တနင်္ဂနွေနေ့မှာ လူပေါင်း ၅သိန်းကျော်ကို ကြိုတင်နေရာရွေ့ပြောင်းထားပြီး ပင်လယ်ပြင်ကိုလည်း လှေတွေမထွက်ဖို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
၂၅ ၊ ဩဂုတ်လ။
ဒီနှစ်ရဲ့ အားအကောင်းဆုံးမုန်တိုင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ဗီယမ်နမ်ဟာ လေဆိပ်တွေ ၊ စာသင်ကျောင်းတွေကို ပိတ်ထားပြီး လူသိန်းချီကိုလည်း ကြိုတင် ရွေ့ပြောင်းထား တယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့မှာ လူပေါင်း ၅သိန်းကျော်ကို ကြိုတင်နေရာရွေ့ပြောင်းထားပြီး ပင်လယ်ပြင်ကိုလည်း လှေတွေမထွက်ဖို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဗီယက်နမ်ဗဟိုကမ်းရိုးတန်းဒေသကို ချဉ်းကပ်လာတဲ့ တိုင်ဖွန်းမုန်တိုင်း ကဂျိကိဟာ အများဆုံးလေတိုက်နှုန်း ၁၆၆ ကီလိုမီတာအထိ တိုက်ခတ်နေပြီး ဒီနေ့ကနေ့ မွန်းလွဲပိုင်း ကုန်းတွင်းပိုင်းမဝင်ရောက်ခင် ပိုမိုအားကောင်းလာနိုင်တယ်လို့ ဗီယက်နမ်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
အရှိန်မြန်မြန်နဲ့ ရွေ့နေပြီး အန္တရာယ်များတဲ့ မုန်တိုင်းဖြစ်တာကြောင့် မိုးကြီးတာ ၊ ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်ကြောင်း အစိုးရက သတိပေးထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ကို မျက်နှာမူထားပြီး ရှည်လျားတဲ့ ကမ်းရိုးတန်းတည်ရှိတဲ့ ဗီယက်နမ်ဟာ နှစ်စဉ် အားပြင်းတဲ့ မုန်တိုင်းတွေဒဏ် မကြာခဏ ခံစားရပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ တနှစ်နီးပါးက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ဗီယက်နမ်မှာ လူပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃ ဘီလီယံ ခန့်ရှိတယ်လို့ သိရပါတယ်။