No Picture
ဒေသအလိုက် သတင်းကဏ္ဍ

သီပေါဘုန်းတော်ကြီးကျောင်းမီးလောင်မှုမှာ အသက်ဆယ်နှစ်အရွယ် စာသင်သား ကိုရင်တပါးပျံလွန်တော်မူ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ထဲက စံဖိတ်ကျေးရွာမှာရှိတဲ့ မဏိရတနာစံဖိတ်ကျောင်းတိုက်မှာ မနေ့ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး အသက် ၁၀နှစ်အရွယ်စာသင်သားကိုရင်တပါးပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မနေ့ညပိုင်း ၉နာရီဝန်းကျင်လောက်မှာ မဏိရတနာစံဖိတ်ကျောင်းတိုက်တွင်းမှာရှိတဲ့ ဘုရားစင်မှာ ဆီမီးပူဇော်ရာကနေ အခုလိုမီးလောင်ကျွမ်းမှုဖြစ်တာလို့ သွားရောက်ကူညီတဲ့ ပရဟိတအဖွဲ့တွေရဲ့ပြောပြချက်အရသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မော်လ်ဒိုဗာမှာ အစိုးရ အပြောင်းအလဲဖြစ်အောင် ရုရှား ကြံစည်နေတယ်လို့ သမ္မတပြော

ရုရှားဟာ သူ့နိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် ဖန်တီးနေကြောင်း မော်လ်ဒိုဗာ သမ္မတက စွပ်စွဲ ပြောကြားခဲ့ပါတယ်။  အနောက်မဟာမိတ်တွေကို လိုလားတဲ့ သူ့နိုင်ငံကို ဥရောပ သမဂ္ဂနဲ့ သွားမပေါင်းစည်းနိုင်အောင်နဲ့ ယူကရိန်း စစ်ပွဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပစ်ချခဲ့တဲ့ တရုတ် မိုးပျံပူဖောင်းက အာရုံခံ ကိရိယာတွေ ရှာတွေ့ထားကြောင်း အမေရိကန်ပြော

တရုတ် သူလျှို မိုးပျံပူဖောင်းဆီက အာရုံခံ ကိရိယာတွေ အပါအဝင် အရေးကြီးတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ ပြန်လည် ရှာဖွေ တွေ့ရှိထားပြီလို့ အမေရိကန် စစ်တပ်က ကြေညာပါတယ်။  တရုတ်ရဲ့ သူလျှို ထောက်လှမ်းရေး ကိရိယာ တစ်ခုလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းမှာ ရုရှားရဲ့ အင်အား အလုံးအရင်း ထိုးစစ်သစ် စတင်နေပြီလို့ NATO အကြီးအကဲ သုံးသပ်

ယူကရိန်းမှာ ရုရှားရဲ့ နောက်ထပ် အင်အားအလုံးအရင်း ထိုးစစ်သစ်ကြီး စတင်နေပြီလို့ သတ်မှတ်နိုင်ကြောင်း NATO မဟာမိတ်အဖွဲ့ အကြီးအကဲက မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။  ရုရှားဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ တစ်နှစ်ပြည့်မယ့် ဖေဖော်ဝါရီ ၂၄ ရက် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ပထမဆုံး သွင်းဂိုးကြောင့် စိတ်သက်သာရာ ရနေတဲ့ လီဗာပူးလ် တိုက်စစ်မှူး ဂက်ခ်ပို

လီဗာပူးလ်အတွက် ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တာကြောင့် စိတ်သက်သာရာ ရမိတယ်လို့ ကိုဒီဂက်ခ်ပိုက ဝန်ခံခဲ့ပါတယ်။  အသက် ၂၃ နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမားဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့နောက် ပြီးခဲ့တဲ့ ဆောင်းရာသီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်ကို စစ်တပ်က ထောင်ငါးနှစ်ထပ်ချ

