ငါးသိုင်းချောင်းမှာ လက်နက်ကြီးပစ်ခတ်သံတွေနေ့စဉ်ကြားရလို့ ဒေသခံတွေစိုးရိမ်နေ

Photo – social media (ပုံဟောင်း)ီး

ဖေဖော်ဝါရီ ၊ ၁၂

အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ဂွမြို့နယ်နဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်း အစပ်ဒေသ တွေမှာ လက်နက်ကြီးပစ်ခတ်သံတွေ နေ့စဉ်ကြားနေရတာကြောင့် တိုက်ပွဲတွေရောက်လာမှာကိုစိုးရိမ်ပြီး ဘေး လွတ်ရာရှောင်ဖို့၊လက်နက်ကြီး၊လေကြောင်းဒဏ်ခံနိုင်ဖို့ကြိုတင်ပြင်ဆင်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်နက်ကြီးသံတွေကို ဖေဖော်ဝါရီလ ပထမအပတ်ကစတင်ပြီး ဒီကနေ့အထိနေ့စဉ်ရက်ဆက် ကြားနေရတာလို့ ငါးသိုင်းချောင်း ဒေသခံတဦးကပြောပါတယ်။

“AA တွေတက်လာမှာကြောက်လို့ သူတို့ (စစ်ကောင်စီတပ်)တွေ ကာပစ်နေတယ်လို့ထင်တာပဲ”လို့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ အဲ့ဒီဒေသခံက သူ့အမြင်ကိုပြောပါတယ်။

ဒီလိုလက်နက်ကြီးသံတွေ နေ့စဉ်ကြားနေရတာကြောင့် ငါးသိုင်းချောင်းဒေသခံတွေထဲက ငွေကြေးတတ်နိုင်သူ တ ချို့ ရန်ကုန်မြို့မှာ တိုက်ခန်းကြိုတင်ငှားရမ်းထားတာ၊နေအိမ်ခြံဝန်းတွေထဲလေကြောင်းနဲ့ လက်နက်ကြီး ဒဏ်ခံ နိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေလုပ်နေကြတာလို့ဆိုပါတယ်။

“ပြောင်းတာ ၊ ရွှေ့တာတွေတော့ မမြင်ရသေးဘူး” လို့ အထက်ပါ ငါးသိုင်းချောင်းဒေသခံက ဆက်ပြောပါတယ်။

ဒေသခံတွေအနေနဲ့ အခုလို ကြိုတင်ပြင်ဆင်တာတွေလုပ်နေကြပေမယ့် စစ်ကောင်စီကတော့ ရခိုင်-ဧရာဝတီအစပ် တလျှောက် ဒေသခံတွေကို နေရပ်စွန့်ခွာတိမ်းရှောင်တာမလုပ်ဖို့၊ပုန်းခိုကျင်းတွေ မတူးဖို့ စတဲ့ခြိမ်းခြောက်ဖိ အား ပေးမှုတွေလုပ်နေပါတယ်။

လက်ရှိမှာ ငါးသိုင်းချောင်းဒေသအတွင်းလက်နက်ကြီးပစ်ခတ်သံတွေ နေ့စဉ်ကြားနေရပေမယ့်လက်ရှိ ဂွ-ငါးသိုင်း ချောင်းလမ်းပိုင်း ဧရာဝတီတိုင်းဘက်ခြမ်းမှာတော့ ထိတွေ့တိုက်ပွဲဖြစ်နေတာမျိုးမရှိသေးဘူးလို့လည်း ဒေသခံ တွေဆီကသိရပါတယ်။

ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေကိုဦးဆောင်နေတဲ့ အာရက္ခတပ်တော် AA ရဲ့ ဇန်နဝါရီလအတွင်းသတင်းထုတ်ပြန်ချက်တွေအရတော့ ပုသိမ်၊သာပေါင်းနဲ့ ရေကြည်မြို့နယ်တွေထဲက ရခိုင်-ဧရာ ဝတီအစပ် ဒေသတွေမှာ နှစ်ဖက်တိုက်ပွဲတွေရှိနေတယ်လို့ နားလည်ရပါတယ်။

ပုသိမ် မုံရွာလမ်းနဲ့ချိတ်ဆက်နေပြီး ရခိုင်ပြည်နယ်ဘက်ကနေ ဧရာဝတီတိုင်းဘက် ထွက်ပေါက်တခုဖြစ်တဲ့ ဂွ-ငါးသိုင်းချောင်းလမ်းကိုတော့ စစ်ကောင်စီက ဂွမြို့လက်လွှတ်ရပြီးနောက် စက်သုံးဆီနဲ့ စားသောက်ကုန်သယ် ယူခွင့် တင်းကြပ်လိုက်တာကလွဲလို့လက်ရှိအထိ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ ဂွမြို့ဟာ ငါးသိုင်းချောင်းမြို့နဲ့ ၃၅မိုင်ဝန်းကျင်လောက်သာ ဝေးပြီး လက်ရှိနှစ်ဖက်တိုက်ပွဲဖြစ်ရာ နေရာတွေကတော့ အဲ့ဒီထက်ပိုနီးကပ်နိုင်ပါတယ်။ဂွ-ငါးသိုင်းချောင်း လမ်း ပေါ်က ရေနံ့သာစစ်ဆေးရေးဂိတ်အနီးမှာတော့ စစ်ကောင်စီက လက်နက်ကြီးတွေပါ အထိုင်ချထားတဲ့ တပ်ဖွဲ့ တချို့ အထိုင်ချတပ်စွဲထားတာရှိပါတယ်။

ရခိုင်ပြည်နယ်တောင်အစွန်ဆုံးဖြစ်တဲ့ ဂွမြို့ကို ၂၀၂၄  နှစ်ကုန်ပိုင်းမှာ AAက အပြီးသတ် သိမ်းပိုက်ခဲ့တဲ့နောက် စစ် ကောင်စီဟာ ရေကြည်မြို့နယ်အပိုင်ထဲမှာရှိတဲ့ အမြှောက်တပ် ၃၄၄ ကို လုံခြုံရေးအဆင့်မြှင်တင်ခဲ့တဲ့အပြင် ရေ ကြည်မြို့နယ်၊ကုန်းပြင်ကျေးရွာအုပ်စုထဲမှာလည်း ရဟက်ယာဉ်ကွင်းတခုကိုအရေးပေါ် တည်ဆောက်ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။