နိုင်ငံတကာရေးရာ

လေလံပွဲမှာ ဒေါ်လာ ၂၅ သန်းကျော်နဲ့ ရောင်းချခဲ့တဲ့ တရုတ် ရှေးဟောင်း လက်ဖက်ရည် ပန်းကန်လုံး

ဧပြီ၊ ၁၁ အနုစိတ် ဒီဇိုင်းပုံဖော် ရေးဆွဲထားတဲ့ ရှေးဟောင်း တရုတ် ကြွေထည် လက်ဖက်ရည် ပန်းကန်လုံးလေး တလုံးကို ဒေါ်လာ ၂၅ သန်းကျော်နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဟောင်ကောင်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လေယာဉ်တင် သင်္ဘော ဦးဆောင်ပြီး ထိုင်ဝမ်ကို ဝန်းရံတိုက်ခိုက်ပုံ တရုတ် စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံး

ဧပြီ၊ ၁၁ လေယာဉ်တင် သင်္ဘောကြီး တစီးက ဦးဆောင်ပြီး ထိုင်ဝမ်ကျွန်းကို ဝန်းရံ ပိတ်ဆို့ တိုက်ခိုက်တဲ့ ၃ ရက်ကြာ စစ်ရေး လေ့ကျင့်မှုကို တရုတ်က အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။  ဧပြီ ၁၀ ရက်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လေထု ညစ်ညမ်းမှုကြောင့် ချင်းမိုင်ရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အကြီးအကျယ် ထိခိုက်

ဧပြီ၊ ၁၁ ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့ရဲ့ လေထု အရည်အသွေး ဆိုးဆိုးရွားရွား ကျဆင်းမှုကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေပြီး ဒေသခံတွေလည်း စိတ်သောက ရောက်နေကြပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မီးခိုးမြူတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးတိုင်း တရားလွှတ်တော်ဒုညွန်မှူးအသတ်ခံရပြီး နေအိမ်လည်းမီးရှို့ခံရ

ဧပြီ၊ ၁၁ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးဒေါ်လေးကြည်နဲ့ သူရဲ့ အိမ်အကူအမျိုး သမီး တဦး ဒီကနေ့ မနက်ပိုင်းက နေအိမ်မှာသတ်ဖြတ်ခံထားရသလို နေအိမ်လည်းမီးရှို့ဖျက်ဆီးခံထားရတယ်လို့ စစ် အုပ်စုနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။ ချမ်းအေးသာစံမြို့နယ် ၊ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဗယ်လ်ဗာဒီနဲ့ ပြဿနာအပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ကြုံနေရတယ်လို့ ဗီလာရီးရဲလ် ကစားသမားဆို

ဧပြီ၊ ၁၁ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဖက်ဒရေကို ဗယ်လ်ဗာဒီနဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာအပြီး သူနဲ့ သူ့မိသားစုဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကိုပါ ရင်ဆိုင် ကြုံတွေ့နေရကြောင်း ဗီလာရီးရဲလ် တောင်ပံ တိုက်စစ် ကစားသမား အဲလက်စ် ဘေနာက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်သင်္ကြန်မဏ္ဍပ်တွေ နှစ်ရက်ဆက် ပေါက်ကွဲမှုဖြစ်လို့လုံခြုံရေးအရာရှိတွေသတိပေးခံရ၊ မသင်္ကာသူ တွေကိုပစ်ခတ်ဖမ်းဆီးမယ်လို့ဆို

