တပတ်တာ နွေဦး ပုံရိပ်လွှာ 

တပတ်တာ နွေဦး ပုံရိပ်လွှာ 

နွေဦး သည်တပတ် နေမကောင်းပါ…။ ဤသီတင်းပတ်အဖို့တော့ သူ့မှာ သီတင်းဆိုးတွေများ၏။ နွေဦး၏ အောင်မြင်မှုများကိုသာ သိလိုပြီး သူ၏ လှုပ်ရှားရုန်းကန်ရခြင်း၊ စွန့်လွှတ်ပေးဆပ်ရခြင်းတို့ကို မသိ၊ မကြားလိုပါက ဤသီတင်းပတ်အတွက် နွေဦးကို ဆက်သွယ်ရန်မလိုပေ…။ လတ်လတ်ဆတ်ဆတ် နာကျင်ဖွယ်ဒဏ်ရာတွေကများတော့ ဘယ်ကစရမလဲကိုပင် ရွေးရခက်လှသည်။ တနှစ်ခွဲအတွင်း အာဏာသိမ်းစစ်တပ်က သတ်ဖြတ်သူ ၂၀၀၀ ပြည့်သွားသည့်အကြောင်း၊ ပွင့်ဖြူတွင် အသားစိုင်တွေ ဖြစ်သွားရသည့် ရဲဘော်တွေ၊ မြို့ပြပြောက်ကျားတို့၏ သတင်းဆိုးတွေ၊ ကွန်ကရစ်မြို့တော်က အကျဉ်းထောင်ထဲ အထီးကျန်နေရတော့မည့်…

Read More
NUG ပြောတဲ့ PDF ထိန်းချုပ်နယ်မြေ

NUG ပြောတဲ့ PDF ထိန်းချုပ်နယ်မြေ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲကိုဇွန်၂၁ရက်နေ့မှာ ကျင်းပခဲ့တယ်။ အဲ ဒီသတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေ၊မေးခွန်းထုတ်စရာကောင်းတဲ့ အချက် အလက်တွေနဲ့ အားရကျေနပ်စရာကောင်းတဲ့အချက်အလက်တွေကို တွေ့ရတယ်။ အားရကျေနပ်စရာကောင်းတဲ့အချက်ကနေစပြောရမယ်ဆိုရင် NUGအစိုးရ၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ ဉာဏ်စွမ်းရှိရှိ၊ဇွဲလုံ့လကြီးစွာနဲ့ ဘဏ္ဍာငွေရှာဖွေနိုင်စွမ်းပဲဖြစ်ပါတယ်။စီမံ/ဘဏ္ဍာ က ပြည်သူတွေလှူကြပါဆိုပြီး အင်မတန်ရိုးစင်းလှတဲ့ လက်ဝါးဖြန့်အလှူခံခြင်းမျိုးကိုစွန့်ကာ ငွေတိုက်စာချုပ် တွေထုတ်ရောင်းတာမျိုး၊ဟိုငနဲ မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ပြည်သူပိုင်ခြံ ၁၄/အင်လျားကို လေလံ တင် ရှယ်ယာထုတ်ရောင်းတာမျိုး။ငွေတိုက်စာချုပ်နဲ့အိမ်လေလံရှယ်ယာဝယ်ယူထားသူတွေက တစ်ချိန် နွေ ဦး တော်လှန်ရေးအောင်မြေနင်းပြီးတဲ့အချိန်ကျရင် ကိုယ့်ဝယ်ယူထားမှုတွေ ပြန်ရောင်းချင်ရောင်း၊လှူချင်ပြန်လှူ။ တော်လှန်ရေးအတွက် ကိုယ့်တတ်နိုင်ငွေကို…

