လာမယ့် ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဖြစ်လာဖွယ် လူစာရင်းထွက်ပေါ်

 

၂၇၊ အောက်တိုဘာ၊ ၂၀၂၁။

အမ်ဘာပေ၊ ပေါ့ပ်ဘာနဲ့ စတာလင်တို့ ပါဝင်နေတဲ့ လာမယ့် ရာသီ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းဟာ အားကစားသတင်းတွေအထက် ထွက်ပေါ်လာခဲ့ပါတယ်။ 

သုံးယောက်စလုံးကတော့ လက်ရှိအသင်းတွေနဲ့ လှုပ်ခတ်နေတဲ့ ကစားသမားတွေဖြစ်တာကြောင့် အမှန်တကယ်လည်း ဖြစ်လာဖို့ ရှိနေတာပါ။ 

အမ်ဘာပေကတော့ ပီအက်စ်ဂျီအသင်းအတွက် လက်ရှိမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် အသင်းအတွက် ပေးဆပ်ကစားနေပေမယ့် သူတကယ်ပြောင်းရွှေ့ဖို့ အလိုရှိနေတာဟာ ရီးရဲလ်မက်ဒရစ်အသင်းပဲဖြစ်တယ်လို့ တရားဝင်အသိပေးထားတာပါ။

ပေါ့ပ်ဘာကတော့ လက်ရှိ မန်ယူအသင်းရဲ့ အခြေအနေအပြင် နည်းပြဆိုးလ်ရှားနဲ့ အနာဂတ်ကို ဆက်လျှောက်ဖို့ ရည်ရွယ်ချက် နည်းနေသလို လက်ရှိသတင်းတွေရဲ့ ဖော်ပြချက်အရ ပေါ့ပ်ဘာနဲ့ ဆိုးလ်ရှားတို့ရဲ့ ဆက်ဆံရေးဟာ ဆိုးရွားနေတယ်လို့ ရေးသားဖော်ပြနေတာပါ။ 

နည်းပြဆိုးလ်ရှားအသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ပေါ့ပ်ဘာအနေနဲ့ မန်ယူအသင်းနဲ့ စာချုပ်သစ် သက်တမ်းထပ်တိုးဖို့ စိတ်ကူးမရှိဖို့လည်း ဖော်ပြနေတာပါ။ 

စတာလင်ကတော့ အခုနှစ်ရာသီမှာ နည်းပြဂွာဒီယိုလာရဲ့ ဦးစားပေးတာကို မခံရတော့တဲ့နောက် ပွဲပိုထွက်ခွင့်ရမယ့် အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေတာပါ။

သူ့ရဲ့ ငယ်အိပ်မက်ကိုလည်း အကောင်အထည်ဖော်ချင်စိတ်ရှိနေလို့ အင်္ဂလန်မဟုတ်တဲ့ တခြားလိဂ်ပြိုင်ပွဲတွေဆီကို ခြေဆန့်ချင်နေတာဖြစ်ပါတယ်။ နည်းပြ ဂွာဒီယိုလာဘက်ကတော့ စတာလင်ဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေဆဲဖြစ်တယ်လို့ အသိပေးထားပါတယ်။

ပရိသတ်တွေရဲ့ ထင်မြင်ချက်ကရော ဒီကစားသမားတွေ အားလုံး နောက်ရာသီမှာ ရီးရဲလ်ကို ရောက်နိုင်မလားဆိုတာ ထင်မြင်ချက်တွေ ပေးခဲ့နိုင်ပါတယ်။