အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း၁၃၀၀ကျော်ကို အလုပ်ဖြုတ်


အမေရိကန်နိုင်ငံတွင်း အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၁၈,၀၀၀ အနက် မိမိဆန္ဒအလျောက် အလုပ်ထွက်မှု အပါအဝင် စုစုပေါင်းအလုပ်လျော့ချမှုဟာ ၃၀၀၀ နီးပါးရှိလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ အကြီးတန်းအရာရှိတဦးရဲ့ ပြောကြားချက်အရသိရပါတယ်။

၁၃ ၊ ဇူလိုင်လ။

သမ္မတထရမ့်ဦးဆောင်တဲ့ အစိုးရက သူတို့ရဲ့ နိုင်ငံခြားရေးရာ အစုအဖွဲ့နဲ့ ပတ်သတ်လို့ မကြုံစဖူး အကြီးအကျယ် ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန် ဇူလိုင်လ ၁၁ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်တွင်းအခြေစိုက် ဝန်ထမ်း ၁၃၅၀ ကျော်ကို အလုပ်ဖြုတ်လိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

ဒါဟာ အမေရိကန်ရဲ့ နိုင်ငံပြင်ပအကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့ စွမ်းဆောင်ရည်ကို ကျဆင်းစေလိမ့်မယ်လို့ ဝေဖန်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

လက်ရှိ အမေရိကန်ဟာ ကမ္ဘာ့စင်မြင့်မှာ ရုရှားရဲ့ ယူကရိန်းကို ကျုးကျော်စစ် ၊ နှစ်နှစ်ကျော်လာတဲ့ ဂါဇာ ပဋိပက္ခ ၊ အစ္စရေးနဲ့ အီရန်အကြား တိုက်ခိုက်မှုတွေကြောင့် တင်းမာမှု မြင့်တက်လာတဲ့ အရှေ့အလယ်ပိုင်း စတဲ့ အကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ နိုင်ငံခြားရေးရာ ဝန်ထမ်းတွေကို လျော့ချလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတွင်း အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၁၈,၀၀၀ အနက် မိမိဆန္ဒအလျောက် အလုပ်ထွက်မှု အပါအဝင် စုစုပေါင်းအလုပ်လျော့ချမှုဟာ ၃၀၀၀ နီးပါးရှိလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ အကြီးတန်းအရာရှိတဦးရဲ့ ပြောကြားချက်အရသိရပါတယ်။

အဆိုပါအလုပ်လျှော့ချမှုဟာ သမ္မတထရမ့်ရဲ့ “America First” မူဝါဒနဲ့ ကိုက်ညီတဲ့ နိုင်ငံခြားရေးမူဝါဒအသစ်တစ်ရပ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲမှု ပထမခြေလှမ်းလည်း ဖြစ်ပါတယ်။

သံတမန်အရာရှိဟောင်းတွေနဲ့ ဝေဖန်သူတွေကတော့ နိုင်ငံခြားရေးရာဝန်ထမ်းတွေကို အလုပ်ဖြုတ်လိုက်တာဟာ တရုတ်၊ ရုရှားလို ပြိုင်ဘက်နိုင်တွေရဲ့ အင်အားကြီးထွားလာတာကို တိုက်ဖျက်မယ့် အမေရိကန်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref – Reuters
#အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန #အလုပ်ဖြုတ် #ဝန်ထမ်း
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH