တရုတ်ထိပ်တန်းသံတမန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ “မတည်ငြိမ်ဘဲ ရှုပ်ထွေးနေတဲ့ နိုင်ငံတကာအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာတရုတ်နဲ့ မြောက်ကိုရီးယားဟာ အရေးပါတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းရေးရာတွေမှာ ဆက်သွယ်ညှိနှိုင်းမှုတွေကို ပိုပြီးအားကောင်းအောင်လုပ်ဆောင်သင့်တယ်”လို့ ဝမ်ယိက ကင်ဂျုံအွန်းကို ပြောပါတယ်။

၁၂၊ ဧပြီ။

တရုတ်နဲ့ မြောက်ကိုရီးယားဟာ အရေးပါတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းရေးရာကိစ္စတွေမှာ ဆက်သွယ်ဆောင်ရွက်မှုနဲ့ ပူးပေါင်းညှိနှိုင်းမှုတွေကို ပိုပြီးမြှင့်တင်သင့်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သောကြာနေ့က တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဆက်အသွယ်တွေ ပြတ်တောက်နေခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက်လာဖို့နဲ့ ကင်ဂျုံအွန်းက ရုရှားနဲ့ ဆက်ဆံရေးပိုကောင်းအောင် လုပ်ဆောင်နေတဲ့အချိန်မှာ ဝန်ကြီး ဝမ်ယိဟာ ကြာသပတေးနေ့ကစပြီး ပြုံယမ်းမြို့ကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ “မတည်ငြိမ်ဘဲ ရှုပ်ထွေးနေတဲ့ နိုင်ငံတကာအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာတရုတ်နဲ့ မြောက်ကိုရီးယားဟာ အရေးပါတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းရေးရာတွေမှာ ဆက်သွယ်ညှိနှိုင်းမှုတွေကို ပိုပြီးအားကောင်းအောင်လုပ်ဆောင်သင့်တယ်”လို့ ဝမ်ယိက ကင်ဂျုံအွန်းကို ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာန KCNA ကတော့ ကင်ဂျုံအွန်းဟာ ကဏ္ဍအသီးသီးမှာ အပြန်အလှန် ထိတွေ့ဆက်ဆံမှုတွေ ပိုလုပ်ဖို့လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သလို အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် နှစ်နိုင်ငံဆက်ဆံရေး ပိုခိုင်မြဲဖို့က အရေးကြီးတယ်လို့လည်း စနေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်သံတမန်ကလည်း မြောက်ကိုရီးယားနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာစေဖို့ အပြန်အလှန် ထိတွေ့ဆက်ဆံမှုတွေကို အားကောင်းအောင် လုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ဝမ်ယိဟာ ကြာသပတေးနေ့က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး ပြုံယမ်းနဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအလားအလာကောင်းတွေကို ဆက်ပြီး ခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ KCNA သတင်းဌာနကလည်း ကင်ဂျုံအွန်းနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တာကို သီးခြားအတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နောက်လမှာ တရုတ်နိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။ ထရမ့်ဟာ အရင်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဆွေးနွေးမှုတွေ ပြန်စတင်ဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ဖူးပါတယ်။

Ref – Reuters