နိုင်ငံရေး

သထုံမှာ လေးရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ငါးလောင်းတွေ့

မတ်၊ ၂၄   မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လေးရက်အတွင်း သေနတ်ဒဏ်ရာနဲ့ အလောင်းတလောင်း အပါအဝင် ပိုင်ရှင်မဲ့ အမျိုးသား ငါးဦး အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။   “တယောက်ပဲ အသက်သုံးဆယ်ကျော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းဆီးခံအရပ်သားသေဆုံးစေတဲ့ ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်နှစ်ဦးကို KNDF က ထောင်နှစ် နှစ်ဆယ်ကျော် စီချ

မတ် ၊ ၂၄   မူးယစ်ရမ်းကားမှုစွဲချက်နဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတဦးကို သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုကျူးလွန်လို့ဆိုကာ သူတို့ တပ်ဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ် နှစ် နှစ်ဆယ်နဲ့ တလစီ ချမှတ်လိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုကော်မတီက ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူနဲ့ ကျွန်းလှမှာ တနှစ်အတွင်း နေအိမ်နှစ်ထောင်နီးပါး မီးရှို့ခံရ

မတ်၊ ၂၄   စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်တာကာလအတွင်း နေအိမ်ပေါင်း နှစ်ထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့အချက်အလက်တွေအရ သိရပါတယ်။   ကန့်ဘလူမြို့နယ်အတွင်းက တိုက်နယ်ရှစ်ခုနဲ့ ကျွန်းလှမြို့နယ်တွေမှာ ပြီးခဲ့တနှစ်အတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မွန်ပြည်သစ်ပါတီ(NMSP) သထုံခရိုင်ဌာနချုပ်အနီးက စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံနေရ

မတ်၊ ၂၄   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းကို ဒီကနေ့ မတ်လ ၂၄ ရက် မနက် ၈ နာရီလောက်ကစလို့ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကာ အရပ်သားတွေလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်မှုထမ်းဂယက်ကြောင့် တိမ်းရှောင်လာသူတွေ ခိုလှုံနိုင်ရေး ဆောင်ရွက်ပေးဖို့ NUCC နဲ့ NUG ကို ကျောင်းသားအဖွဲ့တွေတိုက်တွန်း

မတ် ၊ ၂၃  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့အနေနဲ့ စစ်မှု ထမ်းဥပဒေကြောင့် တိမ်းရှောင်ကြမယ့် ပြည်သူတွေကို လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ အခြေစိုက်ရာ ဒေသတွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံလို့ရအောင် ညှိနှိုင်းဆောင်ရွက်ပေးကြဖို့ ကျောင်းသားတော်လှန် ရေးအင်အားစုနှစ်ခုက တိုက်တွန်းလိုက်ပါတယ်။  ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)နဲ့ ကျောင်းသားလက်ရုံးတ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဖြူမြို့နယ်က စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီး

  မတ်၊ ၂၃ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မင်းသားကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မတ်လ ၂၃ ရက် မနက် အစောပိုင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ကာ စခန်းကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မွန်ပြည်တော် လှန်ရေးတပ် (MSRF)ပြောခွင့်ရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြေပုံမြို့နယ်မှာ စစ်တပ် လေကြောင်းဗုံးကြဲလို့ အရပ်သားတဦး ထပ်မံသေဆုံး၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

မတ် ၂၃ မြေပုံမြို့နယ် သရက်တောင်ကျေးရွာနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ဒီနေ့နေ့လည်ပိုင်းမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးလာကြဲခဲ့တာကြောင့် သက်ကြီးအမျိုးသားတဦး သေဆုံးကာ တဦးဒဏ်ရာရသွားခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲ သရက်တောင်ရွာထဲကို နေ့လည် ၁၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

AA အလိုမရှိကြောင်း ဆန္ဒပြဖို့ ရိုဟင်ဂျာတွေအဓမ္မစေခိုင်းခံနေရ

မတ် ၂၃ ရက္ခိုင့်တပ်တော်(AA)က မြို့တွေတခုပြီးတခု သိမ်း ပိုက်နေတဲ့ရခိုင်ပြည်နယ်မှာ AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြဖို့ စစ်ကောင်စီက ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စည်းရုံး၊ စေခိုင်းကာ ပဋိပက္ခတွေ ဖန်တီးနေတယ်လို့ ကာယကံရှင်ရိုဟင်ဂျာတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမှာ သားအမိသုံးဦးအစာအဆိပ်သင့်၊နှစ်ဦးသေဆုံး၊တဦးစိုးရိမ်ရ

မတ်၊ ၂၃ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မတ်လ ၂၁ ရက် ည နေပိုင်းက သားအမိသုံးဦးအစာအဆိပ်သင့်လို့ မိခင်သမီးသေဆုံးကာ သားဖြစ်သူကတော့ စိုးရိမ်ရအ ခြေအနေနဲ့အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ မြဝတီမြို့အခြေစိုက်လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ “ဆေးရုံရောက်တော့ မိခင်နဲ့ သမီးက [ဆက်လက်ဖတ်ရှုရန်]

Fact Check

ကောလင်းမြို့တွင်း သန့်ရှင်းရေးလုပ်နေပြီဆိုပြီး မိုးမိတ်မြို့ကပုံတွေနဲ့ ပုံမှားရိုက်

မတ် ၊ ၂၃ တော်လှန်ရေးတပ်တွေ လပိုင်းအကြာ ထိန်းချုပ်ထားနိုင်ခဲ့ရာက စစ်ကောင်စီတပ်တွေပြန်လည်ထိုးဖောက် ဝင်ရောက်သွားနိုင်ခဲ့တဲ့ ကောလင်းမြို့မှာ မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းတွေ ပြန်လုပ်နိုင်နေပြီဆိုတဲ့ ဖော်ပြ ချက်တခု  လူမှုကွန်ရက်တွေမှာ လတ်တလောပျံ့နှံ့နေပါတယ်။ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Ko Chit(MDY) [ဆက်လက်ဖတ်ရှုရန်]