နိုင်ငံရေး

ဖားကန့် မလန်းယန်ကျေးရွာကို စစ်ကောင်စီ စီးနင်းပြီး ဒေသခံနှစ်ဆယ်ကျော်ကိုဖမ်းဆီး

ဧပြီ၊ ၂၉   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု မလန်းယန်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့နယ် တင်သားကျေးရွာထဲ လက်နက်ကြီးကျည်ကျလို့ သုံးဦးထက်မနည်းဒဏ်ရာပြီး တဦးဒဏ်ရာပြင်းထန်

ဧပြီ၊ ၂၉   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဧပြီ ၂၈ရက် ညနေပိုင်းမှာ တင်သားကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် အရပ်သားသုံးဦးထက်မနည်း ဒဏ်ရာရပြီး တဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေပြင်းကြောင့် လွိုင်ကော်မှာ အိမ်တရာကျော်ပျက်စီး၊ စစ်ရှောင်တွေအခက်ပိုတွေ့

ဧပြီ၊ ၂၉   ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှားတောမြို့နယ်အစပ်က စစ်ရှောင်တွေ ခိုလှုံနေတဲ့ စူးဖဲလော်၊ နော်ပလု၊ တာဝ ကျေးရွာတွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ ဗိုလ်မှူးဟောင်းတဦး ပစ်ခတ်ခံရပြီးသေဆုံး

ဧပြီ၊ ၂၉   ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က စစ်တပ်အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်း ပစ်သတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။   “ မနက်က ပစ်ခံရတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

PNO ပြည်သူ့စစ်အဖွဲ့က စစ်ရှောင်တွေဆီက မိုင်းရှင်းခဆိုကာ ငွေကြေးကောက်ခံနေ

ဧပြီ၊​ ၂၉   ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်အဖွဲ့က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်နေရသူတွေ ရပ်ရွာကို ပြန်နိုင်ရေး မိုင်းရှင်းခလို့ဆိုပြီး ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ ပင်းလောင်မြို့ထဲကပဲ မိုင်းရှင်းလင်းခဆိုပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ်က DKBA၊ BGF ပူးပေါင်းဂိတ်စခန်း တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိ

ဧပြီ၊ ၂၉   မွန်ပြည်နယ်၊ ရေးမြို့ အဝင်က စစ်ကောင်စီလက်အောက်ခံပူးပေါင်းအဖွဲ့တွေရဲ့ ဂိတ်စခန်း ဒီကနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “ ကျွန်တော်တို့ကြားတာတော့ တယောက်သေသွားတယ်၊ သေတဲ့သူကတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ ဓားခုတ်လုယက်ခံရလို့ အမျိုးသားတဦးသေဆုံး၊ တဦးပြင်းထန်ဒဏ်ရာရ

ဧပြီ၊ ၂၉   မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ မနေ့ကညပိုင်းက ဓားနဲ့ထိုးပြီး ဆိုင်ကယ်အလုခံရတဲ့ အမျိုးသားတဦး ဓားဒဏ်ရာကြောင့် သေဆုံးသွားသလို နောက်ထပ်အမျိုးသားတဦးကတော့ ပြင်းထန်ဒဏ်ရာတွေ ရထားတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။   မဟာအောင်မြေမြို့နယ် ၈၂ လမ်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ရွာခံလေးဦးကို NUG ဖမ်းဆီးအမှုဖွင့်

ဧပြီ၊ ၂၉   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို သတင်းပေးခဲ့တဲ့လေးဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ NUG က ဒီကနေ့ထုတ်ပြန်ထားသလို ဖမ်းဆီးခံရသူတွေဟာ ပဇီကြီးရွာခံတွေဖြစ်တယ်လို့ ဒေသခံတွေကလည်း DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဦးဝင်းနိုင် (အနုပညာ)ကွယ်လွန်

ဧပြီ၊ ၂၉   ဝါရင့်လူရွှင်တော်ကြီးတဦးဖြစ်သလို ရုပ်ရှင်နဲ့ဗွီဒီယို ဟာသသရုပ်ဆောင်တဦးလည်းဖြစ်တဲ့ ဦးဝင်းနိုင် (အနုပညာ) ဟာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်သွားတယ်လို့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။   ဦးဝင်းနိုင် (အနုပညာ)ဟာ အနုပညာသမားတွေ ဦးစီးတည်ထောင်ထားတဲ့ မင်္ဂလာဒုံမြို့နယ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာဒေသခံဆယ်ဦးထက်မနည်းကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီး၊ ဒေသခံ တသောင်းကျော်ထွက်ပြေးနေရ

ဧပြီ၊ ၂၉   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုုက်နယ်၊ စကျင်ကျေးရွာက အရပ်သား ဆယ်ဦးထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းက ဧပြီလ ၂၇ ရက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။   ” မြေပြင်သတင်းပေးပို့ချက်အရ [ဆက်လက်ဖတ်ရှုရန်]