ပြည်သူ့စစ်၊ ပျူစောထီးအဖွဲ့တွေ လိုက်လံစည်းရုံးနေတယ်လို့ DNA က စုံစမ်းသိရှိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အခုနှစ်မှာ ကျရောက်မယ့် အတာသင်္ကြန်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေး – ဂန့်ဂေါလမ်းပိတ်ထားတာကြောင့် ချင်းမြောက်ကမြို့နယ်တွေမှာစက်သုံးဆီနဲ့ကုန်စိမ်းတွေပြတ်လပ်

ဧပြီ၊ ၉ ကလေး-ဂန့်ဂေါလမ်းပိုင်းအသုံးပြုမှုကိုပြီးခဲ့တဲ့မတ်လကနေစတင်ပြီးပိတ်ထားတာကြောင့် ချင်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေမှာစက်သုံးဆီနဲ့ကုန်စိမ်းတွေပြတ်လပ်နေပြီလို့ ချင်းပြည်နယ်မြောက်ပိုင်းကဒေသခံတွေကဆိုပါတယ်။  “ကလေးဘက်ကနေတက်တဲ့ကားတွေမဝင်တော့တာ ။အခုလလယ်လောက်မှလမ်းပြန်မပွင့်ရင်ဆန်တွေပါပြတ်လာနိုင်တယ် ။ထမင်းတနပ်လျှော့စားရတော့ရုံပဲရှိတော့တာ ။စစ်ကောင်စီတပ်တွေကိုတော့ပြောစရာစကားလုံးကိုမရှိတော့ဘူးလို့ “ဟားခါးမြို့ကဒေသခံတစ်ဦးကပြောပါတယ်။  စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မတ်လကစတင်ပြီး ချင်းပြည်နယ်ကိုယာဉ်တန်းနဲ့တက်လာတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေက လမ်းအသုံးပြုမှုနဲ့ပတ်သတ်ပြီးသတိပေးထားတာရှိပါတယ်။ အခုလက်ရှိအခြေနေမှာ ကလေး -ဂန့်ဂေါလမ်းပိုင်းကိုအသုံးပြုနေတဲ့ ဟားခါး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါး၊ စစ်ကောင်စီပစ်လို့အရပ်သားတဦးသေဆုံး

ဧပြီ၊ ၉   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ကပစ်လို့ တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။   “ မနေ့က ပဝတ်ကုန်းမှာ တိုက်ပွဲထပ်ဖြစ်တယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ စစ်ရှောင်တွေရက်ကြာလာလို့ နေထိုင်စားသောက်မှုခက်ခဲလာ

ဧပြီ၊ ၉   မကွေးတိုင်း၊ ဂန့်ဂေါမြို့ ခလရ ၅၀ မှာ အထိုင်ချထားတဲ့တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဂန့်ဂေါမြို့ဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားတွေ နေ့စဉ်နဲ့အမျှ တိမ်းရှောင်နေကြရပြီး ကန်ရွာက ဒေသခံ ခုနှစ်ထောင်ကျော်ကတော့ ရက်ကြာလာလို့နေထိုင်စားသောက်မှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပင်လောင်းမြို့ရှိ စစ်အုပ်စုဂိတ်တွေက ရိက္ခာသယ်ယူတာကန့်သတ်လို့ စစ်ရှောင်ငါးထောင်ခန့် အခက်အခဲတွေ့

ဧပြီ၊ ၉   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဖက်သို့သွားလာတဲ့ လမ်းပိုင်းရှိ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေက ဆန်၊ ဆီ၊ ဆား စတဲ့အခြေခံ စားသောက်ကုန်သယ်ယူတာနဲ့ ပတ်သက်ပြီး ကန့်သတ်တာတွေ လုပ်နေတဲ့အတွက် စစ်ရှောင်ငါးထောင်ခန့်ဟာ စားနပ်ရိက္ခာအခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမှာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းကနေပစ်ခတ်၊ အရပ်သား ဆယ်ဦးဝန်းကျင်ဖမ်းဆီးခံရ

ဧပြီ၊ ၉   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ ဧပြီ ၉ ရက်ဒီကမနက် ၅ နာရီဝန်းကျင်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အရပ်သားဆယ်ဦးဝန်းကျင်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” မနက်က [ဆက်လက်ဖတ်ရှုရန်]