Spring Mon စက်ရုံက အလုပ်သမားတွေ အလုပ်လုပ်ရင်း ဆွေးနွေးဖို့ လုပ်ငန်းခွင် ပြန်ဝင်မယ်

လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေ စတင်ခဲ့တဲ့ ၁၈ ရက်မြောက်နေ့မှာ သဘောတူချက် တစုံတရာနဲ့ တောင်းဆိုမှုလုပ်နေတာတွေကို ယာယီရပ်နားလိုက်တာ ဖြစ်ပါတယ်။

၂၅၊ဇူလိုင်

လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေတာကို သုံးရက်ရပ်နားလိုက်ပြီး အလုပ်လုပ်ရင်းနဲ့ နှစ်ဖက်ဆွေးနွေးဖို့ ဒီနေ့မှာပဲ သဘောတူညီမှု ရခဲ့ပါပြီ။

ဇူလိုင်၂၉ရက်မှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဘက်ပြန်လည် ညှိနှိုင်းဆွေးနွေးထားတာကို တိုင်းပေါင်းစပ်အဖွဲ့ဆီ တင်ပြပြီး လက်ခံတဲ့အချက်​တွေအပေါ်  သဘောတူစာချုပ်ချုပ်ဆိုမှာလို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM)ဆီက သိရပါတယ်။

“ခေါင်းဆောင်ပိုင်းတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပြန်ဝင်ဆိုဝင်ရတာ။ နောက်ဆုံးအ ဖြေဘာထွက်လာမလဲတော့ မသိဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။ဒါဟာ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေ စတင်ခဲ့တဲ့ ၁၈ ရက်မြောက်နေ့မှာ သဘောတူချက် တစုံတရာနဲ့ တောင်းဆိုမှုလုပ်နေတာတွေကို ယာယီရပ်နားလိုက်တာ ဖြစ်ပါတယ်။

အလုပ်ရပ်ပြီးတောင်းဆိုခဲ့ကြတဲ့ ၁၇ရက်တာအတွက်  No work, No pay(လုပ်ခမပေးရန်)ဆိုပြီး စက်ရုံကကြေညာခဲ့​ပေမယ့် တဦးကို ၅၀၀၀၀ ကျပ် ထောက်ပံ့ပေးမယ်လို့ ကမ်းလှမ်းခဲ့တာကိုလည်း အလုပ်သမားတွေကလက်ခံခဲ့တယ်လို့ ဆိုပါတယ်။

Spring Mon အထည်ချုပ်စက်ရုံလုပ်သားတွေက တရက်လုပ်ခကို လက်ရှိထက် ၃၀၀၀ ကျပ်၊ အချိန်ပိုကြေးတနာရီ၅၀၀ ကျပ်၊ ရက်မှန်ကြေးကို ၁၀၀၀၀ ကျပ်ထပ်တိုးပေးဖို့နဲ့တ​ခြားရပိုင်ခွင့်တွေ ထည့်သွင်း​တောင်းဆို​ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကို အလုပ်ရှင်ဖက်က တရက်လုပ်ခ ၁၀၀၀ ကျပ်နဲ့ အချိန်ပိုကြေး ၂၀၀ကျပ်ပဲထပ်တိုးပေးနိူင်​မယ်ဆိုတာကြောင့် ထပ်ညှိမရပဲကြန့်ကြာနေခဲ့ပြီး အခုနောက်ဆုံးမှာတောင်းဆိုတာ သုံးရက်ရပ်ဖို့သဘောလိုက်ကြတာဖြစ်ပါတယ်။

Photo- STUM