ဒေသအလိုက် သတင်းကဏ္ဍ

မတူပီမြို့မှာ စစ်တပ်က အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်လို့ မြို့ခံတွေထိတ်လန့်

ချင်းပြည်နယ်၊ မတူပီမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခလရ (၁၄၀) တပ်ရင်းက တိုက်ပွဲဖြစ်တာမရှိဘဲ ဒီကနေ့ညနေပိုင်းမှာ လက်နက်ကြီး သုံးလုံးပစ်ခတ်လို့ မြို့ခံတွေ ထိတ်လန့်နေကြတယ်လို့ ဒေသခံတချို့က DNA ကို ပြောပါတယ်။ “ဘာကြောင့်ပစ်မှန်းတော့မသိရဘူး၊ထိခိုက်မှုတော့မရှိဘူး”လို့ မတူပီမြို့ခံတဦးကပြောပါတယ်။ စစ်တပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လာမယ့်နှစ်မှာ ပိုမိုကျယ်ပြန်တဲ့ စစ်ရေး၊နိုင်ငံရေးရလဒ်တွေထွက်လာဖို့ တော်လှန်ရေးအရှိန်မြှင့်မယ်လို့ NUG ပြော

လာမယ့် တနှစ်အတွင်း ပိုမိုကျယ်ပြန့်တဲ့ စစ်ရေး၊နိုင်ငံရေးရလဒ်တွေထွက်လာဖို့ တော်လှန်ရေးအရှိန်အဟုန် မြှင့် တင်လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလကပြောပါတယ်။ “စိုးမိုးထိန်းချုပ် နယ်မြေပေါင်းများစွာပေါ်လာလိမ့်မယ်”လို့ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်းကြေညာတဲ့ တနှစ်ပြည့်အနေနဲ့ ဒီကနေ့ မိန့်ခွန်းပြောရာမှာ ယာယီ သမ္မတက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ တိုက်ခိုက်ခံရလို့ စစ်တပ်က ဒုတပ်ရင်းမှူးအပါအဝင် တဆယ့်နှစ်ဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းကို ကော်သူးလေတပ်မတော် KLA နဲ့ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်လို့ ဒုတပ်ရင်းမှူးတဦးအပါအဝင် (၁၂) ဦး သေဆုံးခဲ့တယ်လို့ Nway Oo Guerrilla Force (နွေဦး ပြောက်ကျားတပ်) ပြန်ကြားရေးတာဝန်ခံက DNA ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့ လူမှုကွန်ရက်စာမျက်နှာ အဟက်ခံရပြီး လိမ်လည်အလှူခံတာတွေရှိနေ

ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့-တပ်ခွဲ(၂)ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ အဟက်ခံထားရပြီး လိမ်လည် အလှူခံတာတွေရှိနေလို့ ပြည်သူတွေအနေနဲ့ လတ်တလောမှာ ဆက်သွယ်အလှူငွေထည့်ဝင် တာမလုပ်ဖို့ အဲ့ဒီအဖွဲ့ကအဖွဲ့ဝင် ရဲဘော်ရန်နောင်က DNA ကိုပြောပါတယ်။ တပ်ဖွဲ့က အသုံးပြုနေတဲ့ လူမှုကွန်ရက် စာမျက်နှာ အဟက်ခံရတာကို ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

DKBA ဌာနချုပ်ထဲက ဗိုလ်စတီးအိမ် ဒရုန်းဗုံးသီး ထိမှန်

မြ၀တီ-ဝေါလေ-ဆုံဆည်းမြိုင် လမ်းပိုင်း တောင်နီ ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာ (၆)ရက်ညက ထိတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၊ အဲဒီတိုက်ပွဲအတွင်းမှာ ဆုံဆည်းမြိုင် DKBA ဌာနချုပ်မှာရှိတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အိန္ဒိယနိုင်ငံ၊ အိုက်ဇောမြို့မှာ မြန်မာနိုင်ငံသားတစ်ဦး စိတ်ကြွဆေးပြား လေးသိန်းနီးပါးနဲ့အတူဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့မှာ မြန်မာနိုင်ငံသားတဦးကို ရူပီးသိန်း ၉၅၀ ဝန်းကျင်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားတွေနဲ့အတူ ဖမ်းမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အိုက်ဇောမြို့၊ အန်ဗာ့ရပ်ကွက်က လဘက်ရည်ဆိုင်တစ်ဆိုင်ထဲကို စက်တင်ဘာ (၆) ရက်ညနေပိုင်းမှာ မီဇိုရမ်ရဲတပ်ဖွဲ့ကရှာဖွေရာမှာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူ မြို့ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အ.ထ.က (၁) ကျောင်းအတွင်းမှာ အင်အား (၂၀) ခန့် တပ်ဆွဲထားတဲ့နေရာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ (၆) ရက်နေ့ ညပိုင်းမှာ ဝင်ရောက်တိုက် ခိုက်ခဲ့တယ်လို့ People’s Army To Fight [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမှာ လျှပ်စစ်မီးပျက်တာ နှစ်ပတ်ကျော်လာလို့ ထိုင်းမီးပြန်သုံးဖို့ စဉ်းစားလာရ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်မီးပျက်တာ နှစ်ပတ်ကျော်အထိ ကြာပြီဖြစ်လို့ လုပ်ငန်းရှင်တွေ အပါအဝင် မြို့ခံတွေ အခက်အခဲတွေ့ပြီး ထိုင်းမီးပြန်သွယ်ဖို့ စဉ်းစားလာကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ညကျရင်မီးစက်နှိုးရတာ တစ်ည သုံးသောင်းကျော်လောက်ကုန်တယ်၊ တချို့ဆို ထိုင်းမီးပြန်တပ် ဖို့လုပ်နေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားအံမြို့တဝိုက် စစ်ဝတ်စုံ၊ ရဲဝတ်စုံဝတ်ဆင်ပြီး လုယက်မှုကျူးလွန်တာတွေရှိနေ

ကရင်ပြည်နယ်၊ ဘားအံမြို့ တဝိုက် လုယက်မှုတွေမကြာခဏဖြစ်နေပြီး စစ်ဝတ်စုံ၊ ရဲဝတ်စုံဝတ်ဆင်ထားသူတွေက လုယက်မှုကျူးလွန်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတချို့က DNA ကို ပြောပါတယ်။ ဘားအံမြို့ ပြင် နောင်လုံတောင်ကြားမှာ စက်တင်ဘာ ၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံတဝှမ်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၁၃ သိန်းကျော်အထိရှိလာ

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒဿမ ၃ သန်းကျေ ာ်(၁၃သိန်းကျော်) အထိ ရှိလာပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က အခုလ ဆန်းပိုင်းမှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းမှု [ဆက်လက်ဖတ်ရှုရန်]