ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြည်သူထောင်ချီစစ်ဘေးရှောင်နေရ

ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူပေါင်းထောင်ချီ စစ်ရှောင်နေရတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။ “စစ်ကြောင်းက ဂန့်ဂေါကနေ ထိုးလာတာ။ စစ်ကြောင်းလာပြီဆိုတာနဲ့ စစ်ကြောင်းတစ်လျောက် လက်ပံ၊သာကောင်း၊ ရှည်းရှည် အစသဖြင့် ရှောင်နေကြရတယ်” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စီးပွားရေးဖိုရမ်တက်ရောက်ဖို့ တရုတ်ထိပ်တန်းလွှတ်တော်အမတ် ရုရှားကို သွားမယ်

ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့မြို့မှာ အခုသီတင်းပတ်ထဲကျင်းပမယ့် ခုနှစ်ကြိမ်မြောက် Eastern Economic Forum စီးပွားရေးဖိုရမ်ကို တရုတ်ထိပ်တန်း လွှတ်တော်အမတ် Li Zhanshu  တက်ရောက်မယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက စက်တင်ဘာလ ၄ရက်နေ့မှာ ဖော်ပြထားပါတယ်။ ဒါဟာ သမ္မတပူတင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမြို့ထဲ PTT ဓာတ်ဆီဆိုင် ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့ဈေးကြီးမီးပွိုင့်အကျော်နားမှာရှိတဲ့ PTT ဓာတ်ဆီဆိုင်မှာ ဒီနေ့ မနက် ၁၁ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။ “ခါတိုင်းဆို မြို့ပြင်မှာနေတော့ အသံကသိပ်မကြားရဘူး အခုရောက်နေတဲ့နေရာက ဗုံးကွဲတဲ့နေရာနဲ့ နီးနေလို့ အကျယ်ကြီးကြားလိုက်ရတာ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လကမ္ဘာပေါ်လွှတ်တင်မယ့် Artemis I မစ်ရှင် ဒုတိယအကြိမ် ကြိုးပမ်းမှုကို နာဆာရပ်ဆိုင်း 

လကမ္ဘာပေါ် ကို စေလွှတ်မယ့် Artemis I အစီအစဉ်အတွက် ဒုတိယကြိမ်မြောက်ကြိုးပမ်းမှုကို ရပ်နားထားလိုက်ပြီလို့ အမေရိကန် အာကာသအေဂျင်စီ နာဆာက ထုတ်ပြန်လိုက်ပါတယ်။ Artemis I မစ်ရှင်ဟာ Orion အာကာသယာဉ်ပါဝင်တဲ့ နာဆာရဲ့ အာကာသစူးစမ်းလေ့လာရေးစနစ်တွေအနက် ပထမဆုံး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အင်ဒိုနီးရှားရဲ့ပထမဆုံး အမြန်ရထားလမ်းအတွက် တရုတ်နိုင်ငံထုတ် ရထားတွဲတွေ ဂျကာတာကို ရောက်ရှိလာ

ဂျကာတာ-ဘန်ဒေါင်းအမြန်ရထားလမ်းအတွက် ပထမဆုံးအသုတ်အနေနဲ့ တရုတ်နိုင်ငံလုပ် မြန်နှုန်းမြင့်ရထားတွဲတွေ ဂျကာတာဆိပ်ကမ်းကို စက်တင်ဘာ ၂ ရက်နေ့မှာ ရောက်ရှိလာပါတယ်။ ရောက်ရှိလာတဲ့ ရထားတွေထဲမှာ ၁၄၂ ကီလိုမီတာ အကွာအဝေးရှိတဲ့ အင်ဒိုနီးရှားရဲ့ ပထမဆုံး အမြန်ရထားလမ်းအတွက် လျှပ်စစ်ခရီးသည်တင်ရထားတွဲတွေနဲ့ စစ်ဆေးရေးရထားတစ်စင်းလည်း ပါဝင်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကုလညီလာခံတက်ရောက်မယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာမပေး

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အခုလ ကုလသမဂ္ဂမှာကျင်းပမယ့် ညီလာခံကိုတက်ရောက်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ဗီဇာမပေးသေးဘူးလို့ သိရပါတယ်။  ကုလသမဂ္ဂမှာ နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့ခေါင်းဆောင်များစုဝေးပွဲအတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့နဲ့ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ နယူးယောက်ကို သွားရောက်ဖို့အတွက်  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါးမြို့အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြု

ဟားခါးမြို့အနီး ထန်တလန်ဘက်အထွက် သချိုင်းဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံကာ ကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားအပြီးမှာ စစ်ကောင်စီတပ်က ပြည်သူအချို့ကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “စပျစ်ခြံကပြန်လာတဲ့သူတွေ ကို ဖမ်းပြီး သူတို့ကြားမှာ ခေါ်သွားတယ်ပြောတယ်” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့အနောက်ပိုင်း မွန်ထာရပ်ကွက်မှာစစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့အနောက်ပိုင်းမွန်ထာရပ်ကွက်မှာ ဒီကနေ့ စက်တင်ဘာလ (၃) ရက် ညနေ ငါးနာရီ ကျော်က စစ် ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကDNA ကိုပြောပါတယ်။ “ကားက လမ်းပေါ်ကနေ လမ်းဘေးအိမ်ဝင်းထဲထိရောက်သွားတယ် ၊ဘယ်နှယောက်သေလည်းတော့မ သိဘူး” လို့ ကလေးမြို့အနောက်ပိုင်းမှာနေထိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတူပီမြို့မှာ ဖုန်းလိုင်းတွေ နေ့စဉ် နာရီနဲ့ချီ ဖြတ်တောက်ခံနေရ

ချင်းပြည်နယ် မတူပီမြို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် ဖုန်းလိုင်းတွေလည်း နေ့ စဉ်နာရီ နဲ့ချီဖြတ်တောက်ခံရလို့ မြို့ခံတွေ ဆက်သွယ် ရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ “ဖုန်းလိုင်းပိတ်တော့အဆင်မပြေဘူး၊ပစ္စည်းတွေမှာရင်အခက်ခဲရှိတယ် ဖုန်းလိုင်းပြတ်တော့ အကုန် လုံးနဲ့လည်း အဆက်အသွယ်ပြတ်တယ်၊ စီးပွားရေး ၊လူမှုရေးကစအကုန်ပြတ်တယ်’လို့ မတူပီမြို့ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဏာရှင်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ်ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းမျိုးစုံနဲ့ သပိတ်မှောက်ဆန့်ကျင်လျက်ရှိတယ်လို့ သပိတ်အင်အားစုတွေနှင့် ဒေသခံပြည်သူတွေကပြောပါတယ်။ စက်တင်ဘာလ( ၃) ရက်နေ့ညနေပိုင်းမှာ ကလေးမြို့နယ်ပြည်သူတွေဟာ “Accept NUG and Our Ambassdor , Reject Dictator” စာတန်းကိုင်ဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]