
“ဆန်စျေးတွေကတော့ ထပ်ပြီးတက်မယ်လို့ ပြောကြတာပဲ၊ ဆန်လှူဖို့အတွက် ဒီကနေ ဝယ်ရင်လည်း စျေးကတော် တော်ပေါက်တယ်။ အစပိုင်းမှာ ဆန်သုံးအိတ်ရမယ့်ပိုက်ဆံက အခု နှစ်အိတ်လောက်ပဲ ရတော့တယ်”
၂၆၊ ဩဂုတ်
ရေကြီးပြီး စပါးခင်းဧက သောင်းချီ ရေနစ်မြုပ်နေတဲ့ ဧရာဝတီတိုင်းအတွင်းမှာ ဆန်စျေးတွေ တက်နေပြီး ဆန်ကြမ်းစျေးတွေ တက်လာနေပါတယ်။
“ရက် ၉၀ တို့၊ ဆာဖိုးသာတို့ဆိုရင် တသိန်းလောက်ရှိတယ်။ ဆာဖိုးသာတို့၊ ပခန်းတို့ဆိုလည်း ကိုးသောင်းကျော် တယ်။ အရင်တပတ်ကျော်က ရှစ်သောင်းလောက်ပဲ ရှိတာ။ တပတ်အတွင်း ထပ်တက်သွားတာပါ” လို့ ရေကြီးနေ တဲ့ ဟင်္သာတမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
အရင်က ၁၉၀,၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ရေကြည်ပေါ်ဆန်းဟာ အခုအခါ ၂၁၀,၀၀၀ ကျော်၊ အရင် ၁၆၀,၀၀၀ ဝန်းကျင်ရှိခဲ့ တဲ့ ဧရာဝတီပေါ်ဆန်းဟာ ၁၈၀,၀၀၀ ကျော်ရှိနေပါတယ်။ ဒါ့အပြင် အရင်က ကျပ် ၆၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဆန် ကြမ်းတွေဟာလည်း အခုအခါ ၉၅,၀၀၀ ကနေ ၁၀၀,၀၀၀ ကျော်ထိ စျေးရှိနေတယ်လို့ ဆိုပါတယ်။
အခုလို ဆန်စျေးတွေ ထပ်တက်နေမယ်ဆိုရင် ဒေသခံတွေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အခက်အခဲရှိနိုင်တာ မို့ ဆန်စျေးမတက်အောင် အစိုးရအနေနဲ့ ကြပ်မတ်ဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဆန်စျေးတွေကတော့ ထပ်ပြီးတက်မယ်လို့ ပြောကြတာပဲ၊ ဆန်လှူဖို့အတွက် ဒီကနေ ဝယ်ရင်လည်း စျေးကတော် တော်ပေါက်တယ်။ အစပိုင်းမှာ ဆန်သုံးအိတ်ရမယ့်ပိုက်ဆံက အခု နှစ်အိတ်လောက်ပဲ ရတော့တယ်” လို့ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကတော့ ရေကြီးပြီးစပါးခင်းဧက သောင်းချီ ရေနစ်မြုပ်နေတဲ့နောက်ဆက်တွဲ ဆန်စျေးတွေ တက်လာချိန် ပြည်သူတွေ သင့်တင့်တဲ့ စျေးနှုန်းနဲ့ ဝယ်ယူစားသောက်နိုင်ရေးအတွက် စျေးတင်မရောင်းကြဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားပါတယ် ။ ဒါပေမယ့် မြေပြင်မှာတော့ ဆန်စျေးတွေ ထပ်တက်နေတာပါ။
လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုးသွားခဲ့တာကြောင့် ဧရာ၀တီတိုင်းအတွင်း ရေကြီးနေတာဖြစ် ပြီး စိုက်ပျိုးပြီးသားစပါးခင်း ဧကလေးသောင်းကျော်လောက် ရေနစ်မြုပ်နေကာ အဲဒီစပါးခင်းတွေ ပျက်စီးသွားပြီ ဖြစ်ပြီး ရေမကျရင် နောက်ထပ်စပါးခင်း ဧကတသောင်းဝန်းကျင်ဟာလည်း ထပ်မံပျက်စီးနိုင်တယ်လို့ ဒေသခံလယ် သမားတွေက ပြောထားကြပါတယ်။
ဧရာဝတီတိုင်းစစ်အစိုးရအဖွဲ့ကတော့ လေးမျက်နှာမြို့နယ်အတွင်းက စပါးခင်းတွေ ပျက်စီးသွားခဲ့ရင်လည်း ဒေသတွင်း ဆန်စပါးဖူလုံရေးနဲ့ လိုအပ်ချက်တွေအတွက် စိုးရိမ်ပူပန်စရာလုံး၀မရှိကြောင်း ဆိုထားပါတယ်။
ဒါ့အပြင် ရေဘေးသင့်ခဲ့တဲ့ အစိတ်အပိုင်းအနည်းငယ်အတွက်လည်း ပျိုးပင်နဲ့ သီးနှံအစားထိုးစိုက်ပျိုးနိုင်မယ့် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားပြီဖြစ်တယ်လို့ ဆိုပြီး မြေပြင်မှာတော့ လယ်သမားတွေဟာ အခုချိန်ထိ အကူအညီတစုံတရာ မရကြသေးဘူးလို့ ပြောကြပါတယ်။
ငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် ရေကြီးနေတာဟာ ဒီနေနဲ့ဆိုရင် ၂၇ ရက်ရှိပြီဖြစ်ပြီး ရေဘေးသင့်ပြည်သူ ထောင်ချီထိ ရှိနေတာပါ။
တာကျိုးပေါက်ကို မပိတ်နိုင်သရွေ့ ငဝန်မြစ်ရေဟာ ကာလရှည်ကြာ ရေကြီးနစ်မြုပ်မှာ ဖြစ်ပြီး အခုရေဘေးကို အစိုးရအနေနဲ့ အထူးစီမံချက် ချမှတ်ကာ ဆောင်ရွက်ဖို့ လိုတယ်လို့ ကူညီပေးနေသူတွေက ပြောထားကြပါတယ်။ လက်ရှိမှာ တာကျိုးပေါက်ကို ပိတ်နိုင်ရေး နိုင်ငံတော်အဆင့် အစီအမံနဲ့ ဆောင်ရွက်နေပေမယ့် တလနီးပါးကြာလာခဲ့ပြီ ဖြစ်ပါတယ်။
#ဧရာဝတီ #ရေကြီး #ဆန်ကြမ်း #ဈေးတက်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်