နိုင်ငံတကာရေးရာ

မက္ကဆီကို အဝေးပြေးလမ်းမှာ ဘတ်စ်ကား လျှိုထဲထိုးကျပြီး လူနှစ်ဆယ်နီးပါး သေဆုံး

သြဂုတ်၊ ၄ မက္ကဆီကို နိုင်ငံမှာ ခရီးသည်တင် ဘတ်စ်ကားတစီး လမ်းချော်ပြီး လျှိုထဲ ထိုးကျသွားရာက လူ ၂၀ နီးပါး အသက် ဆုံးရှုံးခဲ့ပါတယ်။ ဩဂုတ် ၃ ရက်က အမေရိကန်နဲ့ နယ်စပ်နားမှာရှိတဲ့ မြောက်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိမ်းရှောင်နေရတဲ့ ပုသိမ်က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်း နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

သြဂုတ်၊ ၄   ဖမ်းဝရမ်း ထုတ်ခံထားရလို့ တိမ်းရှောင်နေရတဲ့ ပုသိမ်မြို့က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်းရဲ့နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာ ချိပ်ပိတ်သွားတယ်လို့ ပုသိမ်မြို့ခံတွေက DNA ကိုပြောပါတယ်။   ပုသိမ်မြို့ တဖက်ကမ်း အမှတ်(၁၀) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ်ဆီ စစ်ဘက်ဆိုင်ရာ အချက်အလက်တွေ ပေါက်ကြားစေမှုနဲ့ အမေရိကန် ရေတပ်သားနှစ်ဦး စွဲချက်တင်ခံရ

သြဂုတ်၊ ၄ တရုတ်ဆီ စစ်ဘက်ဆိုင်ရာ သတင်း အချက်အလက်တွေ ထောက်ပံ့ပေးခဲ့ကြောင်း စွပ်စွဲမှုနဲ့ အမေရိကန် ရေတပ်သား နှစ်ဦးကို စွဲချက်တင်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်သား နှစ်ဦးဟာ စစ်ရေးအရ ထိလွယ်ရှလွယ် ရှိနိုင်တဲ့ သတင်းအချက်အလက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းလှဒေသခံ လင်မယားနှစ်ဦး ပစ်သတ်ခံရ

သြဂုတ်၊ ၃   ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကျွဲမကိုင်းကျေးရွာ က ဒေသခံ လင်မယားနှစ်ဦးကို စစ်ကောင်စီထံ သတင်းပေးတာတွေ မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာတာကြောင့် ပစ်ခတ်ရာမှာ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ ဖွဲ့စည်းပုံပြောင်းပေမယ့် လူဟောင်းအများစုသာ ဆက်လက်ပါဝင်

သြဂုတ်၊ ၃   လေးကြိမ်မြောက်အဖြစ် အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် ကာကွယ်ရေးနဲ့ပြည်ထဲရေးဝန်ကြီး တွေအပါအဝင် စစ်ကောင်စီက ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကို ပြောင်းရွှေ့ခန့်အပ်တာမျိုး လုပ်လိုက်ပေမယ့် အများစုကတော့ လူဟောင်းတွေသာ ဆက်လက်ပါဝင်နေတာ တွေ့ရပါတယ်။   စစ်ကောင်စီက ဝန်ကြီးတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ ပုလဲနယ်က ကျေးရွာပကဖခေါင်းဆောင် အလောင်းသာပြန်တွေ့

သြဂုတ်၊ ၃ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသ_တ်ဖြတ်သွားတယ်လို့ အဲဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်ထက်က DNA ကိုပြောပါတယ်။   ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်း က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်း၊မရကန်ရွာကို စစ်ကောင်စီစစ်ကြောင်းထိုးမီးရှို့လို့ နေအိမ်သုံးဆယ်နီးပါးမီးလောင်ပျက်စီး

သြဂုတ် ၊ ၃ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်း က မရကန် ရွာကို စစ်ကောင်စီ တပ်တွေက မနေ့က သြဂုတ်လ ၂ ရက် ညနေပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်းတွေမှာစစ်ကြောင်းထိုးဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၇ လုံး မီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီချုပ်ပါတီ၊ တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်း တိမ်းရှောင်ရင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်)ပါတီ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကိုယ်စားပြု တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်းဟာ ဖမ်းဆီးခံရမယ့်အန္တရာယ်ကနေတိမ်းရှောင်ရင်းကင်ဆာရောဂါနဲ့  သြဂုတ်လ ၃ ရက် မနက်ပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။ “ကင်ဆာက နောက်ဆုံးအဆင့်ဖြစ်နေပြီ။ (…….)မှာလာပြီး ဆေးလာကုတာက တနှစ်လောက်ပဲ ရှိဦးမယ်။  သေတဲ့အထိ ရှောင်ရင်းတိမ်းရင်းပဲ ဆေးကုရတာ” လို့  [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စက်သုံးဆီဈေး အဆမတန်မြင့်တတ်လာလို့ ဆီကားမောင်းသူတချို့ ဂတ်စ်ကားပြောင်းမောင်း

  သြဂုတ် ၊ ၃ စက်သုံးဆီစျေးနှုန်းတွေအဆမတန်မြင့်တက်လာလို့ ဆီကားမောင်းသူတချို့ဟာ CNG ဂတ်စ်ကားပြောင်းလဲ မောင်းနှင်လာကြတယ်လို့ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေနဲ့ အငှားယာဉ်ပိုင်ရှင်တွေက DNA သတင်းဌာနကို ပြောပါတယ်။ “ ဆီကားက မောင်းချင်တဲ့သူဘယ်သူ့မှကို မရှိတာ ၊ဂတ်စ်ကားပဲမောင်းချင်ကြတာ ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မူဆယ် ၁၀၅မိုင် အနီးမှာတိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားတွေလည်းထိခိုက်မှုရှိနေ

  သြဂုတ် ၊ ၃ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာ စစ်ကောင်စီနဲ့ TNLA တပ်တွေ ဒီကနေ့ မနက် ပိုင်းကလည်း တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး အရပ်သားတွေလည်းထိခိုက်ဒဏ်ရာရမှုတွေရှိနေတယ်လို့ မူဆယ်ဒေသခံ တဦးက DNAကိုပြောပါတယ်။ “တိုက်ပွဲတွေကတော့ [ဆက်လက်ဖတ်ရှုရန်]