နိုင်ငံရေး

စစ်ကောင်စီဖမ်းထားတဲ့ ပေါက်ခေါင်းဒေသခံခြောက်ဦး ထောင်တသက်လွတ်ရက်မရှိချမှတ်ခံရ

မတ်၊ ၁၆ ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် ဖမ်းဆီးခံရတဲ့ CDM ကျောင်းဆရာတဦး အပါအဝင် ဒေသခံ အမျိုးသားခြောက်ဦးကို စစ်ကောင်စီက ထောင်တသက် လွတ်ရက်မရှိပြစ်ဒဏ် တွေချမှတ် လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။  ပဲခူးတိုင်း အနောက်ခြမ်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လူအစုလိုက်အသတ်ခံရတဲ့ နန်းနိန်းရွာမှာ ဒေသခံတဆယ့်တဦးဆက်လက်ပျောက်ဆုံးနေ

မတ်၊ ၁၆ ရှမ်း ကယားနယ်စပ် ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းကျေးရွာက ဘုန်းကြီးကျောင်းအတွင်းမှာ မတ်လ ၁၁ရက်က သံဃာတော် (၃)ပါးနဲ့အရပ်သား၁၉ဦး အသတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ ရွာသားတွေလည်းရှိတယ်လို့ ဒီကနေ့ မတ်လ ၁၆ ရက်မှာပြုလုပ်တဲ့ နန်းနိန်းရွာဖြစ်စဉ် [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

KBC ဥက္ကဌဟောင်းကို စစ်ကောင်စီက တရားရုံးက အကြမ်းဖက်မှုဥပဒေ နဲ့ထပ်မံစွဲချက်တင်

မတ်၊ ၁၆ ကချင်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ တရားရုံးကအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်မံစွဲချက်တင်လိုက်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တူရကီ ငလျင်ဘေးသင့် ဒေသတွေမှာ ရေကြီးပြီး လူဒါဇင်နဲ့ချီ သေဆုံး

မတ်၊ ၁၆ တူရကီ နိုင်ငံက ငလျင်ဘေးသင့် ဒေသနှစ်ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ပြီး ဒါဇင်နဲ့ချီ သေဆုံးမှုတွေ ကြုံနေရကြောင်း သိရပါတယ်။  ပြီးခဲ့တဲ့လက အင်အားပြင်း ငလျင်ကြီးကြောင့် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုတွေ ကြုံခဲ့တဲ့ ဆန်လီရာဖာနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားသူလျှို အဖွဲ့တခုကို ပိုလန်မှာ ဖမ်းဆီးရမိ

မတ်၊ ၁၆ ရုရှားအတွက် သူလျှိုအဖြစ် လုပ်ကိုင်ပေးနေတယ်ဆိုတဲ့ အဝန်းအဝိုင်း တခုကို ပိုလန်မှာ ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။  ပိုလန် အစိုးရ အရာရှိ နှစ်ဦးက ရုရှား သူလျှိုလို့ ယုံကြည်ရတဲ့ နိုင်ငံခြားသား တဖွဲ့ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂျပန်-တောင်ကိုရီးယား ထိပ်သီးတွေ့ဆုံပွဲ မတိုင်ခင် မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်

မတ်၊ ၁၆ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ခေါင်းဆောင်တွေ သမိုင်းဝင် တွေ့ဆုံမှု မတိုင်ခင် နာရီပိုင်း အလိုမှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစင်းကို ပစ်လွှတ်ပြခဲ့ပါတယ်။  မတ် ၁၆ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယားရဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ချန်ပီယံလိဂ်ကို မေ့ထားပြီး ရှေ့ပွဲတွေကို အာရုံစိုက်ဖို့ လီဗာပူး အသင်းသားတွေကို ကလော့ပ်တိုက်တွန်း

