
“ပညာရေးမှူးဟောင်းတဦးကတော့ ကျောင်းသား ကျောင်းသူတွေအချင်းချင်း ရန်ဖြစ်ကြတာမျိုးကဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်မျိုးမလို့ ဖြစ်လာမှအ ပြစ်ပေးတာထက် ဆရာမိဘပူးပေါင်းပြီး အသိ ပညာပေးတဲ့ လုပ်ငန်းစဉ်မျိုးတွေ ၊ ဂရုစိုက်စောင့်
ကြည့်တဲ့ နည်းလမ်းတွေ နဲ့ ကြိုတင်ကာကွယ်သင့် တယ်လို့ အကြံပြုပါတယ်။”
၂၊စက်တင်ဘာ။
ကျောင်းချိန် နဲ့ ကျောင်းပြင်ပအချိန်တွေမှာ ခိုက်ရန် ဖြစ်ပွားတဲ့ ကျောင်းသူ ကျောင်းသားတွေကို ကျောင်းပြောင်းလက်မှတ် ထုတ်ပေးတဲ့ အပြစ်ဒဏ် ချမှတ်ဖို့ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာဦးစီးဌာနက ဧရာဝတီတိုင်းအတွင်းရှိ အခြေခံပညာ ကျောင်းတွေကို ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
မြောင်းမြမြို့ အထက ၆ မှာ ကျောင်းသူတွေ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားတာ လူမှုကွန်ရက်မှာပြန့်နှံ့ပြီး နောက် အခြားမြို့နယ်တွေက ကျောင်းတွေမှာ လည်း အလားတူ ဖြစ်စဥတွေဖြစ်ပွားလာတာကြောင့် ဒီလိုညွှန်ကြားချက်ကို တာဝန်ရှိသူတွေက ထုတ်ပြန်ရတာလို့ ပညာရေးဌာန သတင်းရင်းမြစ် တွေက ဆိုပါတယ်။
“ဒီညွှန်ကြားချက်က အောက်ခြေမှာ ဆောင်ရွက်ရတာ အခက်အခဲရှိတယ် ကျောင်းသား ကျောင်းသူ တွေကို ကျောင်းတက်ဖို့ စည်းရုံးရမယ်၊ ရာဇဝတ်မှု မမြောက်တဲ့ ပြစ်မှုမျိုးဆို ကျောင်းမထုတ်ရဘူး ဆိုတဲ့ ညွှန်ကြားချက်တွေက ရှိနေတယ်၊ အခု ကျောင်းပြောင်း လက်မှတ်ဆိုတာက အပြစ်ရှိလို့ကျောင်း ထုတ်လိုက်တဲ့သဘောပါပဲ ကလေးအတွက် အရမ်းနစ်နာစေတဲ့ ညွှန်ကြားချက်ပါ” လို့ ကျောင်းအုပ် ဆရာမကြီးတဦးက DNA ကို ပြောပါတယ်။
ဒါ့အပြင် အခုညွှန်ကြားချက်ကို ဧရာဝတီတိုင်းတခုတည်းတင်မက တနိုင်ငံလုံး အတိုင်းအတာ ထုတ်ပြန်ညွှန်ကြားခဲ့တာလို့လည်း ရန်ကုန်မြို့က အလယ် တန်းပြဆရာမတဦးက DNA ကိုပြောပါတယ်။
ညွှန်ကြားချက်ဟာ ပညာရေးဌာနရဲ့ဩဂုတ်လပတ် အစည်းအဝေး အပြီးထုတ်တဲ့ ညွှန်ကြားချက်ဖြစ်ပြီးပညာရေးဝန်ကြီးရဲ့ZOOM Meetingကနေ မှာကြားချက် တခုဖြစ်တဲ့ KG + 9 ပြီး မြောက်စေဖို့ Drop Out(ကျောင်းနှုတ်ထွက်မှု)မဖြစ်စေရေးအတွက် ကြီးကြပ်ရန် ဆိုတဲ့ ညွှန်ကြားချက်မျိုးရှိနေတာကြောင့် ညွှန်ကြားချက်တွေက ရှေ့နောက်မညီညွှတ် ဘဲဆောက်ရွက်ရတာ အခက်အခဲရှိတယ်လို့ အထက်ပါကျောင်းအုပ်ဆရာမကြီးက ဆက်ပြောပါတယ်။
ပညာရေးမှူးဟောင်းတဦးကတော့ ကျောင်းသား ကျောင်းသူတွေအချင်းချင်း ရန်ဖြစ်ကြတာမျိုးကဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်မျိုးမလို့ဖြစ်လာမှ အ ပြစ်ပေးတာထက် ဆရာမိဘပူးပေါင်းပြီး အသိ ပညာပေးတဲ့ လုပ်ငန်းစဉ်မျိုး တွေ ၊ ဂရုစိုက်စောင့်
ကြည့်တဲ့ နည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်သင့် တယ်လို့ အကြံပြုပါတယ်။
“ရန်ဖြစ်လို့ ထုတ်ပေးတဲ့ ကျောင်းပြောင်းလက်မှတ် နဲ့ ဘယ်ကျောင်းမျိုးကို ပြောင်းတက်လို့ ရမှာလဲ ဘယ်ကျောင်းကမှ လက်ခံဖို့ဆိုတာမရှိနိုင်ဘူး ၊အပြစ်ဒဏ်က ပညာသင်အရွယ် ကျောင်းသား ကျောင်းသူတွေ ရဲ့ ဘဝကို ပြုပြင်တာမျိုး မဟုတ်ပဲ ဖျက်ဆီးချိုးဖဲ့လိုက်သလို ဖြစ်နေပါတယ်” လို့ကျောင်းသား မိဘတဦး က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသား လူငယ်တွေ အကြားတဖက်သတ် အနိုင်ကျင့်တာတွေ၊ အုပ်စုဖွဲ့တိုက်ခိုက်တာတွေ လွှမ်းမိုးလာပြီး အတုမြင် အတတ်သင် ဆိုသလို ဖြစ်လာကာ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူတွေ ရဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေဟာ လူမှူကွန်ရက် စာမျက် နှာကတဆင့် ပိုမိုပြန့်နှံခဲ့ပါတယ်။
