လမ်းဘေးခွေးပြဿနာဖြေရှင်းဖို့ ပြင်ဆင်နေ

မြန်မာနိူင်ငံမှာ ၂၀၁၇ ကနေ ၂၀၁၉ အထိ ခွေးကိုက်ခံရသူ ခြောက်သိန်းနီးပါးရှိပြီး သေဆုံးသူ ၁၀၀၀ နီးပါးရှိကာ ကမ္ဘာပေါ်မှာ လမ်းဘေးခွေးအန္တရာယ် အဆိုးရွားဆုံးတွေထဲက တနိုင်ငံအဖြစ်  WOAH က သတ်မှတ်ထားပါတယ်။

၁၀၊ဇူလိုင်လ

ရန်ကုန်မှာ လမ်းဘေးခွေး အကိုက်ခံရတဲ့ ဖြစ်စဉ်တွေ များလာတဲ့အတွက် အလေးထား ဖြေရှင်းရမယ့် လုပ်ငန်းတခုအဖြစ် သတ်မှတ်ပြီး လမ်းဘေးခွေး ကင်းစင်ဖို့နဲ့ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု လျော့နည်းဖို့ အတွက် ပေါင်းစပ်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။

” စီမံချက်နဲ့ ဖြေရှင်းဖို့ လုပ်နေတာ။ တတိုင်းလုံးမှာ တပြိုင်တည်း မဟုတ်ရင်တောင် အပိုင်းလိုက်ခွဲပြီး အကောင်အထည်ဖော်ဖို့  စီစဥ်နေတာရှိတယ်” လို့ ရန်ကုန်တိုင်း စစ်အစိုးရအဖွဲ့ရုံး အရာထမ်းတဦးက ပြောပါတယ်။

လမ်းဘေးခွေး ကိုက်ခံရတဲ့ ဖြစ်စဥ် လျော့နည်းအောင် One Health Approach စနစ် အသုံးပြု ဖြေရှင်းသွားဖို့ စီစဥ်နေတယ်လို့လည်း ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးကလည်း ပြောဆိုထားပါတယ်။

One Health Approach စနစ်မှာ ခွေးကတဆင့် ဖြစ်ပွားတတ်တဲ့ ရောဂါကူးစကမှုတွေကြို တင်ကာကွယ်တာ၊ လမ်းဘေးခွေးတွေရဲ့ မျိုးပွားမှုကို ထိန်းချုပ်တာ၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံစေတာ ၊ လူနဲ့တိရိစ္ဆာ ရောဂါဖြစ်ပွားမှုအပေါ်  တပြိုင်တည်း ဖြေရှင်းတာဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

အဲဒါတွေအပြင် လမ်းဘေးခွေးတွေကိုဖမ်းဆီးပြီး ထိန်းသိမ်းရေးစခန်းပို့မယ့် လုပ်ငန်းရပ်တွေလည်း အကောင်အထည်​ဖော်ချိန်မှာ ပါဝင်လာဖို့ ရှိတယ်လို့  မြို့တော်စည်ပင်ကျန်းမာရေးဌာနမှ သတင်းအရင်းအမြစ် တဦးက ဆိုပါတယ်။

“မြေပြင်မှာလည်း လမ်းဘေးခွေးပြဿနာ တိုင်ကြားတာတွေ များလာတယ်။ အဲဒါကြောင့် ဖြေရှင်းဖို့ လုပ်လာတာ။ ဘယ်တော့စမယ် မပြောတတ်သေးဘူး “လို့ သူကပြောပါတယ်။

​ရန်ကုန်မြို့မှာ လမ်းဘေးခွေး ကင်းစင်ရေး စီမံချက်ကို ည ၂၀၁၈ က လု​ပ်ဆောင်ခဲ့ပြီး​နောက်ပိုင်း ဆက်မလုပ်ခဲ့တာကြောင့် ပေါက်ဖွားနှုန်းများလာပြီး လမ်းသွား၊လမ်းလာတွေ အကိုက်ခံရတာတွေလည်း မကြာခဏ ဖြစ်နေတာလို့  မြို့ခံပြည်သူတွေက ပြောပါတယ်။

“သတ်ခိုင်းတာ မဟုတ်ဘူး။ ရှင်းလင်းထိန်း သိမ်းဖို့ တကယ်လိုနေတာ။ ခွေးတွေက တအားများလာပြီး လူတွေက ပြန်ကြောက်နေရတယ်”လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။မြန်မာနိူင်ငံမှာ ခွေးကောင်ရေ သန်းနဲ့ချီရှိကာ  ၇၀ ရာခိုင်နှုန်းက လမ်းဘေးခွေးတွေဖြစ်ပြီး  ရန်ကုန်မြို့မှာတင် ကောင်ရေ နှစ်သိန်းကျော် ရှိတယ်လို့ ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)ရဲ့   ၂၀၁၈ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိူင်ငံမှာ ၂၀၁၇ ကနေ ၂၀၁၉ အထိ ခွေးကိုက်ခံရသူ ခြောက်သိန်းနီးပါးရှိပြီး သေဆုံးသူ ၁၀၀၀ နီးပါးရှိကာ ကမ္ဘာပေါ်မှာ လမ်းဘေးခွေးအန္တရာယ် အဆိုးရွားဆုံးတွေထဲက တနိုင်ငံအဖြစ်  WOAH က သတ်မှတ်ထားပါတယ်။

ရန်ကုန်တိုင်းအတွင်း လမ်းဘေးခွေးကိုက်ခံရတာလျော့နည်းအောင် စီမံချက်ဖော်ဆောင်ဖို့ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းစစ်အစိုးရပိုင်းနဲ့နီးစပ်သူတွေ ဆီကသိရပါတယ်။

လမ်းဘေးခွေးကိုက်ခံရတဲ့ဖြစ်စဥ် များလာတာကြောင့် အလေးထားဖြေရှင်းရမဲ့လုပ်ငန်းတခုအဖြစ်သတ်မှတ်ကာ ​လမ်းဘေးခွေးကင်းစင်ဖို့နဲ့ ခွေးရူးပြန်ရောဂါဖြစ်ပွားမူလျော့နည်းဖို့အတွက် ပေါင်းစပ်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားဖို့ရှိနေတာလို့ ဆိုပါတယ်။

” စီမံချက်နဲ့ ဖြေရှင်းဖို့လုပ်နေတာ။ တတိုင်းလုံးမှာ တပြိုင်တည်းမဟုတ်ရင်တောင်အပိုင်းလိုက်ခွဲပြီး အကောင်အထည်ဖော်ဖို့ စီစဥ်နေတာရှိတယ်” လို့ ရန်ကုန်တိုင်းစစ်အစိုးရအဖွဲ့ ရုံး အရာထမ်းတဦးကပြောပါတယ်။

Photo – လူမူကွန်ရက်