တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် သုံးနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ပူးပေါင်းကာကွယ်တုံ့ပြန်ဖို့ အတူတကွလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ဖော်ပြပါတယ်။
၁၂ ၊ ဇူလိုင်လ။
တောင်ကိုရီးယား ၊ ဂျပန်နဲ့ အမေရိကန် သုံးနိုင်ငံဟာ ဒေသတွင်းလုံခြုံရေးကို ပိုမိုတင်းကြပ်စေဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ ဇူလိုင်လ ၁၁ရက်နေ့ သောကြာနေ့မှာ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင်ခဲ့ကြပါတယ်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားတောင်ပိုင်း ဂျဲဂျူကျွန်း ပင်လယ်ရေပြင်မှာ ပြုလုပ်ခဲ့ပြီး အမေရိကန် B-52H ဗုံးကြဲလေယာဉ် ၊ တောင်ကိုရီးယား KF-16 နဲ့ ဂျပန် F-2 ဖိုက်တာ စတဲ့လေယာဉ်အမျိုးအစားတွေ ပါဝင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ အခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ်အနီး မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တွေ ပထမဆုံးပျံသန်းလေ့ကျင့်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် သုံးနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ပူးပေါင်းကာကွယ်တုံ့ပြန်ဖို့ အတူတကွလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ဖော်ပြပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ သုံးနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေ ပုံမှန်အစည်းအဝေးကျင်းပပြီး ဒေသတွင်းလုံခြုံရေးအခြေအနေနဲ့ သုံးနိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်တဲ့နည်းလမ်းတွေကို ဆွေးနွေးနေစဉ်အတွင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကလည်း တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ ပူးပေါင်းလေကြောင်းလေ့ကျင့်ခဲ့ကြပြီး သမ္မတသစ် လီဂျဲမြောင်အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။
Ref – thepeninsulaqatar
#တောင်ကိုရီးယား #အမေရိကန် #ဂျပန် #ပူးတွဲစစ်ရေးလေ့ကျင့်
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH