လားရှိုးမှာ စစ်ကောင်စီသတင်းပေးအဖြစ် သတ်မှတ်ဖမ်းဆီးထားသူနှစ်ဆယ်ကျော်ရှိတယ်လို့ MNDAA ဆို

Photo – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး (ပုံစာ- ဗုံးကြဲတိုက်ခိုက်မှုတွေကြောင်းထိခိုက်ပျက်စီးထားတဲ့လားရှိုးမြို့တွင်းမြင်ကွင်းတချို့)

အောက်တိုဘာ၊ ၁၀

လားရှိုးမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေရှိလာချိန်ကစလို့ စစ်ကောင်စီ သ တင်းပေး(ဒလန်)အဖြစ် သတ်မှတ်ဖမ်းဆီးထားသူ နှစ်ဆယ်ကျော်ရှိတယ်လို့ ကိုးကန့်တပ် MNDAA က လား ရှိုးမြို့ ပြန်လည်ထူထောင်ရေးလူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်အသိပေးပါတယ်။

MNDAA နဲ့ TNLA တို့ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက် တိုက်ကြုံလာရတဲ့နောက် အင်တာနက်တွေဖြတ် တောက်ကာ လူငါးဆယ်လောက်ကို သတင်းပေးအဖြစ် သတ်မှတ်ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ စစ်အုပ်စုလော်ဘီ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝါဒဖြန့်ဖော်ပြမှုတွေရှိလာတဲ့နောက် ကိုးကန့်တပ်ဘက်က အခုလိုတုံ့ပြန်ရှင်း လင်း လာတာပါ။

အမေး-အဖြေပုံစံမျိုးနဲ့ ဖော်ပြလာတဲ့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးလူမှုကွန်ရက်စာမျက်နှာရဲ့ ဖော်ပြချက်မှာ တော့ လက်ရှိအချိန်အထိ သတင်းပေးအဖြစ်သတ်မှတ်ဖမ်းဆီးထားသူတွေကို သေဒဏ်ပေးတဲ့အထိ ပြစ်ဒဏ်ချမှတ် တာမရှိသေးဘဲ ယာယီဖမ်းဆီးထိန်းသိမ်းထားဆဲပဲလို့ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ သတင်းပေးတွေကြောင့် ဖြစ်ရနိုင်ချေများတယ်လို့ ယူဆ ထားတယ်လို့လည်း ဆိုပါတယ်။ဒါပေမဲ့ ဖမ်းဆီးခံရသူတွေကိုစစ်ဆေးပြီးနောက် အပြစ်မရှိသူတွေကိုတော့ ပြန် လွှတ်ပေးတယ်လို့လည်း ဆက်လက်ဖော်ပြပါတယ်။

အဲဒီသတင်းပေးဆိုသူတွေကိုဖမ်းဆီးတာနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ သတင်းပေးမှုတွေကိုအခြေခံကာ စုံစမ်းစစ် ဆေးရေးအဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။လားရှိုးမြို့နေ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ သ တင်းပေးတွေနဲ့ပတ်သက်ပြီး သံသယရှိရင်၊ကြား./သိရင်တာဝန်ရှိသူတွေဆီ သတင်းပေးတိုင်ကြားဖို့လည်း ဆက် လက်ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့တခုလုံးကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း MNDAA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆက်လက်ထိန်းချုပ်ထားတာ နှစ်လလောက်ရှိလာပေ မယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုုတွေ နေ့စဉ်နီးပါးပြုလုပ်နေဆဲဖြစ်ပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့မှာ သေဆုံးသူကိုးဦးရှိပြီး ဒဏ်ရာရသူ ငါးဆယ်ကျော်အထိ ရှိနေတယ်လို့ MNDAA ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လားရှိုမြို့အပြင် MNDAA နဲ့မဟာမိတ်တပ်တွေ ထိန်းချုပ်ရာ ဒေသတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုတွေရှိလာတဲ့နောက် အဲ့ဒီဒေသတွေမှာ အင်တာနက်ဆက်သွယ်ရေးအတွက် အသုံးပြုနေကြတဲ့ Star Link ဂြိုလ်တုအင်တာနက်တွေကို အခုလဆန်းကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေကဘက်က အသုံးပြုခွင့်ပိတ်ပင်ခဲ့ပါ တယ်။

ဒီလိုပိတ်ပင်ခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကတော့ ဆက်ရှီနေဆဲဖြစ်ပြီး ဒီကနေ့ မနက်အစောပိုင်း နှစ် နာရီခွဲလောက်ကလည်း သိန္နီမြို့နယ် မန်ချက်ကျေးရွာထဲကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ လူငါးဦး ဒဏ် ရာရခဲ့တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးစာမျက်နှာကဖော်ပြပါတယ်။