ဆောင်းပါး

မင်းအောင်လှိုင်ရဲ့ သမ္မတ အိပ်မက်များ

ဒီစိတ်ကူးကို သူက လူသိရှင်ကြားတော့ ထုတ်မပြောဖူးသေးဘူးပေါ့။ ဒါပေမဲ့ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ချင်လွန်းတဲ့ အိပ်မက်ကို နှစ်ရှည်လများ ဆုပ်ကိုင်ထားခဲ့တယ်လို့ သူနဲ့ နီးစစ်တဲ့ စစ်ဘက်အရာရှိကြီး တချို့က ပြောပါတယ်။ ကြည့်ရတာတော့ အဲဒီအိပ်မက်ကို သိပ်မကြာခင်မှာ မင်းအောင်လှိုင်တစ်ယောက် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အတုအယောင် ရွေးကောက်ပွဲသည် နိုင်ငံတည်ငြိမ် အေးချမ်းမှုအတွက် အဖြေမဟုတ်  

တစ်နိုင်ငံလုံးမှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်နေတဲ့အချိန် အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲ ကျင်းပဖို့ စဉ်းစားနေပါတယ်။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကြောင့် အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် အလွဲအမှားမျိုးကို ရှောင်ကြဉ်ဖို့တော့ လိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

မလှုပ်တလှုပ် အာဆီယံနဲ့ မထီမဲ့မြင် စစ်ဗိုလ်ချုပ်များ 

ငြိမ်းချမ်းရေး အစီအမံနဲ့ ပတ်သက်လို့ အချိန်ကန့်သတ်မှုတစ်ခု ထားရှိဖို့ အိမ်နီးချင်း နိုင်ငံတွေက ဖိအားတွေ လာပေးနေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးပဲ ဖြစ်စေလိမ့်မယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတိပေးလိုက်တာပါ။ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာ့အရေးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားသော တရုတ်ကြေးနီစီမံကိန်းများ 

အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်တွေ အားကောင်းရာ မြန်မာနိုင်ငံ အလယ်ပိုင်း ၊ စစ်ကိုင်းတိုင်းက မြို့နယ်(၃၇)မြို့နယ်မှာ တနှစ်ခွဲကျော် ကာလအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၃)မြို့နယ်ကလွဲပြီး ကျန်မြို့နယ်အားလုံးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ PDF တွေအကြား ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

တပတ်တာ နွေဦးပုံရိပ်လွှာ ၅

သက်ကြီးပိုင်းအမျိုးသားတယောက်…။မိန်းမထိုင် ထိုင်နေတဲ့ သူ့ပုံစံက ရုတ်တရက်ကြည့်မိရင်လက်အုပ်ချီနေ သလိုမျိုး..။သေသေချာချာ အာရုံစူးစိုက်ကြည့်မိရင်တော့သူ့လက်အစုံကလက်အုပ်ချီနေတာ မဟုတ်ဘဲ သစ်ပင်နဲ့ ပူးကပ်တုပ်နှောင်ခံထားရတယ်ဆိုတာ မြင်နိုင်ပါတယ်။ “ကျွန်တော်တို့က စစ်သား.၊ဂျီနီဗာကွန်ဗင်းရှင်းနဲ့ပဲသွားမှာ၊ဦးလေးကိုထုလည်းမထုဘူး၊ရိုက်လည်းမရိုက်ဘူး”ထွက်ပေါ်လာတဲ့ စကားသံပိုင်ရှင်ကိုတော့ မြင်ကွင်းထဲမှာမမြင်ရ။ မြင်ကွင်းထဲက သက်ကြီးအမျိုးသားကတော့ မြေပြင်မှာ ခို့ခို့ရို့ရို့ထိုင်ရင်း “ဟုတ်ကဲ့” လို့ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အညာနေပူပူအောက်က  ဆီးချိုလူနာရှင်တွေရဲ့ သောက

