နိုင်ငံတကာရေးရာ

ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ဖို့စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတပြော

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ တရုတ်နိုင်ငံမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် အိုလံပစ် အားကစားပွဲကို အမေရိကန်က သံတမန်ရေးအရ သပိတ်မှောက်ဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဂျိူးဘိုင်ဒန်က ပြောလိုက်ပါတယ်။   အမေရိကန်၊ ကနေဒါ၊ မက္ကစီကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူတွေ နှစ်ဆတိုးအလုပ်လုပ်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ အထိန်းသိမ်းခံနဲ့ ကျဆုံးရဲဘော်တွေကိုယ်စား အသက်ရှင်လွတ်လပ်နေသေးတဲ့ပြည်သူတွေ နှစ်ဆတိုး အလုပ်လုပ် ကြဖို့ NUGအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာ၁၈ရက်နေ့ည ၈နာရီ၄၄မိနစ်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ့ရဲ့လူမှုကွန်ရက်မှာ အဲဒီလိုရေး သားခဲ့တာပါ။ ယမန်နေ့ညနေပိုင်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်တိုင်းPDF၂၀ကျော်အဖမ်းခံရ၊ဦးဖြိုးဇေယျာသော်သတင်း ရာနှုန်းပြည့်အတည်မပြုနိုင်သေး

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ PDF ရဲဘော်၂၀ကျော်ဖမ်းဆီးခံရတာသေချာပေမဲ့ ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုမူရာနှုန်းပြည့်အတည်မပြုနိုင်သေးဘူးလို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ တာဝန် ရှိသူတစ်ဦးက ဒီကနေ့မနက်မှာပြောပါတယ်။ NLDလွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်မှာ နိုဝင်ဘာ ၁၈ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရုတ်အထူးသံရဲ့ မြန်မာခရီးစဉ် စစ်အုပ်စုကို ဖိအားတိုးစေ

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ တရုတ်အထူးသံတမန်ဆွန်းကော့ရှန်း ရဲ့ ဒုတိယအကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်ဟာ အကြမ်းဖက်စစ်အုပ် စုကို ဖိအားသာတိုးစေခဲ့တယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကဆိုပါတယ်။ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးသံတမန် ဆွန်းကော့ရှန်းဟာ နိုဝင်ဘာ၁၅ရက်နေ့က အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်၊စစ်အုပ်စုခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ရာပြည့်တို့နဲ့ သီးခြားတွေ့ဆုံခဲ့ ပါတယ်။ ‘တရုတ်ကတော့တရုတ်ပုံစံအတိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်အုပ်စုယာဉ်တန်းမိုင်းထိ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးခန့်သေ

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ PDF ကလေးတို့ တိုက်ပွဲပြင်းထန်နေပြီး ချင်းဆိုင်ရွာအနီးက စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခု မိုင်းထိကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးခန့် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်ကိုရီးယား အလုပ်သမားအခွင့်အရေးဆုရငွေ ဝမ်သိန်း၃၀နဲ့ ကျပ်သိန်း၁၀၀ ထန်တလန်စစ်ဘေးရှောင် တွေကို လှူမယ်

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ တောင်ကိုးရီးယားနိုင်ငံက ချီးမြှင့်တဲ့ “အလုပ်သမားအခွင့်အရေးဆု”ချီးမြှင့်ငွေ ဝမ်သိန်း ၃၀ အပါအဝင် ကျပ်ငွေသိန်း ၁၀၀ ကို ချင်းပြည်နယ်၊ ထန်တလန်မြို့ စစ်‌ဘေးရှောင်ပြည်သူတွေဆီ ပေးပို့လှူဒါန်းသွားမယ်လို့ ဆုရရှိခဲ့တဲ့ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ(ကိုးရီးယား)ရဲ့ တာဝန် ရှိသူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မ၅၀၅(က)နဲ့ တရားစွဲမှုအများဆုံးဖြစ်

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကို တရားစွဲဆိုရာမှာ ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅(က)ကို အများဆုံးသုံးနေတယ်လို့ Institute for Strategy and Policy-Myanmar က ဖော်ပြပါတယ်။ ဖမ်းဆီး ခံထားရသူ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘူကီနာဖာဆိုက လုံခြုံရေးစခန်းတစ်ခု တိုက်ခိုက်ခံရမှု လူ ၅၀ ကျော် သေဆုံးမှု ရှိလာ

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ အနောက်အာဖရိက ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ဘူကီနာဖာဆိုက လုံခြုံရေးစခန်းတစ်ခု တိုက်ခိုက်ခံရမှုဖြစ်ရပ်မှာ တပ်ဖွဲ့ဝင် ၄၉ ဦးနဲ့ အရပ်သား ၄ ဦး သေဆုံးသွားခဲ့ရတယ်လို့ Aljazeera သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုဟာ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အီတလီမှာကျင်းပတဲ့ မြန်မာ့အရေးကွန်ဖရင့် ကုလသံအမတ်ကြီးနဲ့ဝန်ကြီးနှစ်ဦး တက်ရောက်ဆွေးနွေး

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ အီတလီနိုင်ငံ၊ပါးမားတက္ကသိုလ်မှာကျင်းပနေတဲ့ မြန်မာ့ဒီမိုကရေစီအရေးကွန်ဖရင့်မှာ သံအမတ်ကြီးဦးကျော်မိုး ထွန်းနဲ့ ဝန်ကြီးနှစ်ဦး တက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ Freedom from Fear- Democracy in Myanmarခေါင်းစဉ်နဲ့ ပါးမားမြို့၊ ပါးမား တက္ကသိုလ်မှာ နိုဝင်ဘာလ ၁၅ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံစာရင်းထဲ မြန်မာကို ဆက်ထည့်သွင်း

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်တဲ့ကမ္ဘာတစ်ဝန်းက ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံကို ဆက်လက် ထည့်သွင်းထားပါတယ်။ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အက်ဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေကို အမေရိကန် [ဆက်လက်ဖတ်ရှုရန်]