“တချို့ဆို အဝေးသင်တက်နေတဲ့သူတွေလည်းပါတယ်။ သူတို့က သူတို့ပါးစပ်ထဲကအတိုင်းထွက်လာနေတဲ့ ဥပဒေကိုတောင် သူတို့မလိုက်နာနေဘူးဆိုတာ မြင်သာပါတယ်” လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တခုရဲ့ ဦးဆောင်သူတဦးက ပြောပါတယ်။
၉၊ စက်တင်ဘာလ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်မှာ စစ်မှုထမ်း အမှ တ်စဉ် (၁၇) အတွက် စစ်မှုထမ်းမဲပေါက်တယ်ဟုဆိုကာ လူငယ်တချို့ကို နေအိမ်တွေထိ လိုက်လံဖမ်း ဆီးခေါ်ဆောင်မှုတွေ ပြုလုပ်နေပါတယ်။
“မဲနှိုက်တာလည်း မရှိဘူး။ ရုတ်တရက်ကြီး ညနေ စောင်းကြီး ရောက်လာပြီးတော့ စစ်မှုထမ်းမဲပေါက် တယ် လိုက်ခဲ့ဆိုပြီး လာခေါ်တာ။ အရပ်ဝတ်တွေရော စစ်ယူနီဖောင်းတွေနဲ့ရောပါတယ်။ ကျွန်မတို့ကို သတင်းမထွက်စေနဲ့ သတင်းထွက်ရင် နင်တို့ကိုပါ လာခေါ်မယ်ဆိုပြီးပြောသွားတယ်” လို့ ကာယကံ ရှင်တဦးက DNA ကိုပြောပါတယ်။
အခုလိုမျိုး ဖြစ်စဉ်တွေဟာ ကျေးရွာတွေဘက်မှာ ဖြစ်ပေါ်နေတာ ကြာနေပြီဖြစ်ပြီး မြို့ပေါ်ရပ်ကွက်
တွေမှာ ဖြစ်တာတော့ ရက်ပိုင်းလောက်ရှိနေပြီလို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တချို့ကနေ သိရပါတယ်။
ဒါပေမယ့် ကျေးရွာတွေဘက်မှာ အခုလိုရုတ်တရက် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူတွေဟာ စစ်မှုထမ်းထောက်ပံ့ကြေး ပေးဆောင်ဖို့ ပျက်ကွက်သူတွေ အများစုဖြစ်ကြပြီးအခုမြို့ပေါ်မှာ ဖမ်းဆီးခေါ်ဆောင် ခြင်းခံရသူတွေဟာ စစ်မှုထမ်းထောက်ပံ့ ကြေးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ သတ် မှတ်ချက်တွေအတိုင်း ထည့်ဝင်ပေးနေကြသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
“ဘယ်နှယောက်ရှိပြီလဲဆိုတာတော့ ကျွန်တော်တို့လည်း စာရင်းရဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ သိသလောက်မှာ အနည်းဆုံး ၁၀ ယောက်ကျော်ပါတယ်။ တချို့ဆို အဝေးသင်တက်နေတဲ့သူတွေလည်းပါတယ်။ သူတို့က သူတို့ပါးစပ်ထဲကအတိုင်းထွက်လာနေတဲ့ ဥပဒေကိုတောင် သူတို့မလိုက်နာနေဘူးဆိုတာ မြင်သာပါတယ်”လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တခုရဲ့ ခေါင်းဆောင်ဖြစ်သူက ပြောပါတယ်။
ဟင်္သာတမြို့ပေါ်က ရပ်ကွက်တွေဟာ စစ်မှုထမ်းထောက်ပံ့ကြေးအတွက် တလကို အနည်းဆုံး ၅ သောင်းကျပ်ကနေ ၂ သိန်းကျပ်ထိ ပေးဆောင်နေရမှုတွေ ရှိတယ်လို့ သိရပါတယ်။