အီနိုင်းမှာ TNLA တပ်တွေနဲ့ MNDAA တပ်တွေရှိတဲ့နေရာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းမှား

အောက်တိုဘာလ ၁၅ရက်

(Fact Check) Delta News Agency/ The Red Flag

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာမှာ TNLA တပ်တွေနဲ့ MNDAA တပ်တွေ ခိုအောင်းနေလို့ ဗုံးကြဲခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီသတင်းမှားကို မှိုင်းဝေ တယ်လီဂရန်ချန်နယ်က မနေ့က နေ့လည် ၁၁ နာရီဝန်းကျင်မှာ “ရှမ်းမြောက်ရှိ အကြမ်းဖက် TNLA နှင့် MNDAA အဖွဲ့များ ခိုအောင်းရာ အီနိုင်းအား ဗုံးကြဲချေမှုန်း။”(မူရင်းစာသားအတိုင်း) ရေးသားဖြန့်ဝေထားပြီး ကြည့်ရှုသူ တသောင်းကိုးထောင်ဝန်းကျင်အထိ ပျံ့နှံ့နေကာ တခြားချန်နယ်တွေက လည်း ပြန်လည်မျှဝေနေကြတာကို တွေ့ရှိရပါတယ်။

 

ဒါ့အပြင် အဲဒီသတင်းမှားကို Snow Queen ချန်နယ်ကလည်း ဗုံးအကြဲခံရပြီးတဲ့နောက် ခရစ်ယာန်ဘုရား ကျောင်း အဆောက်အဦတွေနဲ့ လူနေအိမ်အချို့ ပျက်ဆီးထိခိုက်ထားတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး “ မြှားနဲ့ ပြထားတာလေးကအသက်‌နော်။👌”(မူရင်းအတိုင်း) အဆောက်အဦရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ထုတ် ပြက္ခဒိန်ကို မြှားပြထားပြီး ဖြန့်ဝေထားကာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။

 

 

အဲဒီသတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team က စစ်ဆေးကြည့်တဲ့အခါ  စစ်ကောင်စီက TNLA တပ်တွေနဲ့ MNDAA တပ်တွေရှိနေတဲ့ နေရာကို ဗုံးကြဲခဲ့ တယ်ဆိုတဲ့အကြောင်းအရာဟာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

☑️ သတင်းစိစစ်ချက်

 

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၁၃ ရက် ည ၁၂ နာရီဝန်းကျင်မှာ လားရှိုးမြို့အနီးမှာရှိတဲ့ အီနိုင်း ရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးအပါဝင် စုစုပေါင်း ဗုံး ၇ လုံးကြဲချခဲ့လို့ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း တကျောင်း၊ ဘုရားကျောင်းဝန်းအတွင်းမှာရှိတဲ့ ခန်းမတခုနဲ့ လက်ရှိဖွင့်နေဆဲဖြစ်တဲ့ မူကြိုကျောင်းတ ကျောင်း ပျက်ဆီးဆုံးရှုံးခဲ့ပေမယ့် စစ်ကောင်စီလော်ဘီချန်နယ်တွေက TNLA တပ်တွေနဲ့ MNDAA တပ်တွေရှိလို့ ဗုံးကြဲခဲ့တယ်လို့ သတင်းမှားဖြန့်ဝေထားတာပါ။

 

စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ ဦးသေဆုံးခဲ့ရပြီး ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို People’s Spring သတင်းဌာနက ရေးသားထားတာကို ဒီနေရာ မှာကြည့်ပါ။

 

စစ်ကောင်စီက တိုက်ခိုက်ခဲ့လို့ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတကျောင်း၊ ဘုရားကျောင်းဝန်း အတွင်းမှာရှိတဲ့ ခန်းမတခုနဲ့ လက်ရှိဖွင့်နေဆဲဖြစ်တဲ့ မူကြိုကျောင်းတကျောင်း ပျက်ဆီးဆုံးရှုံးခဲ့တယ် ဆိုတဲ့အကြောင်းကို MeKong News က ရေးသားဖော်ပြထားတာကို ဒီနေရာ မှာ ကြည့်ပါ။

 

စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်ကနေ စက်တင်ဘာလ ၁၄ ရက်အတွင်း လားရှိုးမြို့နယ်ထဲကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ၁၄ ကြိမ်ပြုလုပ်ခဲ့ပြီး လားရှိုးမြို့အနီးမှာရှိတဲ့ လာမွန်ကျေးရွာနဲ့ အီနိုင်း ကျေးရွာကို ၂ ရွာကို လေကြောင်းကနေ ဗုံးကြဲချခဲ့လို့ အရပ်သား ၁၈ ဦးသေဆုံးခဲ့ပြီး အယောက် ၄၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်အဆောက်အဦ၊ စျေးဆိုင်ခန်းတွေနဲ့ဟော်တယ် ၄ လုံး ထိခိုက်ပျက်ဆီးခဲ့ပြီး လားရှိုးမြို့ထွေအုပ်ရုံးနဲ့ လဝကအဆောက်အဦတွေလည်း ထိခိုက်ပျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်း The Kachin Sub-State Media ကရေးသားထားတာကို ဒီနေရာမှာ ဖတ်လို့ရပါတယ်။

 

☑️သုံးသပ်ချက်  

အီနိုင်းဟာ MNDAA ထိန်းချုပ်နယ်မှာ ရှိတာမှန်ပေမယ့် စစ်ကောင်စီက အရပ်သားပစ်မှတ်တွေဖြစ်တဲ့ မူကြိုကျောင်းနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ဗုံးကြဲခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာရှိတဲ့ ပြက္ခဒိန်ပုံကို အသုံးပြုပြီး လက်နက်ကိုင်တွေရှိတဲ့နေရာလို့လည်း လော်ဘီချန်နယ်တွေက လိမ်လည်ကာ ဖြန့်ဝေထားပါသေးတယ်။

ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း အီနိုင်းရွာမှာ TNLA တပ်တွေနဲ့ MNDAA တပ်တွေရှိတဲ့နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတာ လိမ်လည်ရေးသားဖြန့်ဝေထားတဲ့ သတင်းမှားတခုသာ ဖြစ်ပါတယ်။ 

အခုလိုလေကြောင်းတိုကိုက်ခိုက်မှုပြီးတိုင်းမှာ အရပ်သားထိခိုက်သေဆုံးမှုတွေကို တော်လှန်ရေးအဖွဲ့သား များ၊ တိုင်းရင်းသားအဖွဲ့များရှိတဲ့နေလို့ ရေးသားထားတဲ့ သတင်းအမှားတွေကို အချက်အလက်စစ်ဆေးထား တဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com)ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင် ပါတယ်။