ဟင်္သာတမြို့နယ် ပိတောက်ကုန်းရွာမှာ လေဆင်နှာမောင်းတိုက်လို့ နေအိမ်သုံးလုံးပြိုကျ

၂၆ ၊ ဇူလိုင်လ။

ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းကျေးရွာ အုပ်စု၊ ရှမ်းစုကျေးရွာမှာ ဇူလိုင် ၂၅ ရက်နေ့ ပြီးခဲ့တဲ့ ည ၁၁ နာရီဝန်းကျင်မှာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပါတယ်။

လေတိုက်ချိန်က မိနစ်ပိုင်းလောက်သာ ကြာချိန်ရှိခဲ့ပေမယ့် လေအားပြင်းတဲ့အတွက် လေဆင်နှာမောင်း လမ်းကြောင်းပေါ် တည့်တည့်ကျရောက်တဲ့ နေအိမ် ၃ လုံး ပြိုကျခဲ့ပါတယ်။ ဒါ့အပြင် အနီးဝန်းကျင်က အိမ် ၅ လုံးမှာလည်း နေအိမ်အမိုးတွေ လန်သွားတာ ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ လူတွေတော့ ထိခိုက်ဒဏ်ရာ ရတာ မရှိခဲ့ပါဘူးလို့ သိရပါတယ်။

 

ဒီနေ့မနက်ပိုင်းမှာတော့ ဒေသခံတွေက နေအိမ်အပျက်အစီးတွေကို ကိုယ်ထူကိုယ်ထ ရှင်းလေးရေး ပြုလုပ်ပြီးပြီလို့ သိရပါတယ်။