မတ်လ ၃၀
ထိုင်းနိုင်ငံရဲ့ Thai National Telecom ကနေ မြန်မာနိုင်ငံကို ဒီလ ၃၁ ရက်နေ့ မနက်ဖြန်အထိ ဖုန်းအခမဲ့ခေါ်ဆိုနိုင်ဖို့ စီစဉ်ပေးထားတယ်ဆိုတဲ့ အစီအစဉ်ကို မတ်လ ၃၀ ရက်နေ့ ဒီကနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ကစလို့ အသုံးပြုလို့ မရတော့ဘူးလို့ ထိုင်းရောက်မြန်မာတွေဆီက သိရပါတယ်။
DNA က ဝန်ထမ်းတချို့ကိုယ်တိုင်လည်း စမ်းသပ် ခေါ်ဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် ကြေညာထားမှုအတိုင်း ခေါ်ဆိုနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒီလို ခေါ်ဆိုလို့မရတာကြောင့် ဒီသတင်းဟာ သတင်းမှားဖြစ်တယ်လို့ ယူဆနေကြသူတွေရှိပေမယ့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ခေါ်ဆိုမှုများပြားလွန်းတာကြောင့် တယ်လီကွန်းရဲ့ ဆာဗာဒေါင်းသွားတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Thai National Telecom ဘက်ကတော့ ဖုန်းအခမဲ့ခေါ်ဆိုနိုင်ပြီဆိုတဲ့ ကြေညာချက်နောက်မှာ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ တစုံတရာထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။