သာပေါင်းမြို့ဟာ ဧရာဝတီတိုင်းဒေသကြီးထဲမှာ မကျီးဇင်ကျေးရွာကို တော်လှန်ရေးအင်အား စုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက် ဒုတိယမြောက် စစ်ရေးအရ ခြိမ်ခြောက်ခံခဲ့ရတဲ့ မြို့ပါ။
၈၊ဩဂုတ်လ။
ဧရာဝတီတိုင်း ၊ သာပေါင်းမြို့ပေါ်မှာ နက်ပြာရောင်ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ ဌာနေပြည်သူ့စစ်တွေ ဒီရက်ပိုင်းအတွင်းမှာ အင်းအားပြ လှုပ်ရှားသွားလာ ကင်းလှည့်နေကြပါတယ်။
“လမ်းဆုံတိုင်းမှာတော့ လေးယောက်ရှိတယ်။ ဆိုင်ကယ်တွေနဲ့လည်း သွာလာနေကြတယ်”လို့ သာပေါင်းမြို့ခံက ပြောပါတယ်။ဩဂုတ်လ ၄ ရက်နေ့က စတင်ပြီးတော့ သာပေါင်းမြို့ပေါ်မှာ လှုပ်ရှားသွားလာနေကြတာလို့ သိရပါတယ်။
“ရှစ်လေးလုံးကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်” လို့ သူကမှတ်ချက် ပေးပါတယ်။ သာပေါင်းမြို့ထဲ အင်အားပြ သွားလာနေတဲ့ ဌာနေပြည်သူ့စစ်တွေဆီမှာ သေနက်တွေတော့ ကိုင်ဆောင်ထားတာမရှိဘူးလို့ သူက ဆက်ပြောပါတယ်။
ဒါ့ပြင် ရဲတပ်ဖွဲ့ဝင်တွေကလည်း သာပေါင်းပေါ်မှာ ဩဂုတ်လအတွင်း အရပ်သားပြည်သူတွေ စီးနင်း သွားလာနေတဲ့ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်နေတယ်လို့လည်း သိရပါတယ်။
သာပေါင်းမြို့ဟာ ဧရာဝတီတိုင်းဒေသကြီးထဲမှာ မကျီးဇင်ကျေးရွာကို တော်လှန်ရေးအင်အား စုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက် ဒုတိယမြောက် စစ်ရေးအရ ခြိမ်ခြောက်ခံခဲ့ရတဲ့ မြို့ပါ။ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဟာ မကျီးဇင် – သာပေါင်းလမ်းပိုင်း မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ သာပေါင်းမြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေငြိမ်သက်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။ ဒါပေမယ့်လည်း သာပေါင်းမြို့ အနောက်ဘက် သစ်ထောထဲကို သွားလာလှုပ်ရှား တာနဲ့ပတ်သက်လို့ စစ်တပ်က ယနေ့အချိန်အထိ အကန့်အသက်တွေထားရှိနေတုန်းပဲလို့ သူကဆက် ပြောပါတယ်။
“အကန့်အသက်ဆိုတာ ဟိုးအရင်တိုက်ပွဲတွေ မဖြစ်ခင်ကလို သွားလာလို့မရဘူးပေါ့။ သစ်ထုတ်တာက အစ ၊ မြို့ပေါ်အဝင်အထွက်ကိုလည်း စစ်ဆေးတာတော့ ဒီရက်ပိုင်း ကြမ်းတယ်။ ကားတွေ ၊ ဆိုင်ကယ် တွေဆီကနေ ရဲတွေပိုက်ဆံတောင်းတာကလည်း ဓားပြတွေလိုပဲ” လို့ ဒေသခံကပြောပါတယ်။