
အဆင့်သတ်မှတ်ချက်ကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုနဲ့ အတတ်ပညာ၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေ၊ ဝန်ဆောင်မှုစနစ်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ် စတဲ့ အချက်တွေအပေါ်အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။
၁၃၊ ဇွန်။
ထိုင်းနိုင်ငံဟာ ကမ္ဘာ့အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိတဲ့ ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲမှာ ဝင်ခဲ့ပြီး ရမှတ် ၇၇.၅ မှတ်နဲ့ ကမ္ဘာ့အဆင့် ၈၊ အရှေ့တောင်အာရှမှာတော့ အဆင့် ၁ နေရာကို ရရှိခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေရဲ့ အားကောင်းမှုကို ထင်ဟပ်ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့လူနေမှုဘဝ အရည်အသွေးဆိုင်ရာ အချက်အလက်တွေကို ဖော်ပြတဲ့ Numbeo ဝက်ဘ်ဆိုက်က ၂၀၂၆ ခုနှစ် “ကမ္ဘာ့အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ” အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်တာပါ။ အဆိုပါ အဖွဲ့ဟာ ကမ္ဘာတဝန်းရှိ စီးပွားရေးနယ်ပယ်တွေနဲ့ နယ်နိမိတ်အသီးသီးက ကျန်းမာရေးစနစ်တွေရဲ့ အရည်အသွေးကိုဆန်းစစ်ဖော်ပြထားတာ ဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက်ကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုနဲ့ အတတ်ပညာ၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေ၊ ဝန်ဆောင်မှုစနစ်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ် စတဲ့ အချက်တွေအပေါ်အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။
အညွှန်းကိန်းအရ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ကမ္ဘာ့အဆင့်မီ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနေပြီး ရမှတ် ၇၇.၅ မှတ်နဲ့ ကမ္ဘာ့အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။
အဆင့်သတ်မှတ်ချက်တွေကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတွေထဲမှာ ထိပ်တန်းအဆင့်မှာ ရှိနေစေသလို ပြည်သူလူထု လူမှုဖူလုံရေး စံနှုန်းမြင့်မားပြီး ဥရောပရဲ့ သမိုင်းဝင် အစဉ်အလာရှိတဲ့ နိုင်ငံအတော်များများရဲ့ ရမှတ်တွေထက်တောင် ပိုပြီး သာလွန်နေတာ ဖြစ်ပါတယ်။
အာရှဒေသတွင်းမှာတော့ ထိုင်းနိုင်ငံဟာ ထိပ်တန်းဆေးဘက်ဆိုင်ရာ အချက်အချာဗဟိုချက်အဖြစ် သူ့ရဲ့နေရာကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ရမှတ် ၈၇.၁ မှတ်နဲ့ ကမ္ဘာ့အဆင့် ၁ ရတဲ့ ထိုင်ဝမ်၊ ၈၂.၉ မှတ်နဲ့ အဆင့် ၂ ရတဲ့တောင်ကိုရီးယား၊ ၈၀.၁ မှတ်နဲ့ အဆင့် ၄ ရတဲ့ ဂျပန်တို့လို ထိပ်တန်း ကျန်းမာရေးစနစ်တွေရှိတဲ့ နိုင်ငံတွေနဲ့အတူ ပူးတွဲရပ်တည်နေပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ပတ်တနာ ပရွန်ဖတ်က ဝန်ကြီးဌာနရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုMOPH PLUS+ လို့ လူသိများတဲ့ ထိုင်းကျန်းမာရေးစနစ်ရဲ့ မဏ္ဍိုင် ၇ ရပ်နဲ့အညီ အရှိန်မြှင့်တင်သွားမယ်လို့ အသိပေးထားပါတယ်။
မျှော်မှန်းချက်တွေအတွင်း “ဘဝသက်တမ်းတလျှောက်လုံးမှာ ကောင်းမွန်တဲ့ ကျန်းမာရေးကို ပိုင်ဆိုင်စေဖို့နဲ့ တီထွင်ဆန်းသစ်မှုတွေ၊ အသိပညာဗဟုသုတတွေကတဆင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို တည်ဆောက်သွားဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။
Ref – The Nation