နိုင်ငံရေး

မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်ဆယ်ဦးထပ်ဖမ်းခံရပြီး လက်ခံထားသူတွေကိုပါ အရေးယူမယ်လို့ ပြည် နယ်ဝန်ကြီးချုပ်ပြော

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ နယူးလမ်ကာမြို့နယ်၊ ဗယ်လ်ဗင်း(န)( Vaal veng) ကျေးရွာမှာ မြန်မာစစ် ဘေး ရှောင်(၁၀) ဦးကို ခရိုင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မဏီပူရ်ပြည်နယ်ဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ရွာနှစ်ဆယ်ကျော်က ပြည်သူတသောင်းခွဲတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် မြောက်ဘက်၊ချပ်သင်းတိုက်နယ်အရှေ့ခြမ်းရွာတွေကို စစ်ကောင်စီက စစ် ကြောင်းနှစ်ခုညှပ်ပြီး စစ်ကြောင်းထိုးနေလို့ ရွာ(၂၂)ရွာက ပြည်သူတသောင်းခွဲလောက် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသတွင်းစစ်ရှောင်သတင်းတွေဖော်ပြပေးနေတဲ့ Infinity Group က ကိုအနဂ္ဂကDNA ကို ပြော ပါတယ်။ စစ်ကောင်စီဟာ အဲ့ဒီနယ်ထဲမှာ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ဖယ်ခုံ၊ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်သား တဆယ့်ငါးဦးသေဆုံး

ရှမ်း၊ ကယားထိစပ်ရာနေရာဖြစ်တဲ့ ဝေါရီကောခူကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက်နေ့ကစပြီးဖြစ်ခဲ့တဲ့ တိုက်ပွဲမှာစစ်ကောင်စီဘက်က ၁၅ဦးသေဆုံးသလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်က ၁ဦးကျဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့  KNDF ဖယ်ခုံက ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကာကွယ်ရေး ဝန်ကြီးနေရာကို အပြောင်းအလဲလုပ်ဖို့ ယူကရိန်း သမ္မတ ဆုံးဖြတ်

ယူကရိန်း အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးနေရာအတွက် အပြောင်းအလဲ ပြုလုပ် ခန့်အပ်သွားမယ်လို့ သိရပါတယ်။ ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံ တွန်းလှန်နေတဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်ခဲ့သူ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လေတပ်က ပစ်ချခဲ့တဲ့ တရုတ် မိုးပျံပူဖောင်းကို အမေရိကန် ရေတပ် ရေငုပ်သမားတွေ ရှာဖွေနေ

လေတပ်ရဲ့ ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ တရုတ် စပိုင် မိုးပျံ ပူဖောင်းကို အမေရိကန်ရေတပ် ရေငုပ်သမားတွေက ရှာဖွေနေကြောင်း သိရပါတယ်။ အမေရိကန် လေပိုင်နက်ထဲမှာ ရက်အတန်ကြာ ရှိနေခဲ့တဲ့ တရုတ် မိုးပျံပူဖောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အမေရိကန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပါကစ္စတန်ရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း၊ သမ္မတဟောင်း မူရှာရက်ဖ် ကွယ်လွန်

ပါကစ္စတန်ရဲ့ အာဏာသိမ်း စစ်တပ် အကြီးအကဲဟောင်းနဲ့ သမ္မတဟောင်း ပါဗက်ဇ် မူရှာရက်ဖ်ဟာ အသက် ၇၉ နှစ် အရွယ်မှာ နာတာရှည် ရောဂါနဲ့ ကွယ်လွန်သွားကြောင်း သိရပါတယ်။  ဖေဖော်ဝါရီ ၅ ရက်က အာရပ်စော်ဘွားများ ပြည်ထောင်စု [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

တော့တင်ဟမ် ဟော့စပါးရဲ့ ဂိုးအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့ ဟယ်ရီကိန်း

မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့နောက် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။  ပိုပြီး ချိုမြိန်ခဲ့တဲ့ အချက်ကတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတွေဖက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့လူငယ်သုံးဦးရေနစ်ပြီး တဦးသေဆုံး

ပဲခူးတိုင်း ပြည်မြို့ ဘောတံတားအနီး မှာ ဒီကနေ့ဖေဖော်ဝါရီ ၅ရက်ညနေပိုင်းက ဧရာဝတီမြစ်အတွင်းသို့ လူငယ် သုံးဦး ရေဆင်းကူးရာရေနစ်မှုဖြစ်ခဲ့ပြီး တဦးရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေကပြောပါတယ်။ အနီးအနားကလူတွေက လူငယ်၃ဦးကို ကယ်ဆယ်ရာမှာ နှစ်ဦးကိုကယ်နိုင်ခဲ့ပြီး တဦးကတော့ သေဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။ “သုံးယောက်လုံးနစ်တာ၊ ကျွန်တော်တို့အဖွဲ့တွေရောက်တော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂျာယန်းပြည်သူ့စစ်က တပ်သားစုဆောင်းရန် ခေါ်ယူထားတဲ့ တအာင်းလူငယ်တရာကျော်ကို TNLA ကယ်ထုတ်နိုင်ခဲ့

  ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသမှာ စစ်တပ်လက်အောက်ခံ ဂျာယန်းပြည်သူ့စစ်က တပ်သားစုဆောင်းရန် ခေါ်ယူထားတဲ့ တအာင်းလူငယ် ၁၂၅ ဦးကို ဒီကနေ့ ဖေဖော်ဝါရီ ၅ရက်မှာ မှာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီလို့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ဒုဗိုလ်မှူးကြီး တာပန်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီနေရပ်ပြန်ခိုင်း

  တနင်္သာရီတိုင်း ၊မြိတ်ခရိုင် ၊ပုလောမြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ တိုက်ပွဲကြောင့် ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီကဖိအားပေးပြီး နေရပ်ကိုပြန်ခိုင်းနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတဦးက DNAကိုပြောပါတယ်။ ” မနေ့ကဆိုရင် ဘုန်ကြီးကျောင်းတွေမှာ လာလျှောက်သွားတာပေါ့။တိုက်ပွဲလည်းမဖြစ်တော့တဲ့အတွက် အကုန်ကိုယ့်နေရာကိုပြန်ကြဖို့ပေါ့။ဒါပေမယ့်ဒီမှာရှိတဲ့ စစ်ရှောင်တွကမပြန်ရဲဘူးလေ။ဒါကိုသူတို့က ဘုန်းတော်ကြီးတွေကိုလည်း ဆက်ပြီးလက်မခံတော့ဖို့ [ဆက်လက်ဖတ်ရှုရန်]