ပင်လယ်ထွက်မယ့် တရားမဝင်ကျားဖေါင်တွေကို ပိုမိုတင်းကြပ်နေ

“လိုင် စင်မရှိသူတွေကတော့ အခုထိရွာတွေ သယ်လို့မရသေးဘူး။ ဖျာပုံမှာသောင်တင်နေတယ်” လို့ သူက ပြောပါတယ်။

၉၊ဩဂုတ်လ။

ဒီနှစ် ငါးဖမ်းရာသီအတွက် စက်တင်ဘာလမှာ ပင်လယ်ပြင်ထဲထွက်ခွာကြရာမှာ တရားမဝင် ကျားဖောင်တွေနဲ့ ပတ်သက်ပြီး အရင်နှစ်တွေကထက် ပိုပြီးတင်းကြပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

“ကျားဖောင်တခုမှာ လုပ်သား ၃ ယောက်ရှိတယ်။ ကျားဖောင်လောကမှာ တရားဝင်ဖောင်တွေကော တရားမဝင်ဖောင်တွေကောရှိတယ်။ ဒီနှစ်တော့ တရားမဝင်ဖောင်တွေနဲ့ ပတ်သက်လို့ အရင်နှစ်ထက်ကို ပိုပြီး တင်းကြပ်ထားတယ်” လို့ ကျားဖေါင်လုပ်ငန်းရှင် တဦးက DNA ကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ တရားဝင်ကျားဖောင်လိုင်စင် ကိုင်ဆောင်ထားသူတွေဟာ ဖျာပုံကနေ တည် ဆောက်ပြီးသားဖောင်တွေကို ပင်လယ်ကမ်းခြေကရွာတွေအရောက် သယ်ဆောင်နေကြချိန် ဖြစ်ပါတယ်။

“လိုင် စင်မရှိသူတွေကတော့ အခုထိရွာတွေ သယ်လို့မရသေးဘူး။ ဖျာပုံမှာသောင်တင်နေတယ်” လို့ သူက ပြောပါတယ်။

ဧရာဝတီငါးဖမ်းကွက်ဧရိယာထဲမှာ ဖျာပုံမြို့နယ်ထဲက ခါးပြတ် ၊ ရွှေထီး ၊ ဗန္ဓာပင် ၊ ဖျာပုံမြစ်တန်း ၊ ဘုန်း ကြီးသောင် ၊ ချောင်းဝ ကျေးရွာတွေဆီကနေ ကျားဖောင်တွေအများဆုံး ထွက်ပါတယ်။ ကျားဖောင်တွေဟာ စက်တင်ဘာလမှာ ပင်လယ်ထဲထွက်ခွာပြီးတော့ ဧပြီလထဲမှာ ပြန်လည်သိမ်းဆည်းတာလို့ သိရပါတယ်။

ဒီနှစ်အတွက် ကျားဖေါင်ရာသီမှာ အဓိက ပစ္စည်းဖြစ်တဲ့ ဝါးဈေးနှုန်းကလည်း မနှစ်ကထက် နှစ်ဆခန့်မြင့်တက်နေပါတယ်။

“ဒီဝါးတွေက ကြံခင်း ၊ ဟင်္သတဘက်ကနေ ဝယ်ရ တာ” လို့ ကျားဖောင်လုပ်ငန်းရှင်က ပြောပါတယ်။

ကျားဖောင်အတွက် လိုအပ်တဲ့ ဝါးတစ်လုံးကို ဖျာပုံအရောက် ကျပ် ၂ သောင်းလောက်ပေးပြီးတော့ ဝယ် ယူနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖျာပုံမြို့နယ်ထဲမှာ ကျားဖောင်တည်ဆောက်ဖို့အတွက် ဝါးအမျိုးအစားက လိုသလောက်မထွက်ရှိတာကြောင့် အခုလိုမျိုး ဆိုဒ်ပြည့်တဲ့ ဝါးဘိုးဝါးတွေကို အခြားသောမြို့နယ်တွေဆီကနေ ဝယ်ယူရတာဖြစ် ပါတယ်။ မနှစ်ကတော့ ဝါးဘိုးဝါးတစ်လုံးရဲ့ တန်ကြေးဟာ ၁ သောင်းကျော်ပဲရှိခဲ့တာပါ။

ပျမ်းမျှအနေနဲ့ ဧရာဝတီငါးဖမ်းလုပ်ငန်းကွက်ဧရိယာမှာ ကျားဖောင် ၈၀၀၀ ဝန်းကျင်ရှိပြီး လုပ်သားလိုအပ်ချက်က နှစ်စဉ် ၂ သောင်း ၄ ထောင်ဝန်းကျင် လောက်ရှိနေပါတယ်။ ဒါတောင် သင်္ဘောလုပ်သား တွေမပါသေးပါဘူး။ ဒီလုပ်သားတွေဟာ တိုင်းဒေသကြီးအနှံ့က လူပွဲစားတွေနဲ့ ချိတ် ဆက်ပြီးတော့ ရောက်လာကြတာဖြစ်ပါတယ်။