
“အရင်လို နေ့ဘက်လာတာမဟုတ်ဘူး ညဘက်လာတာ” လို့ အမြောက်တပ် ၃၄၄ အနီးမှာနေထိုင်သူကပြောပါတယ်။
၁၇၊စက်တင်ဘာ။
ဧရာဝတီတိုင်း ၊ လေးမျက်နှာနဲ့ ရေကြည်မြို့နယ် အနောက်ဘက်ခြမ်းဒေသတွေကို စစ်တပ်က စက် တင်ဘာလအတွင်းမှာ အင်အားဖြည့်တင်းတာတွေ ထပ်မံလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ဟင်္သာတဘက်က လာတဲ့ စစ်ကားတွေဟာ အင်္ဂပူမြို့နယ် ငဝန်တံတားအမှတ် ၂ ကို ဖြတ်သန်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်သားတွေအပြည့် တင်ဆောင် သွားတာလို့ မျက်မြင်တွေ့ရှိသူက ထပ်မံပြောပါတယ်။
စစ်သားတွေ တင်ဆောင်ထားတဲ့ စစ်ကား ၂ စီး ၊ အရပ်ဘက်သုံး ကားကြီး ၂ စီးဟာ အင်္ဂပူမြို့ကို ဖြတ်သန်း ပြီးတော့ ပုသိမ် – မုံရွာလမ်းအတိုင်း လေးမျက်နှာမြို့နယ်ထဲကို ဝင်ရောက်သွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေးမျက်နှာဘက်မသွားရင်တော့ ကွင်းကောက် တကသ ၅ ထဲကိုသွားတာပဲ”လို့ ငဝန်တံတားအမှတ် ၂ အနီးမှာနေထိုင်သူတဦးကပြောပါတယ်။ ဒီလိုမျိုး စစ်သားတွေ တင်ဆောင်လာတဲ့ ကားတွေဟာ အရင်လ တွေကလည်း ပုံမှန်ရှိခဲ့တယ်လို့ သူကဆက် ပြောပါတယ်။
စစ်တပ်ဟာ ငသိုင်းချောင်းတံတားကို ဖြတ်သန်းပြီးတော့ ဂွ – ငသိုင်းချောင်းလမ်းပိုင်းမှာရှိတဲ့အမြောက် တပ် ၃၄၄ ထဲကိုလည်း စက်တင်ဘာလထဲမှာ အင် အားဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
“အရင်လို နေ့ဘက်လာတာမဟုတ်ဘူး ညဘက်လာတာ” လို့ အမြောက်တပ် ၃၄၄ အနီးမှာနေထိုင်သူကပြောပါတယ်။
စစ်သားတွေတင်ဆောင်လာတဲ့ ကားတွေဟာ အမြောက်တပ် ၃၄၄ ထဲကို ညပိုင်းမှာ အတန်းလိုက်ဝင် ရောက်သွားတာကြောင့် ကားအစီးရေနဲ့ ကားပေါ်လိုက်ပါလာတဲ့ အင်အားကိုတော့ မခန့်မှန်းနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ရေကြည်မြို့နယ်နဲ့လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းဒေသတွေကို ဩဂုတ်လပထမ အပတ်လောက်ကတည်းက ဆက်တိုက်အင်အားဖြည့်တင်းခဲ့တာပါ။ဒီဒေသမှာ ဩဂုတ်လအတွင်း ထိ တွေ့တိုက်ပွဲသံတွေ ကြားခဲ့ရပေမယ့်လည်း စက်တင်ဘာလအတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားတဲ့အသံတွေ နည်းပါးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်က ကားတွေ ကားတွေနဲ့ တက်သွားတာ (ရခိုင်ရိုးမဘက်) ပဲ တွေ့ရတာ။ အဲလိုမျိုး ကားတွေ ကား တွေနဲ့ အများကြီး ပြန်ဆင်းလာတာတော့ မမြင်ရဘူး”လို့ ငသိုင်းချောင်းမြို့ပေါ်မှာ နေထိုင်သူက ပြောပါတယ်။ စက်တင်ဘာလ ပထမအပတ်က စစ်ကားတွေ ဖြတ်သန်းသွားတဲ့ ဓာတ်ပုံတွေ အင် တာနက်ကွန် ရက်ပေါ်ပြန့်နှံခဲ့ကြောင့် ရေနံသာလမ်း ဆုံသွားတဲ့ လမ်းပိုင်းမှာ စစ်တပ်က အရပ်သားပြည်သူတွေရဲ့ မိုဘိုင်းဖုန်းတွေကို တောင်းယူစစ် ဆေးခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။