ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာမြို့၊ ပတ်လည်အင်းရွာ စစ်တပ်စခန်းအတိုက်ခံရလို့လေးဦး သေဆုံး၊ တဦး ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၆ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မြောက်ဘက်ခြမ်းရှိ မတ္တရာ-သပိတ်ကျင်းသွား ကားလမ်းမပေါ်ရှိ ပတ်လည်အင်းရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့လို့ စစ်သားလေးဦးသေဆုံးပြီး တဦး ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ “ ပတ်လည်အင်းရွာမှာ အထိုင်ချပြီး [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

မြို့နယ်တချို့က စီးပွားရေးဘဏ်နဲ့ စိုက်ဘဏ်က ငွေတွေ နီးစပ်ရာ တပ်တွေမှာထားဖို့ ညွှန်ကြား

နိုဝင်ဘာ၊ ၁၆ စစ်ကောင်စီရဲ့ စီးပွားရေးအရ အားထားရတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် က ငွေကြေးတွေကို နီးစပ်ရာတပ်ရင်းဌာနချုပ်တွေမှာ သွားရောက်သိမ်းဆည်းဖို့ ညွှန်ကြား လိုက်တယ်လို့ မြန်မာ့စီးပွားရေးဘဏ်အရာထမ်းတချို့ထံက သိရပါတယ်။ ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းက မြို့နယ်တချို့တွေမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ဆင်ရေး ငါးရက်အတွင်း ကရင်နီမှာ အရပ်သား လေးဆယ်ကျော် သေဆုံး

နိုဝင်ဘာ ၁၆ ကရင်နီ(ကယား) ပြည်နယ်မှာ ကရင်နီပူးပေါင်းတပ်တွေရဲ့ တစ်လေးလုံး(၁၁.၁၁) စစ်ဆင်ရေးစတင်တဲ့ အခုလ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အထိ ငါးရက်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၄၂ ဦးထက်မနည်း ရှိပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တောင်ကိုရီးယားရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ စစ်ဆေး၊ လေယာဉ်ပျံသန်းမှုတွေကိုပါ ကန့်သတ်

နိုဝင်ဘာ၊ ၁၆ တောင်ကိုရီးယား ပညာရေး စနစ်မှာ အရမ်းအရေးကြီးတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ စတင် ဖြေဆိုနေတဲ့နောက် လေယာဉ် ခရီးစဉ်တွေ ရပ်ဆိုင်းစေတာ အပါအဝင် အာရုံ ပျံ့လွင့်မှုကို လျှော့ချပေးမယ့် အစီအမံတွေကို အာဏာပိုင်တွေက အလေးအနက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား လေးဆယ်ကျော်ကို ပထမအသုတ်အဖြစ် ကယ်ထုတ်

နိုဝင်ဘာ၊ ၁၆  ရှမ်းပြည်နယ် မြောက်ပိုင်းက လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ပထမအသုတ် အယောက် ၄၀ ကျော် ပြန်လည် လွတ်မြောက်လာပြီလို့ ထိုင်းအစိုးရက ကြေညာပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်တောမြို့က ရဲတွေလက်နက်ချပြီးနောက် AAက မြို့ကိုအလွယ်တကူ သိမ်းပိုက်၊စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်

နိုဝင်ဘာ၊ ၁၆ ရခိုင်ပြည်နယ် မြို့တော် စစ်တွေအနီးရှိ ပေါက်တောမြို့ကို ရခိုင့်တပ်တော်(AA)က သိမ်းပိုက် ထိန်းချုပ်ထား လိုက် ပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်နှစ်စီး မြို့ထဲ ဗုံးကြဲပစ်ခတ်လို့ နေအိမ်တချို့ ပျက်စီးသွား တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောက်ကိုင်ကို ဝင်တိုက်တော့မယ်လို့ MNDAAအသိပေးပြီးနောက် စစ်ကောင်စီက တပ်အရာရှိတဦးကို ကိုးကန့် ဒေသဥက္ကဌခန့်

နိုဝင်ဘာ၊ ၁၆ ကိုးကန့်ဒေသရဲ့  အုပ်ချုပ်ရေးမြို့ဖြစ်တဲ့ လောက်ကိုင်ကိုဝင်တိုက်တော့မယ်လို့ ကိုးကန့်တပ် MNDAA က ကြို တင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တရက်မှာ စစ်ကောင်စီကသူ့ရဲ့လက်အောက်ခံ ကိုးကန့်ဒေသ ဦးစီး အဖွဲ့ ဥက္ကဌ နေရာမှာ စစ်တပ်အရာရှိတဦးကိုပြောင်းလဲခန့်အပ်လိုက်ပါတယ်။ လက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အစ္စရေးကို အကြမ်းဖက် နိုင်ငံတခုလို့ တူရကီ သမ္မတ စွပ်စွဲ

နိုဝင်ဘာ၊ ၁၆ အစ္စရေးဟာ အကြမ်းဖက် နိုင်ငံတခု ဖြစ်တယ်လို့ တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်က အပြင်းအထန် စွပ်စွဲ ပြောကြားလိုက်ပါတယ်။  ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအတွင်း အရပ်သား အများအပြား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရိဒ်ခေါဒါရ်မြို့

နို၀င်ဘာ ၊ ၁၆ ချင်းအမျိုးသားကာကွယ်ရေးတပ် CNAတပ်ဖွဲ့အပါအဝင် ချင်းတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက် ထိန်းချုပ် ထားတဲ့ ရိဒ်ခေါဒါရ်မြို့မြင်ကွင်းတချို့ကို Chinland Information Center က ဒီကနေ့ဖော်ပြလာပါတယ်။ ချင်းပူးပေါင်းတပ်ပေါင်းစုတွေသိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရိဒ်ခေါ်ဒါရ်မြို့ကနှစ်နိုင်ငံနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ မှားယွင်းပစ်ခတ်မှုဖြစ်ပွား

နိုဝင်ဘာ ၊ ၁၅ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း နိုဝင်ဘာလ ၁၄ ရက်မှာ စစ်ကောင်စီတပ်တွေနဲ့  ပျူစောထီးအဖွဲ့တွေ အချင်းချင်း မှားယွင်း ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မန္တလေးပြည်သူကာကွယ်ရေးတပ်( MDY PDF)နဲ့ LPDF [ဆက်လက်ဖတ်ရှုရန်]