Read More
တပတ်တာ နွေဦးပုံရိပ်လွှာ

တပတ်တာ နွေဦးပုံရိပ်လွှာ

နိုင်ငံအနှံ့ စစ်မီး ဟုန်းဟုန်းတောက်နေချိန် မြန်မာပြည်အလယ်ပိုင်းကျေးလက်တနေရာမှ သာမန်အခမ်း အနားလေးတခုက လူအများ၏စိတ်အာရုံကိုဖမ်းစားခဲ့သည်။အဖြူအစိမ်းဝတ်ကျောင်းသူအချို့၊ အားကစား ဝတ်စုံဆင်မြန်းထားသည့် ခြေဗလာလူငယ်များ၊ရှိတာလေးနှင့်လှအောင်ဆင်ထားပုံရသည့် ပန်းပွား အကမယ် မိန်းမငယ်ကလေးများ…။ ပုံမှန်အခြေအနေတွင် သာမန်မြင်ကွင်းတခုအဖြစ်မျှသာ ရှိနေမည့် ဤမြင်ကွင်းကို တော်လှန်ရေး ကာ လ၊ယင်းမာမြို့နယ်စသည့် စကားရပ်များနှင့်ပေါင်းစပ်လိုက်လျှင်တော့ မထူးသော်လည်းဆန်းသည့် မြင်ကွင်း ဖြစ်လာသည်။ NUG အစိုးရ၊ပညာရေးဝန်ကြီးဌာန ဟူသော စကားရပ်များဖြင့် ထပ်မံပေါင်းစပ်လိုက်လျှင်တော့ နိုင်ငံရေး အနှစ်သာရပါဝင်သော အခမ်းအနားတခုအဖြစ် ရုပ်လုံးပေါ်လာပါတော့သည်။စစ်မိစ္ဆာတို့ကင်းစင်သော ပြည်သူ့အာဏာတည်တံ့ရာ နယ်မြေ…။…

Read More
တောင့်ထားကြ တို့ပြည်သူ

တောင့်ထားကြ တို့ပြည်သူ

တိုင်းပြည်ရဲ့ကံကြမ္မာက ကျနော်တို့မျှော်မှန်းထားတာထက် ပိုနက်ရှိုင်းလို့လာလေပြီ။၂၀၂၁ခုနှစ် ဖေ ဖေါ်ဝါရီ၁ရက်နေ့၊အာဏာသိမ်းပြီးချိန်ကစလို့ တဖြည်းဖြည်း နက်ရှိုင်းလာခဲ့တဲ့အမှောင်ဟာ ၆လတာကာလကို ရောက်တော့ သိသိသာသာ။၂၀၂၁ခုနှစ်၊နှစ်ကုန်ပိုင်းကျတော့ ကျနော်တို့ရဲ့နေ့တွေဟာ ပိုမိုနက်ရှိုင်းတဲ့အ မှောင်ထုကြီးဆီ မြန်မြန်ဆန်ဆန်တိုးဝင်နေပြီဖြစ်ကြောင်း ကိုယ်စီနားလည် လိုက်ကြတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် သိပ်မကြာ၊သူဆုတ်ကိုယ်ဆုတ်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရုပ် သိမ်းခဲ့တာကြောင့် တန်းစီအလုပ်ပြုတ်ကြတဲ့အခြေအနေကနေ ၂၀၂၁နှစ်ကုန်ပိုင်းကိုရောက်တော့ ရန်ကုန် မြို့ပေါ် သက်သောင့်သက်သာရပ်တည်နေနိုင်တဲ့ အသေးစားနဲ့အိမ်တွင်းလုပ်ငန်းငယ်တွေကိုပါ လျှပ်စစ်မီး ဆိုးဆိုးရွားရွားမရရှိမှုနဲ့ လောင်စာဆီဈေး ထိုးထိုးထောင်ထောင် မြင့်တက်လာခဲ့တဲ့အခြေအနေအရ သိသိ သာသာ လုပ်ငန်းတွေပျက်ကြပြန်တယ်။…

