ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်လတ် NLD ပါတီဝင်လူငယ်ငါးဦး ထောင်ဒဏ် နှစ်နှစ်ဆယ်က နှစ်လေးဆယ်အထိ ချမှတ်ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့မှာ စစ်တပ်က တနှစ်ခွဲကျော်ကြာ ဖမ်းဆီးထားတဲ့ NLD ပါတီဝင် လူငယ်ငါးဦးကို ဖျာပုံခရိုင် တရားရုံးက ဒီဇင်ဘာ (၂၁) ရက်မှာ နှစ်နှစ်ဆယ်ကနေ နှစ်လေးဆယ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပစ်ရပ်ပြီးနောက် ရခိုင်ရိုးမမှာ စစ်တပ်နဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး သစ်ခုတ်ထုတ်မှု အလုံးအရင်းလုပ်နေ

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (AA) တို့ အပစ်ရပ်ပြီးနောက် ရခိုင်ရိုးမမှာ စစ်တပ်အရာရှိတွေနဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး သစ်ခိုးထုတ်မှုကို အလုံးအရင်းနဲ့ လုပ်နေတယ်လို့ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေနဲ့ သစ်လုပ်ငန်းနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။ အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်း အရှေ့ခြမ်းမှာ နေအိမ်နှစ်ထောင်နီးပါး မီးရှို့ခဲ့ပြီး ဆယ်ရက်အကြာ စစ်တပ်က မြို့တောင်ခြမ်းရွာတွေကို စစ်ကြောင်းထိုးနေပြန်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ကျေးရွာနှစ်ဆယ်ဝန်းကျင်က နေအိမ်နှစ်ထောင်နီးပါးကို စစ်ကြောင်း ထိုးမီးရှို့ခဲ့တာ တလမပြည့်ခင် အခုရက်ပိုင်းအတွင်း စစ်တပ်က ဒီပဲယင်းတောင်ခြမ်းရွာတွေဘက် စစ်ကြောင်းထိုးနေပြန်လို့ လူဦးရေ သုံးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ အဲ့ဒီမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က ပြောပါတယ်။ ဒီပဲယင်းမြို့ပေါ်ကနေ ထွက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့အဝင်ဂိတ်မှာ စစ်ကောင်စီစစ်ဆေးတင်းကျပ်လို့ ကားရာနဲ့ချီပိတ်နေ

မန္တလေးမြို့အဝင်မှာရှိတဲ့ စစ်အုပ်စုရဲ့ ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်ကဖြတ်သန်းသွားလာတဲ့ကားတွေကို စစ်ဆေးမှုတွေ တင်းကျပ်နေတဲ့အတွက် ကားရာချီပိတ်မိနေတယ်လို့ သိရပါတယ်။ မနေ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းကစတင်ပြီး အဲဒီဂိတ်မှာ လက်နက်တွေမိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံးကိုးခရိုင်မှာMNDAA နဲ့စစ်ကောင်စီ နာရီပိုင်း ကြာတိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်၊ တာမုံးပေါ် ဒေသမှာ ဒီဇင်ဘာ ၂၁ရက် နေ့လယ်ပိုင်းက စစ် ကောင်စီတပ်နဲ့ နှစ်နာရီကျော်ကြာ တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး တပ်ဖွဲ့ဝင်တဦးကျဆုံးတယ်လို့ MNDAA က ဒီကနေ့ ထုတ်ပြန်ပါတယ်။   စစ်ကောင်စီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ နှုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာ အစားဝင်မယ့်သူမရှိဖြစ်နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နှုတ်ထွက်ထားကြတဲ့ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး တွေနေရာမှာ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီက စီစဉ်နေပြီး အဲဒီအတွက် တာဝန်ထမ်းဆောင်မယ့်သူတွေ ရှာမရ ဖြစ်နေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။   ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်း၊ဝေဠုဝန်မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေ

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ဝေဠုဝန်မြောက်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်နဲ့အဖွဲ့ လက်ဘက် ရည်ဆိုင်ထိုင်နေချိန် ဒီကနေ့ ဒီဇင်ဘာ (၂၂)ရက်မနက်ပိုင်းမှာ ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါအဝင်နှစ်ဦး သေပြီး တဦးဒဏ်ရာရသွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတွေက DNA ကိုပြောပါတယ်။   ရပ်ကွက်အုပ်ချုပ်ရေးမှူးဝေဖြိုးအောင်နဲ့အပေါင်းအပါတွေဟာ ဝေဠုဝန်(မြောက် )ရပ်ကွက်က စူပါလက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုကြိုဆိုပေမယ့် တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်လိုအပ်တယ်လို့ NUG ပြော

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လတ်တလောအတည်ပြုလိုက်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ဟာ တိုးတက်မှု တခုဖြစ်လာပေမယ့် မြန်ပြည်သူတွေကိုကယ်တင်ဖို့နဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေကို ထိန်းသိမ်းဖို့အတွက်တော့ တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်မျိုးလိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ထုတ်ပြန်ပါတယ်။   မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၂၁ ရက်မှာ အတည်ပြုခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးနဲ့ စစ်ကိုင်းမှာ အင်အား ၃.၃ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်

မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းလောက်က အင်အား ၃.၃ အဆင့်ရှိ မြေငလျင်ထပ်မံလှုပ်ခတ်သွားတယ်လို့ စစ်အုပ်စုရဲ့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ မြေငလျင်လှုပ်ခတ်မှုက ပြင်းထန်မှုမရှိသော်လည်း ငလျင်ဒဏ်ကိုတော့ သိသိသားသားခံစားလိုက်ရတယ်လို့ အဲဒီမြို့တွေရဲ့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]