ဒေသအလိုက် သတင်းကဏ္ဍ

နန်းမားဘက် တက်လာတဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ် ကြားဖြတ်တိုက်

ကချင်ပြည်နယ်၊ နန်းမားမြို့ဘက်တက်လာတဲ့ စစ်​ယာဉ်တန်းကို ​ကေအိုင်​အေနဲ့ PDF ​​ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့် နန်းမားကြားမှာ ဒီနေ့မနက် ၇ နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသတွင်းမီဒီယာ Kachinwaves က ဖော်ပြပါတယ်။ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆိုမှာ စစ်​ရှောင်​တွေအတွက် အကူအညီလိုအပ်နေ

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်ဖက်မှာလက်နက်အင်အား ငွေအင်အားတွေအပြင် စစ်ဘေးရှောင်တွေအတွက်ပါ အစစအရာရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်အုပ်စုက ဖြတ် ၄ ဖြတ် လုပ်ထားတာ ကြာပြီဖြစ်သလို စစ်ရှောင်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့ဘဝကို ဖျက်ဆီးနေတဲ့ အကြမ်းဖက် တပ်အရာရှိတွေ မကြာမီ ပြစ်ဒဏ်ပြန်ခံရမယ်

သေနတ်အားကိုးနဲ့ ပြည်သူ့အသက်အိုးအိမ်ကို ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်အရာရှိတွေအနေနဲ့ သိပ်မကြာတော့မယ့်အချိန်မှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ပြန်ခံရမယ်ဆိုတာ သိရှိထားကြဖို့လိုပြီလို့ အငြိမ်းစား တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့ အခြားဒေသတချို့မှာပါ ကျေးလက်နေ ပြည်သူတို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို လုယက်ဖျက်ဆီးနေခြင်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်ထဲက CB ဘဏ် ATM စက်ကို ဖောက်ခွဲ

အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီ တင်သွင်းရာမှာ ပါဝင်သူ ခရိုနီခင်မောင်အေးပိုင် CB ဘဏ် ATM စက်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီလောက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီ ရဲစခန်း အနောက်ဘက်မှာ လက်လုပ်မိုင်း ပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီရဲစခန်း အနောက်ဘက်၊ကိုက် ၅၀ လောက် အကွာမှ ာလက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ တယ်လို့ သိရပါတယ်။ မတ်လ ၆ ရက်၊ ည ၉ နာရီခွဲလောက်မှာ မြဝတီ မြို့မရဲစခန်း အနောက်ဘက် ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောဒေသတွင်း ဆန်စပါး မြို့နယ်ပြင်ပ ထုတ်မရောင်းဖို့ ပြောကြား

ဒေသတွင်း ရိက္ခာဖူလုံရေး‌ ပြဿနာရှိနေရတာကြောင့် ဆောမြို့နယ်အတွင်းရှိ ဆန်စပါးတွေကို မြို့နယ်ပြင်ပ ထုတ်မရောင်းဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ အကြမ်းဖက်စစ်သားတွေဟာ ဆောမြို့နယ်အတွင်း ကျေးရွာတချို့က ဆန်စပါးတွေကို မကြာခဏ ဖျက်ဆီးနေတာကြောင့် မြို့နယ်အတွင်း နှစ်ပတ်လည် ရိက္ခာဖူလုံရေးကိစ္စဟာ စိုးရိမ်ရကြောင်း မကွေးတိုင်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းမှာ ကယ်ဆယ်ရေးလမ်းကြောင်းအတွက် တိုက်ခိုက်မှုခေတ္တရပ်ပေးထားတယ်လို့ ရုရှားကြေညာ

ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ လုပ်ဆောင်နိုင်ရေးအတွက် တနင်္လာနေ့နံနက်ခင်းကစပြီး အပစ်အခတ်ရပ်စဲထားမယ်လို့ ရုရှားဘက်က ထုတ်ပြန်ခဲ့ပေမယ့် ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကြီးတွေကို ရုရှားတပ်တွေက မရပ်မနားထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ဗဟိုချက်၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေက မြို့တော်ကြီးတွေမှာ ရုရှားလက်နက်ကျည်တွေ အများအပြားကျရောက်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့လူတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDF ကန်ပက်လက်နဲ့ စစ်အုပ်စုတို့ နှစ်လတာတိုက်ပွဲအတွင်းမှာ စစ်အုပ်စုက ၅၀ကျော်သေ

ဇန်နဝါရီလနဲ့ ဖေဖေါ်ဝါရီလ ၂လတာအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ CDF-Kanpetletတို့အကြား တိုက်ပွဲ ၉ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၅၇ဦးသေဆုံးကာ ၂၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ CDF-Kanpetletက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဇန်နဝါရီလ ၃၁ရက်နေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ကာ ဆုံးပါးခဲ့ပါတယ်။ စစ်အုပ်စုဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးမှာ ဗုံးပေါက်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈လမ်း၊ ၇၆လမ်းနဲ့ ၇၇လမ်းမှာရှိတဲ့ ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ မတ်လ ၆ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနဲ့အဆောက်ဦး ထိခိုက်မှုရှိမရှိကိုတော့ သီးခြားသတင်းအတည်မပြုနိုင်သေးပါဘူး။ “ဗုံးပေါက်တာလို့တော့ပြောတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်ကြီးကျလို့ ၂နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ ၇ဦးအသက်ဆုံးပါး

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မူတြော်ခရိုင် ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စု ကလော်ဒေးကျေးရွာက ၂နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ ၇ဦး အသက်ဆုံးပါးခဲ့တယ်လို့ ကရင်​ငြိမ်းရေးအထောက်အကူပြုကွန်ယက်က ထုတ်ပြန်ပါတယ်။ မနေ့က မတ်လ [ဆက်လက်ဖတ်ရှုရန်]