အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီ တောင်ကိုရီးယားမှာ တွေ့မယ်

တရုတ်အနေနဲ့ သူ့ရဲ့မြေရှားသတ္တုတင်ပို့မှု ကန့်သတ်တာတွေ ဖြေလျော့မပေးဘူးဆိုရင် နိုဝင်ဘာလကစပြီး တရုတ်ကုန်ပစ္စည်းတွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်ဖို့ သမ္မတ ထရမ့်က ခြိမ်းခြောက်ထားပါတယ်။

၂၄ ၊ အောက်တိုဘာ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အောက်တိုဘာ ၃ဝရက်နေ့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးတခုမှာ တွေဆုံကြမယ်လို့ အိမ်ဖြူတော်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထရမ့်နဲ့ ရှီ တွေ့ဆုံဖို့ သီတင်းပတ်ချီကြာအောင် ညှိနှိုင်းနေကြတာ ဖြစ်ပြီး ကမ္ဘာ့စီးပွါးရေးအင်အားကြီး နိုင်ငံနှစ်ခုအကြား တင်းမာမှုတွေ ထပ်တိုးလာမလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ထရမ့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်တဲ့ အခုနှစ်အစောပိုင်းကတည်းက ခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံကြမှာပါ။ ဖြစ်ပါတယ်။

တရုတ်အနေနဲ့ သူ့ရဲ့မြေရှားသတ္တုတင်ပို့မှု ကန့်သတ်တာတွေ ဖြေလျော့မပေးဘူးဆိုရင် နိုဝင်ဘာလကစပြီး တရုတ်ကုန်ပစ္စည်းတွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်ဖို့ သမ္မတ ထရမ့်က ခြိမ်းခြောက်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂျူးမြို့မှာ

အောက်တိုဘာ ၃၁ရက်နေ့ကနေ နိုဝင်ဘာ ၁ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ ပစိဖိတ် စီးပွါးရေးပူးပေါင်းမှု ညီလာခံ APEC ရဲ့ သီးခြားအစည်းအဝေးမှာ ထရမ့်နဲ့ ရှီ တွေ့ဆုံကြမှာပါ။

“တစုံတခုတော့ အလုပ်ဖြစ်လိမ့်မယ်လို့ ထင်တယ် ၊ ကျွန်တော်တို့ကြားမှာ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါကတော့ အကြီးမားဆုံး တခု ဖြစ်ပါလိမ့်မယ်။” လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ်က ပြောပါတယ်။

အဆိုပါ ညီလာခံမှာ သမ္မတ ထရမ့်ဟာ တောင်ကိုရီးယား ၊ ဂျပန်နဲ့ မလေးရှားနိုင်ငံက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

Ref – BBC