လေးမျက်နှာမြို့နယ် ၊ ခြုံတောင်စေတီတောင်ကြောကို လေယာဉ်နဲ့ ဗုံးကြဲ

 

ဧပြီ ၁၀

ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့ နယ်ထဲက ချင်းလယ်ရွာ အနီးဝန်းကျင်နဲ့ ခြုံတောင် စေတီ တောင်ကြောမှာ ဧပြီလ ၁၀ရက် ဒီနေ့ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေ ကြောင်း တိုက်ခိုက်တာတွေ လုပ်သွားတယ်လို့ ချင်းလယ်ရွာ အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

“ချင်းလယ်ဘက်မှာ ဖိုက်တာနဲ့ ဆော်နေပြီ၊အတော် ကြမ်းတယ်”လို့ ဆိုပါတယ်။ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ရခိုင်ရိုးမ တောင်ခြေနဲ့ ပုသိမ်-မုံရွာလမ်း အကြားက ကျေးရွာတွေကို စိုးမိုးမှု ရရှိထားတဲ့ အတွက် စစ်ကောင်စီဘက်က အခုလို လေကြောင်းတိုက်ခိုက်မှု့တွေ နေ့စဉ် ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ညနေ လာရောက် ပစ်ခတ်မှုမှာ ထိခိုက်ပျက်စီး ဆုံးရှုံးမှု ရှိမရှိ အတည်မပြုနိုင်သေးပဲ ဒေသခံတွေရဲ့ ပြောကြားချက်အရ ရွာဧရိယာ အနီးက တောင် ကြောတွေပေါ် ကိုလာပစ်တာလို့ ဆိုပါတယ်။

“ခြုံတောင်စေတီဘက် ၂ လုံးကျတယ် ။ ချင်းလယ် နဲ့က လေးငါးမိုင်ပဲ ဝေးတာ လှမ်းမြင်နေရတယ်”လို့ ပြောပါတယ်။လေးမျက်နှာ မြို့နယ်အတွင်းက ဒေ သခံတချို့ကို ဆက်သွယ်မေးမြန်းရာမှာလည်း ည နေ ၄ နာရီ ဝန်းကျင် ချင်းလယ်ဘက်မှာ လေယာဉ် သံတွေ ပစ်ခတ်သံတွေ ကြားရတယ်လို့ ပြောပါတယ်။

ပုသိမ်-မုံရွာ ကားလမ်းမဟာ ဧရာဝတီတိုင်းအတွင်းမှာ ရခိုင်ရိုးမနဲ့ အပြိုင် တောင်ကနေ မြောက်ဘက် အထိ ပုသိမ်မြို့နယ် ၊ ရေကြည်မြို့နယ်၊ လေးမျက် နှာမြို့နယ်၊ အင်္ဂပူမြို့နယ်ကနေ ထူးကြီး၊အင်ပင်၊မြန်အောင်၊ ကြံခင်းမြို့ ဧရိယာတွေကို ဖြတ်ပြီး ပဲခူးတိုင်းကနေတဆင့် စစ်ကိုင်းတိုင်း မုံရွာအထိ ဆက် သွယ်ထားတဲ့ အရေးကြီးတဲ့ လမ်းမကြီး တခုဖြစ်ပါတယ်။ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ် အဆုံး ဂွမြို့ကို သိမ်းပိုက်ပြီးနောက် မှာ ဧရာဝတီတိုင်း ဧရိယာအတွင်းကို ဝင်ရောက်လာပြီး စစ်ရေးအရ အရေးကြီးတဲ့ ပုသိမ်-မုံရွာ ကားလမ်းမကြီးကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒေသခံတွေ့ရဲ့ အတည်ပြုချက်အရ စစ်ကောင်စီဟာ မတ်လ လယ်လောက်က စပြီး ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါ်မှာ ငသိုင်းချောင်း နဲ့ ကွင်းကောက်အကြား ရေကြည်မြို့နယ် နဲ့ လေးမျက်နှာမြို့နယ် ဧရိယာတွေအတွင်း တပ်ရွှေ့တာ ၊ ထောက် ပို့တာတွေ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။