Read More
ရဲဟာ ငရဲလား၊ ရဲမလား

ရဲဟာ ငရဲလား၊ ရဲမလား

ဘာမှမကြာသေး။စစ်နဲ့ရဲ ပြဿနာကြီးငယ်တက်ကြကြောင်း ခေတ်သစ်မီဒီယာကနေ ရုပ်သံဖိုင်တက် လာခဲ့တယ်။သတင်းအရ မကွေးလေတပ်က တစ်ရစ်မှမရှိတဲ့စစ်သား မကွေးမြို့၊အမှတ်၂ရဲစခန်းက စခန်းမှူးနဲ့ ဆက်ဆံရေးအဆင်မပြေလို့ဆိုပြီး ရဲစခန်းထဲ လာထိုးကြိတ်တာတဲ့။ဘယ်လောက်ထိအောင် အတင့် ရဲလိုက်လေသလဲ။ ရဲစခန်းထိတစ်ယောက်တည်းလာပြီး ရဲစခန်းရဲ့ အကြီးအမှူးတစ်ယောက်ကို လာထိုးကြိတ်ရဲခြင်းက တလောကလုံးက ဘယ်ရဲကိုမှ ဂရမစိုက်ဘူးဆိုတဲ့အထာ။ ဒါနဲ့လာထိုးတဲ့စစ်သားကို ရဲစခန်းထဲမှာချုပ်ထားပြီး လေတပ်ကိုအကြောင်း ကြား။ အဲဒါကပထမတစ်ပိုင်း။ ထိုးကြိတ်တဲ့အကြောင်းကို သတင်းထောက်က ရေးပြလို့ ဖတ်လိုက်ရတာ။ မေလ ၃၁ ရက်နေ့အဖြစ်အပျက်။ ဒုတိယအပိုင်းကျတော့ ရုပ်သံရိုက်ကူးထားတဲ့အပိုင်းမို့…

Read More
စစ်အုပ်စုရဲ့ တရားဝင်ရေး ကြိုးပမ်းမှု ရှုံးနိမ့်သွားပြီ

စစ်အုပ်စုရဲ့ တရားဝင်ရေး ကြိုးပမ်းမှု ရှုံးနိမ့်သွားပြီ

နိုင်ငံတခုမှာ ပြည်သူလူထုက ရွေးကောက်ပွဲနဲ့ တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းယူမှုတွေ လုပ်ပြီးတိုင်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ပထမဆုံးလုပ်တဲ့ အလုပ်က သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်အောင်၊ ဒေသတွင်းနိုင်ငံတွေက၊ ကမ္ဘာနိုင်ငံအသီးသီးရဲ့ အစိုးရများက၊ ကုလသမဂ္ဂလို့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက၊ အသိအမှတ်ပြု လက်ခံလာအောင် ကြိုးစားတာပဲ ဖြစ်ပါတယ်။ မြန်မာသမိုင်းကို ပြန်ကြည့်ရင် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့အခါမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေဝင်း က တိုင်းပြည်ကြီး ပြိုကွဲတော့မှာမို့…

Read More
မြန်မာ့နွေဦး ဖြစ်နိုင်ချေ (၇) ရပ် ဆန်းစစ်ချက်

မြန်မာ့နွေဦး ဖြစ်နိုင်ချေ (၇) ရပ် ဆန်းစစ်ချက်

၎င်းဖြစ်နိုင်ချေ (၇) ချက်ကို မုချလို့ မပြောပါ။ စဉ်းစားနိုင်ဖို့ alternative စဉ်းစားချက်တွေ ကြိုတွက်ဆထားတာ ဖြစ်ပါတယ်။ စဉ်းစားစရာ များများ ရှိတဲ့အခါ ရွေးချယ်စရာများများ ရှိလာပါလိမ့်မယ်။ အတိတ်နဲ့ ပစ္စုပ္ပန်အကြောင်း တရားတွေကို ချင့်တွက်ပြီးတော့ အနာဂတ်ကို မှန်းဆရတာဖြစ်လို့၊ ဝေဝါးတာလည်း ရှိမယ်။ မပြတ်သားတာလည်း ရှိမယ်။ သို့သော်လည်း ဝေးသောအနာဂတ်နဲ့ နီးသောအနာဂတ်ကို ကြိုတင်တွက်ဆထားဖို့တော့ အထူးလိုအပ်တယ်။ • အရာအားလုံးက သူ့သဘောသူဆောင်နေတာ။ • လုပ်မနေနဲ့…

Read More
“ဗိုလ်စောမောင်ထက်ဆိုးလေမလား”

“ဗိုလ်စောမောင်ထက်ဆိုးလေမလား”

