စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ ပါတီ ၉ ပါတီရှိပါတယ်။ ဒီပါတီတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တာကြောင့် ဧရာဝတီတိုင်းထဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မယ့် သဘောရှိပါတယ်။ ဒါကြောင့် ဒီပါတီတွေက ဘာတွေလည်း ဘယ်လိုအခြေအနေရှိလဲဆိုတာကို DNA ပရိသတ်တွေအတွက် အကြမ်းဖျင်းအခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။
၅၊ စက်တင်ဘာလ
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ ပါတီ ၉ ပါတီရှိပါတယ်။ ဒီပါတီတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပိုင်ကြမှာ ဖြစ်တာကြောင့် ဧရာဝတီတိုင်းထဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မယ့် သဘောရှိပါတယ်။ ဒါကြောင့် ဒီပါတီတွေက ဘာတွေလည်း ဘယ်လိုအခြေအနေရှိလဲဆိုတာကို DNA ပရိသတ်တွေအတွက် အကြမ်းဖျင်းအခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။
တနိုင်ငံလုံးဝင်ပြိုင်မယ်လို့ဆိုတဲ့ပါတီ၉ခုကတော့
၁။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)
၂။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)
၃။ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)
၄။ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (MFDP)
၅။ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)
၆။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)
၇။ အမျိုးသမီးပါတီ (မွန်)
၈။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)
၉။ ပြည်သူ့ပါတီ (PP) တို့ဖြစ်ပါတယ်။
၁။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)
ကြံ့ခိုင်ရေးပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ကြံ့ဖွတ်ပါတီလို့ အများစုခေါ်ဝေါ်ကြတဲ့ USDP ဟာ စစ်တပ်ကနေ ယူနီဖောင်းချွတ်လာတဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ကစလို့ ရွေးကောက်ပွဲတိုင်းမှာ အင်အားကြီးပါတီအဖြစ် စစ်တပ်နောက်ခံနဲ့ နေရာပြည့်ဝင်ရောက်ယှဉ်ပြိုင်
လေ့ရှိတဲ့ ပါတီဖြစ်ပါတယ်။ ပါတီရဲ့ အမာခံနောက် ခံဟာ စစ်တပ်ဖြစ်တဲ့အလျောက် စစ်တပ်ရဲ့ အာဏာ ကြီးထွားမှုအတွက် အဓိက ထောက်တိုင်တခုအဖြစ် ရှိနေ၊ လှုပ်ရှားနေတဲ့ ပါတီတခုလည်းဖြစ်ပါတယ်။
၂။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကလည်း စစ်တပ်နောက်ခံနဲ့ စစ်တပ်ထောက်တိုင်ပါတီ တခုပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကတည်းက NLD ပါတီကိုအတိုက်အခံလုပ်ဖို့အတွက် ၁၉၈၈ ခုနှစ်က ဖြစ်တည်လာခဲ့တဲ့ ပါတီတခုဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကစလို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၀ က စလို့ NLD ပါတီကို အနိုင်ရရှိခဲ့ဖူးခြင်း မရှိသလို ၂၀၁၀ ပြည့်နှစ်ကစလို့ နောက်ပိုင်းနှစ်တွေမှာလည်း NLD တင်မက USDP ကိုပါ အနိုင်ရရှိမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် USDP ကတဆင့် အစိုးရဖွဲ့ဖို့ကြိုးစားနေတဲ့ စစ် ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်အားဖြည့်ဖို့ တ.စ.ည ပါတီဟာလည်း ထပ်မံပါဝင်လာခဲ့တာဖြစ်ပါတယ်။
၃။ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)
ဒီပါတီဟာလည်း ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတခုဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ပါတီတခုဖြစ်ပါတယ်။ ဦးသိန်းစိန် သမ္မတအဖြစ်တာဝန်ယူခဲ့စဉ်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ် ချုပ်ကြီးဟောင်း ဦးစိုးမောင်က ပါတီ ဥက္ကဌ ဖြစ်ပါတယ်။ ဒီပါတီထဲက တချို့သော ပါတီဝင်တွေဟာ နွေဦးတော်လှန်ရေးကာလထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေး အင်အားစုတွေကို အန္တရာယ်ဖြစ်စေတဲ့အထိ စစ်တပ်ကို သတင်းပေးမှုတွေ ပြုလုပ်ခဲ့သူတွေအဖြစ် နာမည်ကျော်ကြားသူတွေရှိပါတယ်။
၄။ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (MFDP)
