ပုလဲနယ်က ပျူရွာတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်
မတ်၊ ၂၁ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် မြောက်ပိုင်းကစစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေအခြေပြုတဲ့ ဇီးဖြူကုန်းရွာကို ဒီကနေ့ မတ်လ ၂၁ရက် မနက်အစောပိုင်းမှာ ကာကွယ်ရေးတပ်တွေကသွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့တုံ့ပြန်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ပုလဲမြို့နယ်ဇီးဖြူကုန်းကျေးရွာမှာဒီကနေ့မနက်လေးနာရီကဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်တွေပျူစောထီးတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက်ရှစ်နာရီအချိန်မှာစစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ပုလဲနယ်အခြေ စိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကရဲဘော်ပေက [ဆက်လက်ဖတ်ရှုရန်]