မတ်၊ ၁၆ ချန်ပီယံလိဂ်က အရေးနိမ့် ထွက်ခွာရတဲ့ ခြောက်အိပ်မက်ကနေ အမြန်ဆုံး နိုးထပြီး ရှေ့လာမယ့် ပွဲစဉ်တွေ အတွက် အပြည့်အဝ အာရုံစိုက်ကြဖို့ ကစားသမားတွေကို လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က တောင်းဆိုလိုက်ပါတယ်။  အင်္ဂလန် ထိပ်တန်းကလပ်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲမှာစစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့အရပ်သားလေးဦးဒဏ်ရာရ

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ အလည်ဘုံရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တလုံးမီးလောင်ကျွမ်းပြီး အရပ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။  “အလယ်ဘုံရွာဆိုတာကပုလဲမြို့ပေါ်ကရပ်ကွက်တခုလိုပဲ။ထွေအုပ်ရုံးနဲ့က ၁ဖာလုံလောက်ပဲဝေးတာ။ထွေအုပ်ရုံးရေစင်ပေါ်ကနေရွာထဲကိုလက်နှက်ကြီးနဲ့ပစ်တာ ။ရွာအစွန်ကအဖွားတယောက်ရဲ့အိမ်ပေါ်ကျတာ။ရေတွင်းမိုးတဲ့အဆောင်လေးပါမီးလောင်တယ် ။ပြည်သူတွေဝိုင်းငြိမ်းလို့ဆက်မကူးတာ”လို့ပုလဲမြို့ကဒေသတွင်းအခြေနေတွေကိုဖော်ပြပေးနေတဲ့Pale Entertainmentကကိုနေသူရိန်ကပြောပါတယ် ။ အဆိုပါစစ်ကောင်စီတပ်တွေဟာဒေသခံပြည်သူတွေမီးငြှိမ်းသတ်နေချိန်မှာလည်းလက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်းသူကဆိုပါတယ်။ အဆိုပါလက်နှက်ကြီးထိမှန်မှုကြောင့်အဖွားအိုတဦးမှာပေါင်အချက်၂၀ချုပ်ရပြီး ၊နောက်အမျိုးသားတဦးဟာခြေသလုံးနှစ်ဖက်လုံးပွင့်ထွက်သွားခဲ့ပါတယ်။ နောက်တဦးဟာ၂ချက်ခန့်ချူပ်ရပြီးကျန်တဦးကတော့ လည်ပင်းနဲ့ ကျောမှာပေါက်ပြဲသွားခဲ့တယ်လို့သိရပါတယ်။ ပုလဲမြို့ပေါ်မျာစစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းမရှိတဲ့အခါမျိုးမှာမြို့ပြင်မထွက်ရဲပဲမြို့စောင့်တပ်အနေနဲ့သာနေထိုင်နေကြတယ်လို့‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်းဆိုကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းမှာ ရက်ပိုင်းပဲခြားပြီး တောဆင်ရိုင်းလေးကောင်အသတ်ခံနေရ

မတ်၊ ၁၅ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက သစ်တောကြိုးဝိုင်းအတွင်းမှာ  ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က အသတ်ခံထားရတဲ့ တောဆင်ရိုင်းနှစ်ကောင်ကိုထပ်တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ က ကညင်ကွင်း သစ်တောကြိုးဝိုင်းကွက်  တောတွင်းချောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတချို့အထူးအယူခံတက်မယ်

မတ်၊ ၁၅ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ ပက်သက်ပြီး တချို့အမှုတွေကို အမြင့်ဆုံးတရားရုံးတွေမှာ အထူးအယူခံတွေ ဆက်တက်ရေမှာဖြစ်တယ်လို့ တရားရေး အသိုင်းအဝိုင်းကသိရပါတယ်။ အထူးအယူခံတက်နိုင်ဖို့အတွက်အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော် အကျဉ်းထောင်တွင်းကနေ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီလကတည်းက  [ဆက်လက်ဖတ်ရှုရန်]