“အိမ်ကြီးအိမ်ကောင်းတွေ မပျက်စီးချင်ရင် သူ့အမိန့်ကိုနာခံဆိုတဲ့သဘောနဲ့ ခြိမ်ခြောက်တာ” လို့ လက် သမားကျေးရွာမှာ နေထိုင်သူက DNA ကို ပြောပါတယ်။
၇၊ဇူလိုင်လ။
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ် ၊ လက်သမားကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာခံတွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းကို အသိပေးအကြောင်းကြားခြင်းမရှိပဲ ရွာကနေ ထွက်ပြေးတိမ်းရှောင်မယ်ဆိုရင် နေအိမ်တွေကို ချိတ်ပိတ်ပစ်မယ်လို့ ရပ်ကျေးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
“အိမ်ကြီးအိမ်ကောင်းတွေ မပျက်စီးချင်ရင် သူ့အမိန့်ကိုနာခံဆိုတဲ့သဘောနဲ့ ခြိမ်ခြောက်တာ” လို့ လက် သမားကျေးရွာမှာ နေထိုင်သူက DNA ကို ပြောပါတယ်။ ဇူလိုင်လ ၃ ရက်က စစ်မှုထမ်းကိစ္စနဲ့ ပြုလုပ်တဲ့ ရပ် ကျေးအစည်းအဝေးမှာ အုပ်ချုပ်ရေးမှူး မင်းလေး(ခ) အောင်တင်မင်းက ပြောဆိုခဲ့တာပါ။
လက်သမားကျေးရွာဆိုတာက လေးမျက်နှာမြို့နယ် ၊ အိုင်သပြုတိုက်နယ်ရွာနဲ့ ကပ်လျပ်တည်ရှိပြီးတော့ တိုက်ပွဲ ဖြစ်ပေါ်နေတဲ့ နေရာတွေနဲ့ ငဝန်မြစ် တဖက်ကမ်းမှာ ရှိနေပြီး ၇ မိုင်ခန့်သာ ကွာဝေးပါတယ် ။ တိုက်ပွဲနဲ့ နီးကပ်နေတဲ့ ဒီကျေးရွာမှာ စစ်မှုထမ်းစုဆောင်းမှုတွေလည်း ရှိနေတာကြောင့် ဒေသခံအချို့ဟာ နေအိမ်တွေကို စွန့်ခွာနေကြပါတယ်။
“ပြောသေးတယ် … ဗုံးခိုကျင်းတူးထားတဲ့လူတွေပေါ့နော်။ အထက်ကလာစစ်လို့မိရင် သူတာဝန်မယူဘူး။ အာမခံပြီး မလိုက်ပေးဘူးပေါ့နော်။ ဒါကြောင့် တူးတဲ့ဗုံးခိုကျင်းတွေကို အထက်ကလာစစ်မှာကြောင့် မြေ ကြီးပြန်ိဖု့ထားဖို့ ခြိမ်းခြောက်တာပေါ့နော်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့ပြင် ငဝန်မြစ်တဖက်ကမ်းကို ရောက်ရှိနေ AA နဲ့ PDF တွေဟာ ဒီဘက်ကမ်း (လက်သမားရွာ)ကို ရောက်ရှိလာခဲ့ရင် မျှော်နေသူတွေကော ၊ မမျှော်သူတွေကိုပါ သက်ပစ်မှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူးက သူရဲ့ ဦးဆောင်မှုနောက်ကိုလိုက်ဖို့ လိုက်လံစည်းရုံးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်သမားကျေးရွာ အုပ်ချုပ်ရေးမှူး မင်းလေး(ခ)အောင်တင်မင်းက သူခေါ်ဆိုတဲ့အစည်းအဝေးကို ကျေးရွာထဲက အမျိုးသားတွေ တက်ရောက်ခြင်းမရှိဘဲ အမျိုးသမီးတွေသာ တက်ရောက်လာတဲ့အပေါ် ကျေနပ်မှုမရှိခဲ့ဘူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။
အပိုင်သုံးခုနဲ့ ဖွဲ့စည်းထားတဲ့ လက်သမားကျေးရွာမှာ တပိုင်ကို စစ်မှုထမ်းငှားရမ်းဖို့အတွက် ကျပ်သိန်း ၄၀ စုစည်းပေးရမယ်လို့လည်း အုပ်ချုပ်ရေးမှူး မင်းလေး အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံခြားရောက် နေတဲ့လူတွေဆိုရင် ၁ သိန်း ၂ သောင်း ပေးရမယ်လို့လည်း သက်မှတ်ထားပါတယ်။
လက်သမားကျေးရွာ အုပ်ချုပ်ရေးမှူးဟာ သေနက်ကိုင်ဆောင်ထားတယ်လို့လည်း ဒေသခံတွေကပြော ပါတယ်။ တခါတရံ ညဘက်တွေမှာ တပ်လှန့်တဲ့သဘောနဲ့ သေနက်ပစ်ဖောက်ပြီးတော့ ခြောက်လှန့်တာမျိုးလည်း လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရဲပြုတ် မင်းလေးက အရမ်းလူပါးဝတယ်။ အာဏာမသိမ်းခင်ကတည်းက တဲသာသာအိမ်လေးမှာ အရက် ရောင်းစားတာ။ အုပ်ချုပ်ရေးမှူး လည်းဖြစ်ရော တိုက်ကြီးနဲ့ ၊ ဂိုဒေါင်ကြီးနဲ့ ၊ ကားက နှစ်စီး ၊ ဆိုင်ကယ် တွေလည်းပေါ။ မိန်းမဆိုလည်း ရွှေတွေကိုသီးနေတာ” လို့ လက်သမားကျေးရွာသားတဦးက ပြောပါတယ်။