နိုင်ငံတကာရေးရာ

ဆင်းရဲတဲ့ နိုင်ငံငယ်တွေကို ချမ်းသာတဲ့ နိုင်ငံကြီးတွေရဲ့ ပျက်ကွက်မှုအပေါ် ကုလသမဂ္ဂ အကြီးအကဲဝေဖန်

မတ်၊ ၆ ချမ်းသာကြွယ်ဝတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေအပေါ် လက်ရှိထက် ပိုပြီး ထောက်ပံ့ကူညီပေးသင့်တယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံကြီးတွေက ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံငယ်တွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆိုးရွားတဲ့ ရထားမတော်တဆမှု ဖြစ်ပွားခဲ့တဲ့အပေါ် ဂရိ ဝန်ကြီးချုပ် တောင်းပန်စကားဆို

နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး စာရင်းဝင် ရထားတိုက်မှုကြီးအပြီး ဂရိ ဝန်ကြီးချုပ် ကိုယ်တိုင်က ဒေါသထွက်နေတဲ့ ပြည်သူတွေဆီ ဝန်ချ တောင်းပန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဝန်ကြီးချုပ် ကိုင်ရီရာကော့စ် မစ်ဆိုတာကစ်ဟာ ရထားမတော်တဆမှုကြီး ဖြစ်ပွားရာ နေရာဆီ ကိုယ်တိုင် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ပီအက်စ်ဂျီရဲ့ သွင်းဂိုးအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့ အမ်ဘက်ပီ

မတ်၊ ၆ ပီအက်စ်ဂျီ အသင်းရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်အဖြစ် ကိုင်လီယန် အမ်ဘက်ပီက စံချိန် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နန့်တေးစ် အသင်းကို ၄-၂ နဲ့ အနိုင်ရတဲ့ ပြင်သစ် လီဂူးဝမ်း [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

သမိုင်းဝင် နိုင်ပွဲမှာ လီဗာပူးရဲ့ ကစားပုံဟာ ပြောစရာ စကားမရှိအောင် ထူးကဲခဲ့တယ်လို့ ကလော့ပ် ချီးကျူး

မတ်၊ ၆ ခါးသီးပြိုင်ဘက်အပေါ် သမိုင်းဝင် နိုင်ပွဲ ရရှိခဲ့ခြင်းနဲ့ ပတ်သက်ပြီး တကယ့်ကို ထူးကဲလွန်းတဲ့ ရလဒ်တခုလို့ လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးဟာ အန်းဖီးလ်ကွင်းမှာ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗိုလ်ချုပ်စျေးကကျောက်စိမ်းဆိုင်ဖောက်ထွင်းခံရမှု စီစီတီဗီမှတ်တမ်းမရရှိလို့တရားခံရှာဖို့ခက်နေ

မတ်၊ ၅ ရန်ကုန်၊ဗိုလ်ချုပ်အောင်ဆန်းစျေးထဲမှာဖွင့်ထားတဲ့ Rose Jewellery နှင်းဆီရတနာဆိုင် ဖောက်ထွင်းခံရပြီး  တန်ဖိုးကြီးကျောက်စိမ်းပစ္စည်းတွေနဲ့လက်ဝတ်ရတနာပစ္စည်းတွေ အများအပြားပါသွားတဲ့အပြင်ဒီတရားခံဖမ်းဆီးရမိမှုမရှိသေးဘူးလို့သိရပါတယ်။ အဲ့ဒီ့ဖောက်ထွင်းမှုအတွင်း ဆိုင်မှာရှိတဲ့ ကျောက်စိမ်းလက်ကောက်တွေ၊ ကျောက်စိမ်းပန်းပုတွေ၊ကျောက်စိမ်းလက်စွပ်တွေ၊ ကျောက်စိမ်းနားကပ် စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုပဲ အများအပြားရွေးယူသွားတာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးသိန်းရာဂဏန်းအထက်ခိုးယူခံရတယ်လို့လည်းဆိုင်ရှင်ဖြစ်သူရဲ့ပြောကြားချက်အရသိရပါတယ်။ “မနေ့ကမှသိတာခိုးသွားတာနည်းတာမဟုတ်ဘူး။တရားခံလဲခုထိမမိသေးဘူး။ဆိုင်ဖွင့်တော့မသက်ာတာနဲ့ လူကြီးစုံရနဲ့ခေါ်ဖွင့်တော့မှအဖောက်ခံရမှန်းသိတာ။ခိုးတာကတန်ဖိုးကြီးတာတွေချည့်ပဲရွေးခိုးသွားတာ။တရားခံကဘယ်စီနေမှန်းကိုမသိသေးဘူး။ခုထိစီစီတီဗီမှတ်တမ်းကလဲမရဘူး။ကျမကလဲအဲ့အပိုင်းတွေကိုနားမလည်ဘူး။ခုထိဆိုက်ကပိတ်ထားတုန်းပဲရဲကတော့ဆိုင်ကိုဓါတ်ပုံလာရိုက်သွားတယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပင်လောင်းက စစ်ရှောင်တချို့ ရိက္ခာ ရက်ပိုင်းသာကျန်ပြီးအခက်အခဲဖြစ်နေ

