ဧရာဝတီတိုင်းဖက်ကိုစစ်ယာဉ်တန်းတွေစေလွှတ်နေ

ဧပြီ ၇

ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းဖက်ကို စစ်ကောင်
စီတပ်က စစ်အင်အား တွေ တိုးချဲ့စေလွတ်နေတာ တွေ့မြင်နေရတယ်လို့ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကို မြင်တွေ့ခဲ့ရသူက DNA ကိုပြောပါတယ်။

ဧပြီလ ၆ ရက်ညနေပိုင်းက ထောက်ပို့တပ်တွေမှာအသုံးပြုတဲ့ စစ်ကား ၁၀စီးလောက် ကို ရန်ကုန် – ပုသိမ်လမ်းမ ပေါ်မှာ စစ်သားအပြည့်တင်ဆောင်ပြီး ဖြတ်သန်းသွားတာ တွေ့မြင်ရတယ် သူကပြောပါတယ်။ ဒါ့အပြင် ဧပြီလ ၇ ရက်နေ့ကလည်း နောက် ထပ် ကား ၁၀ စီးလောက်ဖြတ်သန်းသွားတာကို တွေ့မြင်ရတယ်လို့ သူကဆက် ပြောပါတယ်။

စစ်ယာဉ်တန်းတွေမှာ လိုက်ပါလာတဲ့ စစ်သားတွေကတော့ စစ်ကောင်စီစုဆောင်းထားတဲ့ စစ်သားအ သစ်တွေ ဖြစ်နိုင်တယ်လို့လည်း မျက်မြင်တွေ့ရှိသူကပြောပါတယ်။
တစီးကို အယောက် ၅၀ လောက် တော့ပါမယ်။ အပြည့်အသိပ်ပဲ လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီက ဘယ်ဒေသ၊ဘယ်မြို့ကို စစ်အင်
အားတွေ တိုးချဲ့စေလွတ်နေတယ်ဆိုတာမသိရပေမယ့်လည်း အင်အားဖြည့်တင်းနေတဲ့ စစ်ယာဉ်တန်းတွေကတော့ ပုသိမ်မြို့ဖက်ကို ဦးတည်ပြီး သွား ရောက် နေတာပါ။ စစ် ကောင်စီဟာ ဖေဖော်ဝါရီလ ၃ ရက်ကလည်း အင်အား ၂၀၀ လောက်ကို စစ်ကား ၈ စီးလောက်နဲ့ ရန်ကုန် တိုင်းဘက်ကနေ ဧရာဝတီ တိုင်းဘက်ကို ပို့ဆောင်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်ကစတင်ပြီး စစ်မှုဌာန်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကိုစစ်မှု ထမ်းစေခဲ့တာပါ။ ရန်ကုန်တိုင်းမှာဆိုရင်တော့ စစ်မှု ထမ်းလူငယ်တွေကို လှည်းကူးမြို့နယ်နဲ့ မှော်ဘီမြို့နယ်မှာသင်တန်း ပေးခဲ့တာပါ။ သင်တန်းဆင်းလာတဲ့ လူငယ်တွေကိုတော့ တနိုင်ငံလုံးအနှံ့ကိုပို့ ဆောင်ပြီး တာဝန်ထမ်း ဆောင်စေတယ်လို့လည်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းမှာတော့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ဇန်နဝါရီလဆန်းပိုင်းကစလို့တိုက်ပွဲ တွေ စတင်ဖြစ်ပွားခဲ့တာပါ။ အာရက္ခတော််(AA) က ဧရာဝတီအစပ် ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် ပုသိမ်၊ရေကြည်၊သာပေါင်း၊ လေးမျက်နှာစတဲ့မြို့နယ်တွေကို မဟာမိတ် တွေနဲ့အတူထိုး စစ်ဆင်လာပြီး စစ်ကောင်စီတပ်စခန်းတ ချို့ကိုလည်း သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

ဧရာဝတီဖက်ကို သွားတဲ့စစ်ယဥ်တန်းတွေကို မြင် တွေ့ခဲ့တဲ့ ရန်ကုန်ဒေသခံတဦးကလည်း DNAကိုအခုလိုပြောပြပါတယ်။

“ အများစုကစစ်မူထမ်းဆင်းတွေဖြစ်မယ်၊ ကားတွေရဲ့နောက်ဆုံးမှာတော့ လက်နက်အပြည့်နဲ့စစ် သားခြောက်ယောက်လောက်ကအစောင့်လို့ပါတာ”