ဒေသအလိုက် သတင်းကဏ္ဍ

ဒီနှစ် မော်တင်စွန်းပွဲတော် ဘုရားဖူးဧည့်သည့် မရှိသလောက်နည်းပါး

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက် ဒုတိယအကြိမ်အဖြစ် ကျင်းပနေသည့် မော်တင်စွန်းဘုရားပွဲတော်မှာ တပေါင်းလပြည့်နေ့ နီးကပ်လာချိန်အထိ စည်ကားမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုနှစ်ဘုရားပွဲတော်ကို တပေါင်းလဆန်း ၈ ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ ၈ ရက်သာ ကျင်းပနိုင်ပြီး စျေးဆိုင်တန်းတွေနဲ့ ဘုရားဖူးဧည့်သည်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်က အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ရန်ကုန်မြို့ လှိုင်မြို့နယ် အမှတ်(၆)ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးထွက်ပြေးသွားတာကြောင့် ရာအိမ်မှူးကနေ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မတ်လ ၁၃ရက်နေ့ ည ၈နာရီခန့်မှာအမှတ်(၆)ရပ်ကွက် ဗေဒါစုလမ်းထိပ်မှာ အမည်မသိသေနတ်သမားတစ်ဦးက အုပ်ချုပ်ရေးမှူးတာဝန်ယူတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့နယ်ထွေအုပ်ရုံး ၄၀(မမ)လောင်ချာနဲ့ တိုက်ခိုက်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၄၄(မမ)အပြင်းစားဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခံရပြီး အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၁၁နာရီမိနစ်၂၀မှာ ခရမ်းPDF က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွေအုပ်ရုံးအဆောက်အဦ မျက်နှာကျက်တွေကွာကျခဲ့ကာ ရုံးအနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ တိုက်ခိုက်ခံရချိန်မှာ အကြမ်ဖက်စစ်သားနဲ့ အုပ်ချုပ်ရေးမှူးတွေ ကြောက်လန့်တကြားထွက်ပြေးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဆုံမှာ လောင်းကစားဝိုင်းကို ရဲက လုံခြုံရေးပေး

မွန်ပြည်နယ်၊ ချောင်းဆုံလောင်းကစားဝိုင်းကို မော်လမြိုင်နဲ့ တခြားအနီး မြို့နယ်တွေက လာရောက်ကစားကြတဲ့အထိ ကြီးကျယ်ခမ်းနားနေပြီး ရဲတွေကိုယ်တိုင် အရပ်ဝတ်နဲ့ လုံခြုံရေးယူပေးထားတယ်လို့ သိရပါတယ်။ ချောင်းဆုံမြို့နယ်၊ ကုလားဘီရွာနဲ့ ဖံဖရွာကြား ရော်ဘာတောထဲက လောင်းကစားဝိုင်းကို လိုင်းကြေးပေးပြီး နေ့စဉ်ပြုလုပ်နေတာ ၄ လဝန်းကျင်ရှိပြီဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်-ဒီးမော့ဆို လမ်းကို အကန့်သတ် မရှိ ပိတ်ထားကြောင်း ကြေညာ

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF B- 09 ) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်အုပ်စုသွားရာ လမ်းကြောင်းဖြစ်တဲ့ လွိုင်ကော် -ဒီးမော့ဆို လမ်းကို အကန့်သတ်မရှိ ပိတ်ထားကြောင်း KNDF B- 09 က ဒီကနေ့ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အီရတ်အခြေစိုက် အမေရိကန်ကောင်စစ်ဝန်ရုံး ဒုံးကျည်နဲ့ ပစ်ခတ်ခံရ

ဒီနေ့ မတ်လ ၁၃ရက်နေ့မှာ အီရတ်နိုင်ငံမြောက်ပိုင်း Irbil မြို့အခြေစိုက် အမေရိကန်ကောင်စစ်ဝန်ရုံးမှာ ဒုံးကျည် ၆ ခုထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ အီရတ်နဲ့ အမေရိကန်လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဒုံးကျည်တွေဟာ အိမ်နီးချင်းအီရန်နိုင်ငံကနေ ပစ်ခတ်တာလို့ အမေရိကန်တာဝန်ရှိသူတဦးက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ စစ်အုပ်စု စစ်ကြောင်းတစ်ခု မိုင်းထိပြီး ၄ ဦးထက်မနည်း သေ

ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ ဦးထက် သေဆုံးခဲ့တယ်လို့ ဂဠုန်တပ်တော်က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၁၃ ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာကို စစ်အုပ်စု ဝင်ရောက်ဖျက်ဆီးနေပြီး ပြည်သူတစ်ဦး ကျည်ထိမှန်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ထန်းဇင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ မတ်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ဝင်ရောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘိုကလေးမြို့နယ်ထဲမှာ စခန်းမှူးကိုယ်တိုင် လောင်းကစားဝိုင်းတွေ ဖွင့်​နေ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာအုပ်စု တင်းငုတ်ကြီးကျေးရွာမှာ မြင်းကကုန်းနယ်မြေ ရဲစခန်းမှူး စိန်တိုးကိုယ်တိုင် ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ လုပ်​နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တင်းငုတ်ကြီးကျေးရွာရှိ ဦးအေးလှိုင်ရဲ့ ခြံဝန်းအတွင်းမှာ စခန်းမှူးကိုယ်တိုင် စောင့်ကြပ်ဦးဆောင်ပြီး ကြက်ဝိုင်းနဲ့ ခြောက်ကောက်ဝိုင်းတွေကို လုပ်ဆောင်နေခဲ့တာလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDM တွေရဲ့လစာ အလွဲသုံးနေတဲ့ မင်းတပ်ပညာရေးဝန်ထမ်း ၃ ဦးကို ပြင်းထန်စွာအရေးယူမယ်

CDM ဝန်ထမ်းတွေရဲ့လစာကို အလွဲသုံးစားပြုလုပ်နေတဲ့ချင်းပြည်နယ်၊ မင်းတပ်မြို့က ပညာရေးဝန်ထမ်း ၃ ဦးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းကျောင်းအုပ်ဦး ကာဟုန်းလိန်း၊မင်းတပ်ပညာရေးမှူးရုံး ဒုဦးစီးမှူး ဦးလိန်းကီးအွမ်နဲ့ မူလတန်းပြ [ဆက်လက်ဖတ်ရှုရန်]