ဒီပါတီကတော့ ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ပါတီ ဥက္ကဌဖြစ်သူ ဦးကျော်စွာစိုးဟာ တောင်သူလယ်သမားတွေဟာ အသိပညာ အားနည်းကြသူတွေဖြစ်တာကြောင့် ကူညီပေးနိုင်ဖို့ သူတို့ပါတီဟာ တည်ရှိနေရတာဖြစ်တယ်လို့ မကြာခဏပြောဆိုလေ့ရှိပါတယ်။ ဒါအပြင် ဦးကျော်စွာစိုးဟာ လယ်ယာမြေ အသိမ်းခံရတဲ့ ကိစ္စတွေကို ဖြေရှင်းပေးမယ်ဆိုပြီး တောင်သူလယ်သမားတွေဆီက ငွေကြေးလိမ်လည်မှုတွေရှိဖူးတယ်ဆိုတဲ့ သတင်းမျိုးလည်း ထွက်ရှိထားဖူးပါတယ်။
၅။ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)
ရှမ်းပြည်အခြေစိုက်ပါတီတခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ဖို့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကနေ ရှမ်းပြည်က နေရာအနည်းငယ် မှာ လွှတ်တော်ကိုယ်စားလှယ်နေရာတွေ ရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း NLD ပါတီ ပြန်လည်ဝင်ရောက်လာပြီးတဲ့နောက်မှာ NLD ပါတီကို မယှဉ် ပြိုင်နိုင်ခဲ့ပေမယ့် ရှမ်းပြည်နယ်မှာလူထုထောက်ခံမှုတချို့ရရှိထားတဲ့ ပါတီတခုလည်းဖြစ်ပါတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာကာစအချိန်ထိ ပါတီမှတ်ပုံပြန်တင်ခြင်း မပြုခဲ့ပေမယ့် အခုအချိန်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။
၆။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)
NDF ပါတီဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို NLD က ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဆိုပြီး သပိတ်မှောက်ခဲ့ချိန်မှာ NLD ကိုထောက်ခံအားပေးပြီး ပါတီဝင်တွေဖြစ်ခဲ့ဖူးသူတွေက အခြားသော ပါတီတခုဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ မူလရင်းမြစ်ဟာ NLD ပါတီဖြစ်ခဲ့ပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကစလို့ NLD ကိုရော USDP ကိုအတွက်ပါ အတိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကစလို့ NDF ပါတီဟာ စစ်တပ်ဘက်ကို ယိမ်းတဲ့ အခြေအနေတွေရှိလာခဲ့ပြီး ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ ဖက်လှဲတကင်း ရှိတဲ့ ဆက်ဆံရေးရှိလာခဲ့တဲ့ ပါတီတခုဖြစ်ပါတယ်။
၇။ အမျိုးသမီးပါတီ (မွန်)
အမျိုးသမီးထုအရေးအတွက် လုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်
ခဲ့တဲ့ပါတီဖြစ်ပါတယ်။ ပါတီတည်ထောင်ပြီး နောက် ပိုင်း ဒီအမျိုးသမီးပါတီ(မွန်)ဟာ ဧရာဝတီတိုင်းထဲက တချို့သော ဒေသတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အမျိုးသမီးတွေနဲ့သာ ဖွဲ့စည်းထားတာဖြစ်တယ်ဆိုတဲ့ ဒီပါတီဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုထားပေမယ့် အမျိုး သမီးတွေချည်းပဲ ဝင်ရောက်ယှဉ်ပြိုင်မှာလား ဆိုတာကတော့ မသိရသေးပါဘူး။
၈။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)
ပြည်သူ့ရှေ့ဆောင်ပါတီကတော့ လက်ရှိ ဧရာဝတီတိုင်းထဲမှာ လှုပ်ရှားမှု တော်တော်များများ ရှိနေပါတယ်။ ပါတီ ဥက္ကဌဖြစ်သူ ဒေါ်သက်သက်ခိုင်နဲ့ ပတ် သက်လို့ ပီသုံးလုံး ပါတီရယ်လို့ အများစုက သိရှိထားကြပါတယ်။ ဒေါ်သက်သက်ခိုင်ဟာလည်း NLD ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်ထဲထိ ရောက်ရှိခဲ့ပြီးမှ ကိုယ်ပိုင်ပါတီတခု တည်ထောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပါတီတည်ထောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ တနိုင်ငံလုံးအနှံ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ခရီး၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးစတဲ့ဌာနတွေမှာဝန်ကြီးနေရာဆောင်ရွက်ခဲ့ဖူးတာပါ။
စစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေပြီး လက်ရှိ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ သူကတော့ ဒီရွေးကောက်ပွဲဟာ PR စနစ်လည်းပါဝင်နေတာမို့ သူတို့ပါတီအနေနဲ့ နေရာအနည်းငယ် ပါဝင်နိုင်လိမ့်မယ်လို့ ယုံကြည်နေသူ တဦးလည်းဖြစ်ပါတယ်။
၉။ ပြည်သူ့ပါတီပါတီ (PP)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကတော့ ၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက မဲဆ န္ဒနယ် ၁၀၀ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တနေရာမှာမှ အနိုင်ရရှိခဲ့ခြင်း မရှိပါဘူး။ စစ်ကောင်စီနဲ့ ဖက်လှဲတကင်းရှိနေတဲ့ ဦးကိုကိုကြီးဟာ စစ်ကောင်စီက ပြုလုပ်တဲ့ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာဟာ ပြည်သူကိုမျက်နှာမူတာကြောင့်လို့ ဆိုထားပါသေးတယ်။