နိုင်ငံရေး

ဖားကန့်မြို့မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ဒေသခံ၂၀ကျော်ကို ညတွင်းချင်းပြန်လွှတ်ခဲ့

ဧပြီ၊ ၃၀   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းယန်ကျေးရွာကို စစ်ကောင်စီက မနေ့က ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တဲ့ အရပ်သား၂၁ ဦးကို မနေ့ကညပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတ္တရာမြို့အရှေ့ဖက်ရှိ ကျေးရွာတွေ စစ်ကြောင်းထိုးခံရပြီး နေအိမ် ၅၀၀ နီးပါး မီးရှို့ခံရ

ဧပြီ၊ ၃၀   မန္တလေးတိုင်း ၊မတ္တရာမြို့အရှေ့ဖက်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်ရှိ ကျေးရွာပေါင်း ၁၀ ရွာလောက်က နေအိမ်ပေါင်း ၅၀၀ လောက်ကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   မတ္တရာမြို့အရှေ့ဖက်က ကျေးရွာတွေကို စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အကျပ်အတည်း ပူးပေါင်းဖြေရှင်းနိုင်ရန် ဆက်ဆံရေးထူထောင်ဖို့ ဘန်ကီမွန်းနဲ့ NUG သဘောတူညီမှုရခဲ့

ဧပြီ၊ ၃၀   အမျိုးသားညီညွတ်ရေးအစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း၊ The Elders ရဲ့ ဒုဥက္ကဌ မစ္စတာဘန်ကီမွန်းတို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ့အကျပ်အတည်းကို ပူးပေါင်းဖြေရှင်းနိုင်ဖို့ ဆက်ဆံရေးတရပ် တည်ဆောက်မယ်လို့ သဘောတူညီခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမေရိကန်ရောက်မြန်မာတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လမ်းလျှောက်ချီတက်ဆန္ဒပြတာ အကြိမ်တရာပြည့်ပြီ

ဧပြီ၊ ၃၀ အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း၊ ကယ်လီဖိုးနီးယားအခြေအစိုက် ” မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ ” က ပြည်ပရောက်မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဆန္ဒပြပွဲကို ပြုလုပ်တာ ဒီကနေ့ ဒေသစံတော်ချိန် ဧပြီ ၂၉ ရက်မှာဆိုရင် အကြိမ်တရာမြောက်ရှိပြီလို့ ထုတ်ပြန်ပါတယ်။ ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်တရက်ကစလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုတွေအတွက် ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံဖို့လိုအပ်နေ

ဧပြီ၊ ၃၀   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီအဖွဲ့ လက်အောက်ခံ တရားရုံးတွေက ချမှတ်ထားတဲ့ အမှုတွေအတွက် အထူးအယူခံတက်မယ့် ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ရှေ့နေဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့လိုအပ်နေတယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကောလင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်လို့ တဦးသေဆုံး

ဧပြီ၊ ၂၉   စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံးသွားသလို အဲ့ဒီပစ်ခတ်မှုက ထွက်ပေါ်လာတဲ့ သေနတ်သံကြောင့် စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ရာက ဒေသခံအမျိုးသမီးတဦးလည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကောလင်းမြို့၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟုမ္မလင်းမှာ စစ်ကောင်စီခံစစ်ကုန်းတခုနဲ့ စခန်းသုံးခု တိုက်ခိုက်ခံရပြီးနောက် ဒေသခံတချို့ဖမ်းဆီးခံထားရ

ဧပြီ၊ ၂၉   စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီရဲ့ ခံစစ်ကုန်းတခုနဲ့ ပျူစောထီးရွာသုံးရွာက ရဲကင်းစခန်းသုံးခုကို ဒီကနေ့မနက်ပိုင်းမှာ တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆိုအနောက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ နှစ်ဦးဒဏ်ရာရ၊ အဆောက်အအုံတချို့ပျက်စီး

ဧပြီ၊​၂၉   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရှိတဲ့ စစ်ရှောင်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် နှစ်ဦးဒဏ်ရရကာ ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့် မလန်းယန်ကျေးရွာကို စစ်ကောင်စီ စီးနင်းပြီး ဒေသခံနှစ်ဆယ်ကျော်ကိုဖမ်းဆီး

ဧပြီ၊ ၂၉   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု မလန်းယန်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့နယ် တင်သားကျေးရွာထဲ လက်နက်ကြီးကျည်ကျလို့ သုံးဦးထက်မနည်းဒဏ်ရာပြီး တဦးဒဏ်ရာပြင်းထန်

ဧပြီ၊ ၂၉   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဧပြီ ၂၈ရက် ညနေပိုင်းမှာ တင်သားကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် အရပ်သားသုံးဦးထက်မနည်း ဒဏ်ရာရပြီး တဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]