ပြီးခဲ့တဲ့ ၂၀၂၂  ဇွန်လကတည်းက စစ်ကောင်စီကဖမ်းဆီးသွားပြီး ပုဒ်မ ၅-၅-က နဲ့ ထောင် ၃နှစ်ချထားတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်ကိုလင်းထက်နိုင် (ခေါ် ) ကိုဂျိမ်းကို စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ ၁၃ရက်မှာ  ပုဒ်မ ၅၂(ခ) နဲ့ ထောင်  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ညောင်လေးပင်မြို့ ဘူတာရုံမှာ ဗုံးပေါက်ကွဲမှူ ဖြစ်ပွါးပြီး သုံးဦးသေဆုံး၊ ကိုးဦးထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ညောင်လေးပင်မြို့၊မြို့မ (၃)ရပ်ကွက် ညောင်လေးပင်ဘူတာမှာ ယနေ့ နေလည်ပိုင်းတွင် အဝေးထိန်းဗုံးတလုံးပေါက်ကွဲ့ခဲ့ပြီး ခရီးသွားပြည်သူ သုံးဦးသေဆုံးပြီး ကိုးဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြို့ခံများထံမှ သိရပါတယ်။ “လက်မှတ်ဝယ်ဖို့တန်းစီတဲ့ အချိန်မှာ ပေါက်ကွဲခဲ့တာဆိုတော့ အတော်ထိကုန်ကျတယ်။ရုံပိုင်ကြီးလည်း ဒဏ်ရာပြင်းထန်လို့ ပဲခူးဆေးရုံပို့လိုက်ရတယ် ။အခုချိန်ထိ လုံခြုံရေးတွေအပြည့်နေရာယူပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆားလင်းကြီးနယ်က ဗိုလ်ချုပ်မွေးနေ့ တော်လှန်သံချပ်

ဒီကနေ့ ကျရောက်တဲ့ (၁၀၈)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့ နယ်အတွင်းမှာ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုသံချပ်နဲ့ စစ်အာဏာာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ တယ်လို့သိရပါတယ်။ အဲ့ဒီသံချပ်နဲ့သပိတ် လှုပ်ရှားမှုကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့လက်ပံတောင်းတောင်ပင် မသပိတ် တို့ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ကူညီစီစဉ်လုံခြုံရေးယူပေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံရေး

လှိုင်မြို့နယ်မှာတရက်တည်း လူငယ်ဆယ်ဦးဝန်းကျင်ဖမ်းဆီးခံရ

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊၁၆ ရပ်ကွက်မှာ အခုရက်ပိုင်းအတွင်းစစ်ကောင်စီက အင်အားအများအပြားအသုံးပြုပြီး လူငယ်ဆယ်ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။  “လူငယ်တွေက အုပ်စုလိုက် ဂိမ်းဆော့နေကြတာ၊အဲ့အချိန်မှာ သူတို့အရင်ဆုံး အိမ်စီးကားတွေနဲ့လာပြီး လူငယ် တွေကို သေနတ်တွေနဲ့ချိန်ပြီး ဝမ်းလျားမှောက်ခိုင်ပြီး လက်ထပ်ခတ်၊မျက်နှာတွေအုပ်ပြီး ဖမ်းသွားတာ ခြောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက်ဖမ်းဆီးမှုတွေ ကြားက အံတုနေဆဲ ရန်ကုန် ပျောက်ကြားသပိတ်

နိုင်ငံအနှံ့အပြားမှာ အာဏာသိမ်းစစ်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက  အမြစ်ပြတ်ချေမှုန်းဖို့ကြိုးစားနေကြပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာလိုမြို့ကြီးတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ကျေးလက်ဒေသတွေနဲ့ အချို့ဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေဟာ လက်နက်မကိုင်ပဲ ပျောက်ကြားသပိတ်ကို ဆင်နွှဲပြီး ဆက်လက်တွန်းလှန်နေတာပါ။ [ဆက်လက်ဖတ်ရှုရန်]