ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းရဲ့ တည်ငြိမ်မှုကို အသိအမှတ်ပြုတယ်လို့ စစ်ခေါင်းဆောင်ထပ်မံပြောဆိုပြန်

သြဂုတ် ၊ ၁၂ ဧရာဝတီတိုင်းဟာ စီးပွား၊ပညာရေး၊ကျန်းမာရေး၊တည်ငြိမ်ရေးကစလို့ ဘက်ပေါင်းစုံ ကောင်းမွန်တဲ့ အခြေအနေ မှာရှိနေတာကြောင့်ဆောင်ရွက်ချက်တွေအားလုံးကိုအသိအမှတ်ပြုအားပေးတယ်လို့အာဏာသိမ်းစစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုလာပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မနေ့က ညနေပိုင်းမှာ ပုသိမ်မြို့ကိုသွားရောက်ခဲ့ပြီး မြို့မိ၊မြို့ဖတွေနဲ့တွေ့ဆုံခဲ့ တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။ အာဏာသိမ်းပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟာဝိုင်ယီပြည်နယ် သမိုင်းမှာ အသေအပျောက် အများဆုံး သဘာဝ ကပ်ဘေးဖြစ်လာတဲ့ တောမီး

သြဂုတ် ၊ ၁၂ ဟာဝိုင်ယီမှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် သေဆုံးသူ ၇၀ နီးပါးထိ ရှိလာပြီး အမေရိကန်ပိုင် ကျွန်းစုပြည်နယ် သမိုင်းတလျှောက် အဆိုးဆုံး သဘာဝ ကပ်ဘေးအဖြစ် မှတ်တမ်း ဝင်လာပါတယ်။ ဩဂုတ် ၁၁ ရက် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အာဏာသိမ်း စစ်တပ်က အခင်းအကျင်းသစ်တွေ ကြံစည်နေသလား

သြဂုတ် ၊ ၁၂ အမျိုးမျိုးသော တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ နေရာစုံမှာ ကာလရှည်ကြာ စစ်ခင်းတိုက်ခိုက်ရင်း ရုန်းကန်နေရတဲ့နောက် အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ လက်ရှိ လုပ်ဆောင်ချက် တချို့က ပြေရာပြေကြောင်း ညှိနှိုင်းဖို့ လေချိုသွေးတာမျိုး ရှိလာသလား၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်ကုတ်မှာ လုယက်၊ လူသတ်မှု ကျူးလွန်သူ စစ်ကောင်စီတပ်သားကို ရဲကဖမ်းမိပေမယ့် ပြန်လွှတ်

သြဂုတ်၊ ၁၁   ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ခံ အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတဦးက လုယက်သတ်ဖြတ်ခဲ့ပြီး အဲဒီတပ်သားကို ရဲက ဖမ်းမိပြီးနောက် သက်ဆိုင်ရာတပ်ကို ပြန်လွှဲပေးလိုက်တယ်လို့ မြို့ခံတွေနဲ့ ရဲစခန်းနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။   တောင်ကုတ်မြို့ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ဒေါ်လာဈေးနဲဲ့ အတူ စက်သုံးဆီ တလီတာကို ကျပ်တရာကျော် မြင့်တက်

သြဂုတ်၊ ၁၁   ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေါ်လာဈေးတွေ မြင့်တတ်လာတာကြောင့် စက်သုံးဆီ တလီတာကို တရက်အတွင်း တရာကျော် မြင့်တက်ခဲ့တယ်လို့ ရန်ကုန်မြို့က စက်သုံးဆီရောင်းဝယ်နေသူတွေနဲ့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။   ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တလိုင်းရွာ လေကြောင်းတိုက်ခိုက်မှု ရှစ်လသား ကလေးငယ်အပါအဝင် သေဆုံးသူ ငါးဦးအထိရှိလာ

သြဂုတ်၊ ၁၁   စစ်ကိုင်းမြို့၊ တလိုင်းရွာမှာ ဒီကနေ့ ဩဂုတ်လ ၁၁ ရက်မနက်အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ရှစ်လအရွယ် ကလေးငယ်အပါအဝင်သေဆုံးသူ ငါးဦးအထိ ရှိလာပြီလို့ မြေပြင်သတင်းးရင်းအမြစ်တွေက ပြောပါတယ်။   ” လောလောဆယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမြို့မှာ ရေကြီးရေလျှံလို့ လူဦးရေထောင်ချီ အရေးပေါ် ရွှေ့ပြောင်းနေရ

သြဂုတ်၊ ၁၁   ပဲခူးမြစ်ရေတက်ပြီး ရေကြီးနေတာကြောင့် ပဲခူးမြို့ပေါ် အနိမ့်ပိုင်းနေရာတွေမှာ နေထိုင်သူတွေအပါအဝင် လူဦးရေ ထောင်နဲ့ချီကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေ ဆီရွှေ့ပြောင်းပေးထားရတယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။   ပဲခူးမြစ်ရေဟာ ပြီးခဲ့တဲ့နှစ်ရက်အကြာ ဩဂုတ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါင်းတည်မှာ စစ်ကောင်စီ သတင်းပေးဆိုပြီး ပစ်ခတ်လို့ နှစ်ဦးသေဆုံး

သြဂုတ်၊ ၁၁   ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် မှာ စစ်ကောင်စီ သတင်းပေးဆိုသူ အမျိုးသားနှစ်ဦး သြဂုတ်လ ၁၀ ရက်၊ မနက် ၁၁ နာရီခန့်မှာ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေ ဆီကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့နယ်မှာ စစ်ကောင်စီပစ်ခတ်လို့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦးသေဆုံး

သြဂုတ်၊ ၁၁   ကလေးမြို့အနောက်ပိုင်း မြို့လှရပ်ကွက်ဘက်ကို စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦးကို ပစ်ခတ်လိုက်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြို့လှရပ်ကွက်နဲ့ မွန်ထာကျေးရွာ တွေဘက်ကို မနေ့ကညနေကတည်းက စစ်ကြောင်းထိုးလာတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း ကိုနောင်ထက်အောင်ကို စစ်တပ်က ထောင်သုံးနှစ်ထပ်ချ

သြဂုတ်၊ ၁၁   မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ကိုနောင်ထက်အောင်ကို စစ်ကောင်စီက သြဂုတ်လ ၉ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ သမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။ အခြေခံပညာ [ဆက်လက်ဖတ်ရှုရန်]