ဧပြီ၊ ၁၀ ရန်ကုန်တိုင်းစစ်ကောင်စီ ဗဟိုမဏ္ဍပ်နဲ့ စမ်းချောင်းမြို့နယ်ရဲစခန်းရှေ့က မဏ္ဍပ်တွေမှာ နှစ်ရက်ဆက် ဗုံးပေါက် ကွဲမှုဖြစ်ခဲ့တာကြောင့် လုံခြုံရေးတာဝန်ရှိသူတွေပြင်းပြင်းထန်ထန်သတိပေးခံရပြီး သင်္ကြန်မဏ္ဍပ်တွေအနီး မ သင်္ကာသူတွေကိုပစ်ခတ် ဖမ်းဆီးဖို့လည်းအမိန့်ထုတ်လိုက်တယ်လို့ ရန်ကုန်မြို့က ပြည်ထဲရေးဝန်ကြီးဌာန အ ကြီးတန်း အရာရှိတဦးက DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နယ်ဝေးရထားခရီးစဉ်လက်မှတ် မှောင်ခိုဈေးကွက်ဖြစ်နေပြီး ပုံမှန်ထက် ဈေးနှစ်ဆမြင့်တက်

ဧပြီ၊ ၁၀ သင်္ကြန်ကာလအကြိုနေရပ်ပြန်သူတွေများလာချိန် နယ်ဝေးရထားလက်မှတ် မှောင်ခိုအရောင်းအဝယ် ဈေးကွက် ပေါ်လာသလို ဈေးနှုန်းကလည်း ပုံမှန်ထက် နှစ်ဆလောက်မြင့်တက်လာတယ်လို့ နယ်ဝေးရထားခရီးစဉ် စီး နင်းသူတွေဆီက စုံစမ်းသိရှိရပါတယ်။ ရန်ကုန်ဘူတာကြီးတရားဝင် သတ်မှတ်ဈေးနှုန်းတွေအရ နယ်ဝေးရထားခရီးစဉ်တွေကို ရိုးရိုးတန်း ကျပ် (၃၅၅၀)နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့ကလုပ်ငန်းရှင်တဦးကို ရဲဝတ်စုံဝတ်ထားသူတွေက ပြန်ပေးဆွဲ၊PDFနဲ့ စစ်အုပ်စုအပြန်အလှန်စွပ်စွဲ

ဧပြီ၊ ၁၀ စစ်ကိုင်းတိုင်း၊မုံရွာမြို့က ဆီစက်ပိုင်ရှင် အမျိုးသမီးတဦးကို ရဲဝတ်စုံဝတ်ထားသူတွေက ပြန်ပေးဆွဲမှု မနေ့က ဖြစ် ခဲ့ပြီး ဒါဟာ PDF တွေက ရဲအယောင်ဆောင်ဖမ်းဆီးတာလို့ စစ်အုပ်စုထောက်ခံသူတွေက သတင်းဖြန့် ကြသလို ဒေသခံPDF တွေကလည်း စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေးမြို့နယ်မှာ အိမ်စီးကားတစီးပစ်ခတ်ခံရလို့ နှစ်ဦးဒဏ်ရာရ၊တဦးစိုးရိမ်ရ

ဧပြီ၊ ၁၀  မွန်ပြည်နယ်၊ ရေးမြို့နယ်လိမ္မော်ခြံကျေးရွာအနီးက အဝေးပြေးကားလမ်းမပေါ်မှာ ဒီကနေ့မနက် ၁၁ နာရီဝန်း ကျင်က အိမ်စီးကားတစီး ပစ်ခတ်ခံရတာကြောင့် အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရပြီး တဦး ဒဏ်ရာပြင်း ထန် တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဘုရားသုံးဆူမြို့ဘက်ကနေ ရေးမြို့နယ်ဘက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗားရ်ရွာကစစ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ဆယ့်လေးဦးအရှင်ဖမ်းမိတယ်လို့ချင်းကာကွယ်ရေးတပ် ပြော

ဧပြီ၊ ၁၀ ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ဗားရ်ရွာအနီးက စစ်ကောင်စီစခန်းကို ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးကာ (၁၄)ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ချင်း ကာကွယ်ရေးတပ် (CNDF/CNO)က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဆီက [ဆက်လက်ဖတ်ရှုရန်]