ဧရာ၀တီမှာ ဧပြီလအတွင်း စစ်တပ်က ထိုးစစ်တွေ ပိုလုပ်လာ

ပုသိမ် – မုံရွာလမ်းမပေါ်မှာရှိတဲ့ လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာတဝိုက်တိုက်ပွဲဖြစ်နေသလို ရေကြည်မြို့ နယ်အတွင်းမှာရှိတဲ့ မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ အနီးဝန်းကျင်မှာလည်း တိုက်ပွဲတွေရှိနေတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

 

၂၃၊ ဧပြီ။

စစ်တပ်ဟာ ဧပြီလအတွင်း ဖြစ်တဲ့ သကြင်္နတွင်းနဲ့ သကြန်အလွန်ကာတွေမှာ စစ်ကြောင်းထိုးတာ၊ အင်အားသုံး တန်​ပြန်ထိုးစစ်ဆင်တာ တို့လုပ်လာတာကြောင့် ဧရာ၀တီတိုင်း လေးမျက်နှာနဲ့ ရေကြည်မြို့နယ်တွေအတွင်း အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

 

“စက်စက်ယိုဘက်မှာ တိုက်ပွဲပြင်းနေတယ်။ ဒီကောင်တွေ စစ်ကြောင်းထိုးလာလို့ဖြစ်တာ။ စက်စက်ယိုတဝိုက်က တော့ သင်္ကြန်ကတည်းက တိုက်ပွဲဖြစ်နေတာ အခုထိလည်း ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တ ဦးက ပြောပါတယ်။

AA ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်တပ်က အင်္ဂပူမြို့နယ်ဘက်ကနေ အင်အားအ လုံးအရင်းနဲ့ လာပြီး စစ်ကြောင်းထိုးလာတာကြောင့် အခုလို တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။ စစ်တပ်ဟာ အမှတ် (၅) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းရှိရာ အင်္ဂပူမြို့နယ် ကွင်းကောက်မှာ တပ်အင်အားအ များအပြား စုထားပြီး ရှေ့တန်းတပ်စခန်းတွေဆီ အင်အားဖြည့်နေတာဖြစ်ပါတယ်။

“ခွေးတွေ အခု နောက်ပိုင်း လေကြောင်းရော ကြည်းကြောင်းရော အင်အားတော်တော် သုံးလာတယ်။ အခုက စက်စက်ယိုမှာ ခွေးတွေ နေရာပြန်ယူထားပြီ။ ပွဲက အကြိတ်အနယ် ဖြစ်နေကြတယ်ပြောတယ်” လို့ လေးမျက်နှာမြို့ နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပုသိမ် – မုံရွာလမ်းမပေါ်မှာရှိတဲ့ လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာတဝိုက်တိုက်ပွဲဖြစ်နေသလို ရေကြည်မြို့ နယ်အတွင်းမှာရှိတဲ့ မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ အနီးဝန်းကျင်မှာလည်း တိုက်ပွဲတွေရှိနေတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

စစ်တပ်ဟာ မြောက်စမ်းရွာအနီးမှာရှိတဲ့ အမတ ၃၄၄ တပ်ရင်းထဲကနေ ရိုးမတောင်ဘက်ဆီ စစ်ကြောင်းထိုးတာ ကာကင်းတွေ တိုးချနေတာကို AA ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တောက် တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အဲဒီဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာ နှစ်လနီးပါး ရှိနေပြီလို့ သိရပါတယ်။

“နေ့တိုင်းတော့ မရှိဘူး။ ကြိုကြားကြိုကြားပဲ” လို့ ငသိုင်းချောင်းဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးထွက်ပေါက်တခုအဖြစ် အတုအယောင် ရွေးကောက်ပွဲ တခုကို ဖန်တီးအပြီး သူတို့စိတ်ကြိုက် အစိုးရဖွဲ့ကာ စစ်ရေးအရ ဖိအားပေးတာတွေပါ ပိုပြီးလုပ်ဆောင်လာနေတာ ဖြစ်တယ်လို့ ဒေသခံစစ်ရေးလေ့လာသူတွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ရေကြည်အမြောက်တပ် အမတ ၃၄၄ နဲ့ ပုသိမ် – မုံရွာ ကားလမ်း တလျှောက် လေးမျက်နှာ မြို့နယ်အတွင်းရှိ ရှေ့တန်းစခန်းတွေဆီ ပုသိမ်အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)၊ ကျုံပျော်ခလရ ၃၆ ၊ဟင်္သာတ ခလရ ၁၈ အပြင် အခြားအခြေစိုက် တပ်ရင်းတွေဆီက အင်အားဖြည့်တင်းပေးနေတာ ဖြစ်ပါတယ်။

စစ်အင်အား၊ လက်နက် ဖြည့်တင်းတာတွေအပြင် မြေပြင်မှာလည်း တိုက်ပွဲတွေ ရက်ဆက်ရှိနေတယ်လို့ ပြောကြပါ တယ်။ AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ပုသိမ် – မုံရွာလမ်းတလျှောက် နေရာအချို့ ဆုတ်ပေးရတာရှိပေမယ့် အမတ ၃၄၄ အနီးတိုက်ပွဲတွေမှာတော့ အသာစီးရနေပြီး ကာကင်းစခန်းအချို့ ထပ်မံသိမ်းပိုက်ရထားတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသ ခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး လို အပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။