အရာတော်မှာ စစ်ကောင်စီထောက်လှမ်းရေးဒရုန်းတစင်းကို တော်လှန်ရေးတပ်တွေရရှိ

Photo – အရာတော်ပို့စ်

စက်တင်ဘာ၊ ၄

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောက်စီရဲ့ ထောက်လှမ်းရေးဒရုန်းတစင်းပျက်ကျလာပြီး တော်လှန်ရေး အင်အားစုတွေက ရရှိသိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီထောက်လှမ်းရေးဒရုန်းဟာ ဒီကနေ့ အရာတော်မြို့နယ်အတွင်း ဖြတ်ကျောက်ပျံသန်းပြီး ထောက်လှမ်းမှုလုပ် နေချိန် ပျက်ကျလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းလိုက်တာလို့ ဒေသတွင်းမြေပြင်အခြေ အနေတွေဖော်ပြနေတဲ့ အရာတော်ပို့စ်ကဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေတပ်စခန်းရှိရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခအခြေစိုက်တဲ့ မုံရွာမြို့နဲ့ မိုင်းအနည်း ငယ်သာကွာပြီး နယ်မြေထိစပ်နေတဲ့ အရာတော်မြို့နယ်အတွင်းမှာ ထောက်လှမ်းရေးဒရုန်းတွေဖြတ်သန်းသွား လာတာကို မကြာခဏတွေ့ရလေ့ရှိတယ်လို့လည်း အရာတော်ပို့စ်ကဆိုပါတယ်။

စစ်လက်နက်ပစ္စည်းတွေအကြောင်း လေ့လာဖော်ပြနေသလို လက်ရှိနွေဦးတော်လှန်ရေးကာလ ပြည်တွင်းတိုက်ပွဲ တွေမှာ အသုံးပြုနေတဲ့ စစ်လက်နက်ပစ္စည်းတွေအကြောင်း ဖော်ပြပေးနေတဲ့ Tactical Raptor စာမျက်နှာက တော့ အဲ့ဒီထောက်လှမ်းရေးဒရုန်းဟာ တရုတ်နိုင်ငံထုတ် ဒရုန်းတစင်းဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်အခြေစိုက် AheadX ကုမ္ပဏီထုတ် QP537 eVTOL ဒရုန်းဖြစ်နိုင်ပြီး စစ်သုံးအဆင့် ထောက်လှမ်းရေးဒရုန်း အမျိုးအစား မဟုတ်ပေမယ့် ဈေးပေါတဲ့ အပျော်တမ်းအဆင့် ဒရုန်းလည်းမဟုတ်တဲ့ လုပ်ငန်းသုံးအဆင့် ဒရုန်းမျိုး ဖြစ်နိုင်တယ်လို့ Tactical Raptorက သုံးသပ်ထားပါတယ်။

ပျက်ကျခဲ့တဲ့ ဒရုန်းအမျိုးအစားဟာ တစင်းကို အမေရိကန်ဒေါ်လာ ၂၆၀၀၀ ဝန်းကျင် တန်ကြေးရှိနိုင်ပြီး လေထု အတွင်း ရှစ်နာရီလောက် ပျံသန်းနိုင်ကာ ၁၆၀ ကီလိုမီတာ (မိုင်တရာနီးပါး)လောက်အထိ ချိတ်ဆက်ပြီး ထိန်းချုပ် မောင်းနှင်နိုင်ကာ ဗုံးကြဲချနိုင်တဲ့အခြေအနေတော့မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ ကျယ်ပြန့်လာတဲ့နောက် တော် လှန်ရေးအင်အားစုတွေက ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ်စတင်အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဘက်ကလည်း ထောက်လှမ်းရေးအတွက်ရော၊တိုက်ခိုက်ရေးအတွက်ပါ ဒရုန်းအသုံးပြု တုံ့ပြန်မှုတွေလုပ်လာပြီး ဒေသအနှံ့က နှစ်ဖက်တိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ဒရုန်း တွေကို တော်လှန်ရေးတပ်တွေဘက်က သိမ်းဆည်းနိုင်တာမျိုးတွေလည်းရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီဒုံးတပ်ရင်းကို TNLA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ချိန်ကသိမ်းဆည်းရရှိတဲ့ စစ်လက်နက်ပစ္စည်းတွေထဲ ရုရှားနိုင်ငံထုတ် Orlan-10E ထောက်လှမ်းရေး ဒရုန်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

အဲ့ဒိလို ဒရုန်းတွေသိမ်းဆည်းရရှိကြောင်းကိုတော့ TNLA နဲ့ပူးပေါင်းတပ်တွေဘက်က ထုတ်ပြန်ချက်တွေမှာဖော်ပြ တာမတွေ့ရဘဲ စခန်းသိမ်းတိုက်ပွဲအပြီး ထုတ်ပြန်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ Tactical Raptor စာမျက်နှာ ကသုံးသပ်ဖော်ပြခဲ့တာဖြစ်ပါတယ်။