မြန်မာနိုင်ငံရေးသမိုင်း၌ စစ်တပ်အာဏာသိမ်းခဲ့သောသုံးကြိမ်တွင်အာဏာသိမ်းစစ်ခေါင်းဆောင်လေးဦး‌ပေါ်ထွက်ခဲ့သည်၊ထိုသူများအနက် ဗိုလ်စောမောင်(၁၉၈၈)သည် ဒုတိယမြောက် စစ်ခေါင်းဆောင်ဖြစ်သည်၊ကျန်သူများမှာ နေဝင်း(၁၉၆၂)၊သန်းရွှေ(၁၉၉၂)နှင့် မင်းအောင်လှိုင် (၂၀၂၁) တို့ဖြစ်ကြသည်။ ၁၉၈၈ ခုနှစ်၌ ဦးနေဝင်း၏ မဆလ အစိုးရကို တနိုင်ငံလုံးဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်မှာ တပ်မတော်သည် ပြည်သူနှင့်အစိုးရကြားမှ သမာသမတ်ကျကျရပ်တည်ခြင်း (သို့) ပြည်သူများဘက်မှရပ်တည်ခြင်း၊ စသည်တို့ကိုရှောင်လွှဲကာ အုပ်ချုပ်သူအစိုးရဘက်မှ ရပ်တည်ကာ တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည်။ ဦးနေဝင်း၏ဩဇာကို မလွန်ဆန်နိုင်၍ သူ၏စီမံခန့်ခွဲမှုအတိုင်း ပြုလုပ်ခဲ့ရခြင်းလည်းဖြစ်သည်။ထိုအာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့သူမှာ စစ်ခေါင်းဆောင်ဗိုလ်စောမောင်ပင်ဖြစ်သည်။ ဗိုလ်စောမောင် အာဏာယူထားစဉ်ကာလအတွင်း အကြီးမားဆုံး…

Read More
အညောင်းမိနေတဲ့ မြန်မာ့အရေး

အညောင်းမိနေတဲ့ မြန်မာ့အရေး

မေလနောက်ဆုံးအပတ်ကို အရှိန်ပြင်းပြင်းနဲ့ လှုပ်နှိုးလိုက်တာက Kachin Alliance ရဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။ Norway Mission ရဲ့စီစဉ်မှုနဲ့ မေလ ၂၅ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ မြန် မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တို့ အလွတ်သဘောဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေအရ အွန်လိုင်းဆွေးနွေးပွဲမဟုတ်ဘဲ နည်းပညာအခုအခံမပါတဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမှု။ တက်ရောက်ကြတဲ့ အဖွဲ့တွေက (KIO) အပါအဝင် ကချင်နိုင်ငံရေးအင်အားစုတွေနဲ့ဖွဲ့စည်းထားတဲ့ ကချင် နိုင်ငံရေးဆိုင်ရာ ကြားကာလညှိနှိုင်းရေးအဖွဲ့(KPICT)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ကရင်နီ…

Read More
အဆန်ချောင်နေတဲ့ အာဆီယံနဲ့ မြန်မာ့အရေး လည်တယ်တယ်

အဆန်ချောင်နေတဲ့ အာဆီယံနဲ့ မြန်မာ့အရေး လည်တယ်တယ်

အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးကျင်းပတဲ့ မေ၁၂ရက်နဲ့၁၃ရက်နေ့ ပတ်ဝန်းကျင်ကာလ တွေ မှာ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ဟာ ဝါရှင်တန်မြို့တော်မှာ သံတမန်ရေးအောင်ပွဲခံနေ သ လောက် မင်းအောင် လှိုင်တစ်ယောက်ကတော့ နေပြည်တော်ရပ်ဝန်းမှာ သံခြေကျင်းအခတ်ခံထားရ သူတစ် ဦးပမာ တိတ်ဆိတ်လေး လံစွာနဲ့ သံတမန်ရေးဖိအားဒဏ်ကို လိမ့်နေအောင်ခံခဲ့ရတယ်။ အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးပြီးလို့ ဂယက်တွေ မငြိမ်သေးတဲ့အချိန်မှာပဲ အမေရိကန် သမ္မတဘိုင်ဒန်ရဲ့ အာရှခရီးစဉ်က နောက်ထပ်ကြီးမားတဲ့ သံတမန်ရေးဖိအားအဖြစ် မင်းအောင်လှိုင်ရဲ့ရင်ဝဆီ ခပ်နက်နက်ထိုးဆွနေတဲ့ ညှောင့်တစ်ချောင်းအဖြစ် ထပ်ရောက်လာပြန်ပါတယ်။ တောင်ကိုရီးယားရောက်နေတဲ့ အမေရိကန်သမ္မတ…

Read More