◾နွေးနွေးလှိုင် ရာသီဥတုဖောက်ပြန်မှုကြောင့် အပူချိန်တွေ တနေ့တခြား မြင့်တက်မှုဒဏ်ကို ဆီးချိုရောဂါသည်တွေက ပိုသိသိသာသာ ခံစားနေရတယ်လို့ ဆီးချိုဝေဒနာသည်တွေနဲ့ လူနာရှင်တွေက ပြောပါတယ်။ ဆီးချိုရောဂါဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါ ၄ မျိုးထဲမှာ ထိပ်ဆုံးက ဖြစ်တယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ပဟေဠိတွေ ချန်ထားခဲ့တဲ့ ထောင်ဝင်းထဲက ပေါက်ကွဲမှု

ရန်ကုန်မြို့၊ အင်းစိန်ထောင်ထဲမှာ ပေါက်ကွဲမှုနှစ်ခုနဲ့ နောက်ဆက်တွဲ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မြန်မာ စစ်ကောင်စီရော၊ ဒီမိုကရေစီ အင်အားစုတွေ စုစည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကပါ အသီးသီး ကြေညာခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

စစ်ပွဲ အတု / တိုက်ပွဲ အစစ် 

စစ်ဝါဒနဲ့ပတ်သက်ရယ်၊ ဘယ် ပညာရှိသူတော်ကောင်းက ယထာဘူတကျကျ ဆန်းစစ်တင်ပြတာမျိုး လုပ်နေကြပါသလဲ။ စစ်ဝါဒနဲ့ပတ်သက်ပြီး နှီးနွှယ်ဆက်စပ်ရာ အကြောင်းဆက်တချို့ကို အနည်းငယ် တင်ပြချင်ပါတယ်။ ဆရာဇော်ဂျီဟာ — စစ်နှင့် လုလင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာ တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

လူပိန်းတွေကို လွန်ဆန်နိုင်သူ ရှိသလား

လူပိန်းကြိုက်ဝါဒထဲက ရဲရဲဝံ့ဝံ့ ဖောက်ထွက်နိုင်မယ့် နိုင်ငံရေးသမားစစ်စစ်များ အလိုရှိသည် ပေါ်ပြူလစ်ဇင်လို့ ပြောလို့၊ ပေါ်ပြူလစ်ဇင်ဆိုတာ ဘာလဲ။ ပေါ်ပြူလစ်ဇင်ဆိုတာ လူပိန်းကြိုက်ဝါဒပဲ။ တချို့ကတော့ နည်းနည်း ခပ်လျော့လျော့ ပြောတယ်။ ပေါ်ပြူလစ်ဇင်ဆိုတာ အများကြိုက်ဝါဒ။ ပေါ်ပြူလာဖြစ်တယ်ဆိုတာ အများကြိုက်တာကို ခေါ်တယ် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ဖွတ်ညီလာခံ

‘ဖွတ်ညီလာခံ ကျင်းပပြီ’ဆိုတဲ့အသံဟာ တိရစ္ဆာန်လောကမှာ သောသောညံစေပါတယ်။ပွက်လောရိုက်စေပါတယ်။ပွက်လောမရိုက်ဘဲနေမလား။ မဆူညံပဲနေမလား။ အဲဒီညီလာခံမစခင်ကတည်းက ဖွတ်တို့လောကမှာတိုးတိုး တစ်မျိုး၊ အကျယ်အကျယ်တစ်ဖုံနဲ့ ဖွတ်တို့ရဲ့အရှင်သခင်၊ ဖွတ်တို့ရဲ့ ဦးသျှောင် ဖွတ်မင်းဟောင်ရဲ့အပုတ်နံ့တွေက ထွက်လာနေတာကိုးဗျ။ ဖွတ်မင်းဟောင်ဆိုတာ ဖွတ်ပါတီမှာ နေရာရလာပြီးကတည်းက ဟိုနေရာမှာလည်းဟောင်ဖွာဟောင်ဖွာလုပ်၊ ဒီနေရာမှာလည်း ဟောင်ဖွာဟောင်ဖွာလုပ်နဲ့ [ဆက်လက်ဖတ်ရှုရန်]