မတ်၊ ၅ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့မှာ KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ စစ်ရှောင်စခန်းတချို့မှာ ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။  “ ဆန်ဆီဆားဆိုရင်လည်း ရောက်ခဲ့တဲ့ စခန်းတွေမှာ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ပြာပုံဖြစ်သွားတဲ့ စစ်ကိုင်းက လက်ခတ်သံတွေ

မတ်၊ ၅ “ ကျွန်တော်တို့ကတော့ လူထုကိုတမင်သက်သက်ညှင်းပန်းနှိပ်စက်နေတယ်လို့ ထင်တာပဲဗျာ။ လူထုလည်းလုပ်ကိုင်မစားနိုင်အောင် အကုန်လှည့်ပြီးဖျက်ဆီးနေတာပဲ။ ကျွန်တော်တို့ရွာတင်မကပါဘူး။ ဒီနားပတ်လည် ၇ ရွာ ၈ရွာရှိတယ်။ PDF တွေကိုထောက်ပံ့တယ်ဆိုပြီး အခုလိုမီးရှို့တာပါ”  ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာ မီးရှို့ခံလိုက်ရလို့ ပိုင်ဆိုင်တဲ့ ရက်ကန်းစင်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“ ဖိုဝါဒီလွှမ်းမိုးသော စကားဝိုင်းများ”ဓာတ်ပုံပြပွဲ

မတ်၊ ၅ “ ဖိုဝါဒီလွှမ်းမိုးသော စကားဝိုင်းများ”ဓာတ်ပုံပြပွဲ ဆိုတဲ့ ပြပွဲတခုကို ဒီကနေ့ မတ်လ ၅ ရက်နေ့က ချင်းမိုင်မြို့၊ လမ်ဒင်း ကဖီးအနီးမှာပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီပွဲကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ The Salween Institute for [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေဦးမြို့က ဖလံဂုဏ်ရွာကိုစစ်ကောင်စီတပ်ဝင်ရောက်စီးနင်း၊ ရဲအုပ်တဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးသေဆုံး

မတ်၊ ၅ စစ်ကိုင်းတိုင်းဒေသကြီးထဲကစစ်အုပ်ချုပ်ရေးကြေငြာခံထားရတဲ့မြို့နယ်တွေထဲမှာတခုအပါအဝင်ဖြစ်တဲ့ ရေဦးမြို့နယ်က ဖလံဂုဏ်ရွာ ကိုစစ်ကောင်စီတပ်တွေကမနေ့ကနံနက်၄နာရီကနေ၅နာရီဝန်းကျင်အချိန်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပြည်သူ့ရဲတပ်ဖွဲ့က ရဲအုပ်တဦးအပါအဝင်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၅ဦးသေဆုံးခဲ့ပါတယ်။ “သူတို့ကရေဦးအနောက်ဘက်ကနေပိတ်ပြီးဝင်စီးတာ ။မနက်၄နာရီနဲ့၅နာရီကြားလောက်ကရွာမှာကင်းစောင့်နေတဲ့ပလဖတာဝန်ခံ(ပြည်သူ့လုံခြုံရေးအဖွဲ့)ကရဲအုပ်တဦးနဲ့ဒေသကာကွယ်ရေးတပ်ဖွင်၄ဦးကိုအသတ်ခံရတယ် “လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေကရွာစဉ်ပတ်ပြီးလှည့်လည်လူသတ်မီးရှို့နေတာတွေ ကြောင့် ဖလံဂုဏ်ရွာအနီးပါတ်ဝန်းကျင်က၁၀ရွာကလူဦးရေ၇၀၀၀ကျော်ဝန်းကျင်စစ်ရှောင်နေရတယ်လို့သိရပါတယ်။ စစ်အုပ်စု ရန်ကြောင့် ရေဦးမြို့နယ် အနောက်ခြမ်းကသံသည်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပြည်သူ့တပ်ဖွဲ့က ခြောက်လအတွင်းအမှုပေါင်း တရာ့နှစ်ဆယ်ကျော်ကို တရားစွဲဆို၊ မူယစ်ဆေးဝါးမှုအများဆုံးဖြစ်

မတ်၊ ၅ စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ရှိ ကလေးပြည်သူရဲတပ်ဖွဲ့က ၆ လတာကာလအတွင်း အမှုပေါင်း ၁၂၀ ကျော်လောက်ကို အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သလို အဲဒီအမှုတွေထဲမှာ မူးယစ်ဆေးဝါးအမှုက အများဆုံးဖြစ်တယ်လို့ ကလေးမြို့ပြည်သူရဲတပ်ဖွဲ့ (တောင်ပိုင်း) တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]