၃၁၊ အောက်တိုဘာ၊ ၂၀၂၁။
ဘရာဇီးသူ ဂျာကွီလင်လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်က လက်ရှိသူထိန်းကျောင်းနေရတဲ့ သမီးငယ်ဟာ ပရီးမီးယားလိဂ် ကစားသမားတစ်ယောက်နဲ့ ရရှိခဲ့တာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။
၁၄ လ အရွယ်သာရှိသေးတဲ့ ကလေးရဲ့ ဖခင်ဆိုသူဟာ အစောပိုင်းမှာ ဂျာကွီလင်နဲ့ နီးစပ်မှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ လုံးဝကို အဆက်အသွယ်ဖြတ်ခဲ့တာပါ။
နှစ်အတော်ကြာ သူတို့ရဲ့ ဆက်နွှယ်မှုတွေနဲ့ ပတ်သက်လို့ ကာယကံရှင် နှစ်ဦးလုံး ဆွေးနွေးပြီး အဖြေရှာဖို့ ဂျာကွီလင်ဘက်က ကြိုးပမ်းခဲ့ပေမယ့် အဲ့ဒီ ပရီးမီးယားလိဂ် ကစားသမားဟာ လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ မအားလပ်မှုတွေကိုအကြောင်းပြပြီး ရှောင်ထွက်ခဲ့တာဖြစ်ပါတယ်။
ဂျာကွီလင်ဘက်က ရှေ့နေတွေဟာ ကစားသမားဆီကို အကြိမ်ကြိမ်အကြောင်းကြားခဲ့ပြီးနောက် အခုအခါမှာတော့ အဲ့ဒီကစားသမားဘက်က ကလေးအဖေဖြစ်တယ်လို့ စွပ်စွဲလာမှုကို စမ်းသပ်စစ်ဆေးဖို့ လက်ခံတော့မှာပဲဖြစ်ပါတယ်။
တရားဥပဒေအရ အဲ့ဒီ ပရီးမီးယားလိဂ် ကစားသမားရဲ့ နာမည်ကိုတော့ ဂျာကွီလင်က ထုတ်ဖော်အသိမပေးခဲ့ဘူး။ သူ့ရဲ့ ပြောဆိုချက်မှာတော့ ကစားသမားအနေနဲ့ သူ့ကို ကတိတွေ အကြိမ်ကြိမ်ပေး၊ ချွေးသိပ်မှုတွေ ပြုလုပ်ပြီးမှ ရှောင်နေခဲ့တာဖြစ်လို့ အသိပေးခဲ့တာပါ။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာတော့ ကစားသမားဟာ ငွေကြေးထောက်ပံ့မှုတွေ ပေးခဲ့ပေမယ့် မွေးဖွားပြီးနောက်မှာ နှစ်ဦးအကြား သဘောတူညီထားတဲ့ ကတိတွေ ပျက်ကွက်ခဲ့တယ်လို့ သူမက ပြောခဲ့တာပါ။